ဆော်ဒီလိဂ်ဟာ အမေရိကန်မေဂျာလိဂ်ထက် ပိုကောင်းတဲ့ လိဂ်ပြိုင်ပွဲဖြစ်တယ်လို့ ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကို မက်ဆီပြောင်းရွှေ့ပြီး တစ်ရက်အကြာမှာပဲ စီရော်နယ်ဒိုက အခုလို နှိုင်းယှဉ်ပြောဆိုလိုက်တာပါ။
ရွှေဘောလုံးဆု ၇ ခုပိုင်ရှင် မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ဆော်ဒီကလပ်တွေရဲ့ ငွေပုံအောကမ်းလှမ်းခြင်းခံခဲ့ရပေမယ့် အဲဒီကမ်းလှမ်းမှုတွေကို ငြင်းပယ်ပြီး အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းတစိတ်တပိုင်း ပိုင်ဆိုင်ထားတဲ့ အင်တာမိုင်ယာမီအသင်းကို ပြောင်းရွှေ့ကစားဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မက်ဆီကို ပရိသတ်တွေနဲ့ တရားဝင်မိတ်ဆက်ပွဲကျင်းပပြီးနောက်မှာ စီရော်နယ်ဒိုက “ဆော်ဒီလိဂ်က မေဂျာလိဂ်ထက် အများကြီးပိုကောင်းပါတယ်။ တစ်နှစ်အတွင်း ဆော်ဒီလိဂ်ကို ထပ်တန်းကစားသမားတွေ အများအပြားပြောင်းလာကြတာ အထင်အရှားပဲ”လို့ ဆဲလ်တာဗီဂိုအသင်းနဲ့ အဲလ်နာဆာအသင်းတို့ ခြေစမ်းပွဲအပြီးမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။
အဲလ်နာဆာအသင်းမှာ တစ်နှစ်လုပ်ခလစာ ယူရိုသန်း ၂၀၀ နီးပါးရရှိနေတဲ့ စီရော်နယ်ဒိုက သူ့အနေနဲ့ ဥရောပကလပ်တွေဆီ ပြန်အခြေချမှာမဟုတ်ဘူးလို့လည်း ထုတ်ဖော်ပြောသွားခဲ့ပါတယ်။ အဲလ်နာဆာအသင်းကို စီရော်နယ်ဒိုပြောင်းရွှေ့သွားခဲ့ပြီးတဲ့နောက်မှာ ဘင်ဇီမာ၊ ကန်တီ၊ ကူလီဘာလေ၊ မန်ဒီ၊ ဖာမီနို စတဲ့ ထိပ်တန်းကစားသမားတွေလည်း ဆော်ဒီကလပ်တွေထံ အသီးသီးပြောင်းရွှေ့ကစားခဲ့ကြတာဖြစ်ပါတယ်။
Era’sEye\SportNews