စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်သို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာ၍ ကျေးရွာများမှ ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ရေဦးမြို့နယ်မှ အင်အား ၉၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် ခင်ဦးမြို့နယ် အတွင်းသို့
ဧပြီ (၁၈) ရက်) မနက်ပိုင်းကစစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပါတယ်။
အဲဒီ စစ်ကြောင်းကြောင့် ခင်ဦးနယ်ရှိ အင်းပတ်၊ ရွာသစ်၊ ချမ်းသာကုန်း၊ အင်တိုင်းလေးတောင်ရွာနှင့် မြောက်ရွာ၊ သရက်ပင်စု၊ မြင်းဒေါင်းနှင့် မကျီးအုပ်ရွာများမှ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြရတာဖြစ်ပါတယ်။
Era’sEye/(ထွက်ပြေးတိမ်းရှောင်လာသော ခင်ဦးနယ်ဒေသခံများအား တွေ့ရစဉ်။ ဓာတ်ပုံ- CJ)