ရန်ကုန်တွင် ဗကသ ကျောင်းသားများက မတ်လ ၁၈ ရက် ဒီကနေ့မှာ “ စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ၊ ပြည်သူ့ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြ” စစ်အာဏာ ရှင် ဆန့်ကျင်ရေး စာတန်း ချိတ်ဆွဲပြီး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုကို သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် သုံးခွမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ ကြတာ ဖြစ်ပါတယ်။