တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ တိုင်းလွှတ်တော်ဝန်ကြီးများအိမ်ရာအပါအဝင် နေရာ ၃ခုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။


ဇူလိုင်လ ၁၆ရက်နေ့ ည ၁၁နာရီခန့်က ထားဝယ်မြို့ရှိ တိုင်းလွှတ်တော်ဝန်ကြီးများအိမ်ရာ၊ နယ်စပ်ရေးရာဌာနရုံးနဲ့ ထားဝယ်-လောင်းလုံ ဆက်သွယ်ထားတဲ့ ကမြောကင်းတံတားအနီး ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်တို့ကို LLPDF နဲ့ ပူးပေါင်းအဖွဲ့က ၈၁မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် တိုင်းဝန်ကြီးများအိမ်ရာအတွင်းသို့ ၃လုံး၊ နယ်စပ်ရေးရာဌာနရုံးအတွင်းသို့ ၂လုံးနဲ့ ကမြောကင်းတံတားအနီး စစ်ကောင်စီတပ်များရှိရာဘက်သို့ ၄လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ LLPDF ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ထုတ်ပြန်ပြောဆိုထားပါတယ်။
ထိုတိုက်ခိုက်မှုဖြစ်စဉ်ကို လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)နဲ့ အထူးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပြီး စစ်ကောင်စီဘက် ထိခိုက်မှုကို စုံစမ်းဆဲဖြစ်တယ်လို့ ဖော်ပြထားချက်အရ သိရပါတယ်။
Era’sEye