နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်

1027 Operations

1027 Operations ပြည်တွင်းသတင်း

မြန်မာ့တပ်မတော်ရဲ့ “ ငါမသေငါ့စခန်းမကျစေရ” ဆောင်ပုဒ် သမိုင်းမှာကျန်ခဲ့ပြီလို့ ညီနောင် (၃) ဖွဲ့ပြော

ဒီဇင်ဘာလ (၁၈)ရက်။

မြန်မာ့တပ်မတော်ရဲ့ “ ငါမသေငါ့စခန်းမကျစေရ” ဆောင်ပုဒ်ဟာ သမိုင်းမှာကျန်ရစ်ခဲ့ပြီဖြစ်တယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ မနေ့ကညပိုင်းမှာ ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။

အဲ့ဒီဆောင်ပုဒ်ဟာ သမိုင်းမှာကျန်ရစ်ကာ “ ငါ့အသက်ကို ညီနောင်မဟာမိတ်(၃)ဖွဲ့က ဘယ်အချိန်လာယူမလဲ” ဆိုတဲ့ စိုးရိမ်ပူပန်တာတွေနဲ့အတူ ခုခံစစ်ကို စစ်ကူတွေမပါဘဲ ရင်ဆိုင်နေရတာ အားလုံးအသိဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့ကြောင့် တပ်မတော်သားတွေအနေနဲ့ အသက်မသေလိုပါက ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး ဝင်ရောက်ခိုလှုံကြဖို့ ထပ်မံတိုက်တွန်းထားကာ “ အသက်ကိုဉာဏ်စောင့်” ဆိုတာကိုလဲ စေတနာနဲ့ အသိပေးတယ်လို့ ညီနောင်(၃)ဖွဲ့က ပြောဆိုထားပါတယ်။

စစ်ကောင်စီအနေနဲ့ စခန်းတစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရတဲ့အတွက် ကျန်ရှိနေသေးတဲ့ စခန်းတွေကို ဆက်လက်အကျမခံနိုင်ဖို့ကိုသာ အဓိကထားပြီး ခုခံကာကွယ်နေရတယ်လို့ ဖော်ပြထားပါတယ်။

နှစ်ပေါင်း (၆၄)နှစ်ကြာအောင် စစ်အာဏာရှင် အုပ်ချုပ်ချယ်လှယ်တာကို ခံခဲ့ရတဲ့ တအာင်းစော်ဘွားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်တဲ့ နမ့်ဆန်မြို့ကို အခုအချိန်မှာ TNLA က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 37 Views
ဇန်နဝါရီလ (၁၂)ရက်။ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်လို့ ဒီကနေ့မှာကျရောက်တဲ့ (၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ TNLA ရဲ့ ထုတ်ပြန်ထာချက်အရ သိရပါတယ်။
1027 Operations မြန်မာသတင်း

တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ပြီး အောင်ပွဲရရယူဖို့ အချိန်ကောင်းလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 34 Views
ဇန်နဝါရီလ (၁၀)ရက်။ တော်လှန်ရေးအင်အားစုတွေအားလုံး စုပေါင်းရုန်းကန်ပြီး တော်လှန်ရေးအရှိန်မြှင့်တင်ကာ အောင်ပွဲရရှိဖို့ အချိန်အခါကောင်းလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
1027 Operations မြန်မာသတင်း

ပလောင်အလံမလွှင့်ရင် ထောင်ဒဏ်ချမယ်လို့ TNLA အမိန့်ထုတ်ပြန်ချက် ဒေသခံတွေ အခက်တွေ့နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 45 Views
ဇန်နဝါရီလ (၉)ရက်။ နမ္မတူမြို့ရှိ နေအိမ်တွေတိုင်း ပလောင်တော်လှန်ရေးနေ့အတွက် အလံမလွှင့်ထူရင် ငွေဒဏ်နဲ့ ထောင်ဒဏ်ချမှတ်မယ်ဆိုပြီး TNLA က အမိန့်ထုတ်ထားတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ ဒီလ (၁၂)ရက်နေ့မှာကျရောက်မယ့် ပလောင်တော်လှန်ရေးနေ့အတွက် အိမ်တွေမှာ ပလောင်အလံတွေ
1027 Operations မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက တစ်ရက်ထဲ ဗုံးအလုံး(၂၀)ခန့် ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 46 Views
ဇန်နဝါရီလ (၈)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီဝန်းကျင်ခန့်က မိုးကုတ်မြို့ကို စစ်ကောင်စီက တစ်ရက်ထဲ လေကြောင်းကနေ ဗုံးအလုံးရေ (၂၀)ခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၂)နာရီ
1027 Operations မြန်မာသတင်း

သိန်းနီမြို့မှာ KIA တပ်ဖွဲ့ဝင်တွေဆီကနေ MNDAA တပ်ဖွဲ့ဝင်တွေက လက်နက်ဖြုတ်သိမ်းတာတွေပြုလုပ်ခဲ့၊

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 93 Views
နှစ်ဖက်စစ်ရေးတင်းမာတာတွေနဲ့ တိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံ‌တွေ စိုးရိမ်နေကြရ ဒီဇင်ဘာလ (၂၆)ရက်။ ဒီဇင်ဘာလ (၂၄)ရက်နေ့ နေ့လယ် (၂)နာရီခန့်က သိန်းနီမြို့နယ်ရှိ နမ့်ဇလပ်တိုးဂိတ်မှာ KIA အရာရှိတစ်ဦးပါတဲ့ တပ်ဖွဲ့ဝင်တွေကို MNDAA က လက်နက်ဖြုတ်သိမ်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းစစ်‌ရေးသတင်းအရင်းအမြစ်တွေထံက
1027 Operations မြန်မာသတင်း

မိုးမိတ်မြို့မှာ တပ်စွဲထားတဲ့ KIA တပ်စခန်း ပြောင်းရွှေ့ဖို့ TNLA သတိပေးထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 110 Views
ဒီဇင်ဘာလ (၂၂)ရက်။ မိုးမိတ်မြို့ လယ်ကြီးရွာထဲ တပ်စွဲထားတဲ့ KIA တပ်စခန်းကို နေရာပြောင်းရွှေ့ပေးဖို့ TNLA ဘက်က သတိပေးအကြောင်းကြားထားတယ်လို့ ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ (၉)ရက်နဲ့ (၁၂)ရက်မှာ KIA ဘက်ကို TNLA
1027 Operations မြန်မာသတင်း

“ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းထဲ TNLA ရဲ့ ဗိုလ်လောင်းသင်တန်းသား (၁၂)ဦး တိုက်ပွဲမှာ ကျဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 102 Views
ဒီဇင်ဘာလ (၁၈)ရက်။ “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းမှာ ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဗိုလ်လောင်းသင်တန်းသား (၁၂)ဦး တိုက်ပွဲထဲ အသက်ပေးလှူခဲ့ရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဗိုလ်လောင်းသင်တန်းသားတွေဟာ အလုပ်သင်ဗိုလ်သင်တန်း(TAOT)ရဲ့ အပတ်စဉ် (၄)
1027 Operations မြန်မာသတင်း

နမ့်ခိုင်းတံတားအနီး MNDAA ကားတစ်စီးက အမျိုးသမီးတစ်ဦးကို ဝင်တိုက်မိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 103 Views
ဒီဇင်ဘာလ (၁၈)ရက်။ ဒီဇင်ဘာလ (၁၄)ရက်နေ့ နံနက် (၉)နာရီအချိန်က နမ့်ခိုင်းတံတားအနီးမှာ MNDAA ကားတစ်စီးက အမျိုးသမီးတစ်ဦးကို တိုက်မိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကွတ်ခိုင်နဲ့ မိုင်းယုလေးလမ်းခွဲကြား ဆက်သွယ်ထားတဲ့