နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 2 ရက်

အမေရိကန်

အမေရိကန် ဥရောပ

အိုးမဲ့ အိမ်မဲ့တစ်ဦးကို ကူညီခဲ့သည့် အမျိုးသမီးတစ်ဦးအားထောင်ဒဏ်ချမှတ်၊ ရန်ပုံငွေ ဒေါ်လာ လေးသိန်းကျော် အလွဲသုံးစားလုပ်မှုဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခြင်းဖြစ်

နယူးဂျာစီပြည်နယ်မှ အမျိုးသမီးတစ်ဦးသည် အိမ်ယာမဲ့တစ်ဦးအား ကူညီရန်အတွက် GoFundMe campaign ရန်ပုံငွေ ဒေါ်လာ ၄၀၀,၀၀၀ (၄သိန်းကျော်) ကျော်ကို အလွဲသုံးစားလုပ်မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက် နယူးဂျာစီပြည်နယ်တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသည်။

ကက်တလင် မက်ကလော်ရ် Caitlin McClure အသက် ၃၂ နှစ်ကို စီရင်ချက်ချလိုက်ပြီဟု ဘာလင်တန် (Burlington) ကောင်တီ အစိုးရရှေ့နေများက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ၎င်းသည် ဖြစ်ရပ်နှင့် ဆက်စပ်၍ ကွန်နက်တီကပ်ရှိ ဗဟိုအကျဉ်းထောင်တွင် အပြစ်ဒဏ်ချသည့်နေ့မှ ၁၂ လ၊ ၁ ရက် ပြစ်ဒဏ် ကျခံရမည် ဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် မက်ကလော်ရ် ကို အိုးမဲ့အိမ်မဲ့တစ်ဦးဖြစ်သည့် ဂျွန်နီဘော့ဘစ် (Johnny Bobbitt) သည် ဖီလစ်ဒဲဖီးယား (Philadelphia) ရှိ ပြည်နယ် အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင် သူမ၏ကားဓါတ်ဆီကုန် သွားခြင်းကြောင့် ရပ်တန့်နေရသည့်အဖြစ်မှ ကယ်တင်ခဲ့သည်ဟု ဆိုခဲ့သည်။ ဂျွန်နီ ဘော့ဘစ်သည် မက်ကလော်ရ် အတွက် ဓာတ်ဆီဝယ်ရန် သူ့တွင်ရှိသော ဒေါ်လာ ၂၀ ငွေသားအားလုံးကို ထုတ်ပေး၍ ကူညီခဲ့သည်ကို မက်ကလော်ရ်က “ ဇာတ်လမ်းကောင်း” တခု ဖန်တီး၍ ဆိုရှယ်မီဒီယာပေါ်တွင် ရေးတင်ခဲ့သည်။

မက်ကလော်ရ်နှင့် ထိုစဉ်က သူမ၏ချစ်သူ မက်ခ်ဒီမာကို (Mark D’Amico) သည် ဘော့ဘစ် ကို လမ်းများပေါ်မှ အိုးအိမ်မဲ့ဘဝမှ လွတ်မြောက်စေရန် မျှော်လင့်ချက်ဖြင့် ရန်ပုံငွေရှာသည့် ဝက်ဘ်ဆိုက် GoFundMe တွင် အလှူငွေများ စတင်စုဆောင်းခဲ့သည်။

ထိုဇာတ်လမ်းသည်လူမှုကွန်ရက်တွင် ပျံ့နှံ့သွားခဲ့ပြီး အလှူရှင် ၁၄,၀၀၀ ကျော် ပါဝင်လှူဒန်းခဲ့ကြပြီး နိုင်ငံလုံးဆိုင်ရာ ခေါင်းကြီးပိုင်းတွင် ထိုသတင်းသည် ပျံ့နှံ့သွားခဲ့ပါသည်။ တရားရုံးစာရွက်စာတမ်းများကို စစ်ဆေးချက်အရ လိမ်လည်သူများသည် သူတို့အလှူခံရငွေအတွက် အခွန်ငွေ ပေးဆောင်ပြီးနောက် ဒေါ်လာ ၃၆၇,၀၀၀ (၃သိန်း၆သောင်းကျော်) ဝန်းကျင် ရရှိခဲ့သည်။

ထိုစဉ်က ၎င်းတို့စုံတွဲသည် BMW ကား၊ လာ့စ်ဗီးဂတ်စ်သို့ နှစ်သစ်ကူးခရီး၊ ကာစီနိုလောင်းကစားခြင်းများ၊ Louis Vuitton လက်ကိုင်အိတ်များနှင့် အခြားပစ္စည်းများအတွက်အလှူငွေကို အလွဲသုံးစားလုပ် သုံးစွဲခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

အစိုးရရှေ့နေများအဆိုအရ ရန်ပုံငွေပွဲမှ ဒေါ်လာ ၇၅၀၀၀ ရရှိသော ဘော့ဘစ်သည် ဒီမာကိုနှင့် မက်ကလော်ရ်အား တရားမမှုဖြင့် တရားစွဲခဲ့ရာမှ လိမ်လည်မှုမှာ မကြာမီ လူသိရှင်ကြား ဖြစ်လာခဲ့သည်။ ဘော့ဘစ်သည် ပူးပေါင်း ကြံစည်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး ဆိုင်းငံ့ထောင်ဒဏ် ငါးနှစ် ချမှတ်ခံခဲ့ရသည်။ ဒီမာကိုသည် နယူးဂျာစီ တွင် ထောင်ဒဏ်ငါးနှစ် ချမှတ်ခံခဲ့ရသည်။

Source: CNN
ဓာတ်ပုံ။ CNN Website

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ အဓိပတိခေါင်းဆောင် အမေရိကန်-အစ္စရေး တိုက်ခိုက်မှုအတွင်း သေဆုံး

  • 2026 ခုနှစ်၊ မတ်လ 1 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက် အမေရိကန်နှင့် အစ္စရေးတို့၏ အကြီးအကျယ် တိုက်ခိုက်မှုအပြီးတွင် အမေရိကန်သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ကအီရန်ကိုစတိုက်ပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 22 Views
၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက် လတ်တလောသတင်းများ – အီရန်နိုင်ငံအတွင်းသို့ အမေရိကန်က ‘အရှိန်အဟုန်ပြင်းပြီး ဆက်တိုက်’ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ထရန့်ပြောကြားခဲ့။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က အီရန်ကို တိုက်ခိုက်နိုင်ခြေရှိ နေပြီး တီဟီရန်က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက် အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအင်အား တည်ဆောက်မှု သိသိသာသာ မြင့်တက်လာသည်နှင့်အမျှ၊ အီရန်နိုင်ငံသည်လည်း ၎င်း၏ နျူကလီးယား စခန်း များကို ခိုင်ခံ့အောင်ပြုလုပ်ခြင်းနှင့် ဒုံးကျည်ထုတ်လုပ်ရေးစက်ရုံများကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးက ဗျူဟာမြောက် ထိန်းကျောင်းပြီး အီရန်နှင့် ဖြစ်ပွားနိုင်သော စစ်ပွဲအတွက် ပြင်ဆင်ရင်း ထရမ့်နှင့် ပဋိပက္ခမဖြစ်အောင် ကြိုးပမ်းနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း (Gen. Dan Caine) သည် အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် စစ်ရေးရွေးချယ်စရာများကို မူကြမ်းရေးဆွဲနေစဉ်အတွင်း ကြည်း၊
မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 47 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို အမေရိကန် ပဲပုပ်ဖတ်တင်သွင်းတာ တိုးမြှင့်နိုင်ဖို့အတွက် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား လက်မှတ်ရေးထိုးပွဲကို မျက်မြင်တွေ့ကြုံခဲ့ရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ဝါရှင်တန်နှင့် တီဟီရန်တို့ ဆွေးနွေးမှုများ ပြန်လည်စတင်ချိန်တွင် နေတန်ရာဟုက အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် ကိစ္စရပ်များအား ထရန့်နှင့် ဆွေးနွေးမည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ရက် အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးမှုများ ပျက်ပြားသွားပါက အစ္စရေးအနေဖြင့် အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားသည့်အနေဖြင့်၊ ယခုသီတင်းပတ်အတွင်း ဝါရှင်တန်သို့ သွားရောက်မည့် ခရီးစဉ်အတွင်း အီရန်အပေါ် စစ်ရေးအရ အရေးယူနိုင်မည့် ရွေးချယ်စရာများကို သမ္မတ
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union) မှ မှတ်သားဖွယ်ရာများ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် သမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ ဒုတိယမြောက် သမ္မတသက်တမ်းအတွက် ပထမဆုံးသော နိုင်ငံတော်အခြေပြမိန့်ခွန်းကို အင်္ဂါနေ့ညက အမေရိကန် ကပ္ပီတိုလ်လွှတ်တော်တွင် ပြောကြားခဲ့သည်။ ၎င်း၏ အထူးအမှတ်အသားဖြစ်သော
နိုင်ငံတကာသတင်း အမေရိကန် အီရန်

တီဟီရန်တွင် ဆန္ဒပြပွဲသစ်များ ပြန်လည်ဖြစ်ပွား၊ အီရန်က အဘယ်ကြောင့် ‘အရှုံးမပေး’ သေးသည်ကို ထရမ့် သိလိုစိတ်ပြင်းပြနေဟု ဝစ်ကော့ဖ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် အီရန်မြို့တော် တီဟီရန်ရှိ တက္ကသိုလ်များတွင် ဆန္ဒပြပွဲများ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားနေစဉ်၊ အီရန်နိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ရန် အဘယ်ကြောင့် ယခုထက်ထိ “