ရခိုင်ပြည်နယ်၊ ရသေ့တောင် နဲ့ မောင်တောအစပ်က ဘင်္ဂလားပင်လယ်အော်နဲ့ နီးကပ်နေတဲ့ ရွာ ၁၆ ရွာ မှာ အရေးပေါ် အကူညီထောက်ပံ့မှုတွေ အရေးတကြီး လိုအပ်နေတယ်လို့ လူမှု့ကူညီကယ်ဆယ်ရေးပရဟိတ အဖွဲ့တွေဆီက သိရှိရပါတယ်။
အဲဒီရွာတွေဟာ မိုခါမုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံးခံစားခဲ့ရတဲ့ရွာတွေ ဖြစ်ပါတယ်။
အိမ်ခြေနှစ်ရာဝန်းကျင်ရှိတဲ့ရွာဟာ တစ်ရွာလုံးပျက်စီးသွားခဲ့ပြီး ဆားငံရေတွေဝင်လို့ သောက်သုံးရေ အခက်အခဲ ကြုံနေရတယ်လို့ သိရပါတယ်။
အဲဒီရွာတွေထဲမှာ ဒုံးပိုက်ရွာက အဆိုးဆုံးခံစားခဲ့ရတာဖြစ်ပြီး လူ ၁၃ ယောက်သေဆုံးကာ အယောက် ၃၀ ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် ရွာလမ်းတလျှောက်မှာ လေပြင်းဒဏ်ကြောင့် သေဆုံးနေတဲ့ ကျွဲနွားအများအပြားလည်း ရှိနေတယ်လို့ သိရပါတယ်။
Era’sEyes /Photo CRD -Wai Htun Aung