နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

လက်နက်ခဲယမ်းနဲ့အတူ ပြည်သူ့ဘက်ပူးပေါင်းလာတဲ့ ရဲတပ်သားကို ဆုငွေ (၃၃)သိန်းကျပ်ချီးမြှင့်

လက်နက်ခဲယမ်းနဲ့အတူ ပြည်သူ့ဘက်ပူးပေါင်းလာတဲ့ ရဲတပ်သားတစ်ဦးကို ဂုဏ်ပြုဆုငွေ (၃၃)သိန်းကျပ် ချီးမြှင့်ခဲ့တယ်လို့ NUG ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ဒီကနေ့ ဩဂုတ်လ (၁၉)ရက်မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီရဲတပ်သားဟာ နေပြည်တော် အမှတ်(၁၇)ရဲတပ်ရင်းကဖြစ်ပြီး ဇူလိုင်လ (၁၇)ရက်နေ့က အမှတ်(၁)စစ်ဒေသ၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ အမှတ်(၁၁)တပ်ရင်းထံ ပူးပေါင်းလာခဲ့တာလို့ ဆိုပါတယ်။

ပြည်သူ့ဘက်ပူးပေါင်းလာတဲ့ ရဲတပ်သားဟာ MA-16 A1 တစ်လက်၊ ကျည်ဘောက်တစ်ခု၊ 5.56 ကျည် (၃၀)တောင့်နဲ့အတူ လာရောက်ခဲ့တာဖြစ်ပြီး ၎င်းကို လုံခြုံဘေးကင်းစွာ ထားရှိပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူ့ဘက် ရပ်တည်ကူးပြောင်းလိုခြင်း (သို့မဟုတ်) တပ်တွင်းသတင်းပေး(ဖရဲသီး)အဖြစ် ရပ်တည်လိုတဲ့ တပ်မတော်သားတွေအနေနဲ့ နီးစပ်ရာ PDF၊ တပ်ရင်းတွေ/စစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေအပြင် ပြည်သူ့ရင်ခွင်ခိုလှုံရေး Telegram Channel @MyanmarPeople သို့ ချိတ်ဆက် ဆောင်ရွက်နိုင်တယ်လို့ ‌ဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ဘက် ရပ်တည်ပူးပေါင်း လာတာတွေကို လက်ကမ်းကြိုဆိုနေမယ်လို့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

#Era’sEye \News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပေါင်းတည်မြို့မှာ အင်အားဖြည့်ဖို့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ တစ်ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 3 Views
နိုဝင်ဘာလ (၂)ရက်။ မနေ့က နံနက် (၁)နာရီခွဲအချိန်မှာ ပေါင်းတည်မြို့ သစ်ပုတ်တာဝါတိုင်က စစ်ကောင်စီအထိုင်စခန်းကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PPDF-၃၆၀၁
မြန်မာသတင်း

ပဲခူးမှာ စစ်ကောင်စီဗိုလ်မှူးတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဌာနထုတ်ပြ‌န်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 4 Views
‌နိုဝင်ဘာလ (၂)ရက်။ အောက်တိုဘာလ (၃၁)ရက်နေ့က ပဲခူးတိုင်းထဲက လမ်းပိုင်းတနေရာမှာ စစ်ကောင်စီရဲ့ ဗိုလ်မှူး ထိန်ထောက်ဆိုသူကို ဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ
1027 Operations မြန်မာသတင်း

ကိုးကန့်ဒေသ စစ်ကောင်စီရဲ့ လေကြောင်းကြောင့် အရပ်သား (၃၈)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၁၂၄)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 3 Views
‌နိုဝင်ဘာလ (၂)ရက်။ ဇူလိုင်လကစပြီး အောက်တိုဘာလအထိ ကိုးကန့်ရဲ့ အထူးဒေသ(၁)ထဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အကြိမ်ရေ (၅၀)ကျော်အထိရှိခဲ့တယ်လို့ MNDAA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ အထူးဒေသ(၁)ထဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နယ်မြေတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား
မြန်မာသတင်း

ကျွန်းစုမြို့နယ်ထဲ ဒေါင်းနက်ဆိုတဲ့ လက်နက်ကိုင်အဖွဲ့က ပြည်သူတွေကို ခြိမ်းခြောက်ငွေတောင်းတာတွေပြုလုပ်နေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 7 Views
‌နိုဝင်ဘာလ (၂)ရက်။ ‌ကျွန်းစုမြို့နယ်ရှိ ကျေးရွာအချို့မှာ “ ဒေါင်းနက်” နာမည်နဲ့ အင်အား(၁၀)ဝန်းကျင်ခန့် လက်နက်ကိုင်အဖွဲ့က ပြည်သူတွေကို ခြိမ်းခြောက်ငွေတောင်းတာတွေ ပြုလုပ်နေတယ်လို့ ကျွန်းစုမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒေါင်းနက်နာမည်နဲ့ လက်နက်ကိုင်အဖွဲ့က အင်အား(၁၀‌)ယောက်ဝန်းကျင်နဲ့
မြန်မာသတင်း

မန္တလေးမှာ အခြေချပြီး ဂိုဏ်းဖွဲ့ လူကုန်ကူးသူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 7 Views
နိုဝင်ဘာလ (၂)ရက်။ မန္တလေးမှာ အခြေချပြီး ထိုင်းနိုင်ငံကနေတဆင့် တရုတ်နိုင်ငံကို ဂိုဏ်းဖွဲ့ကာ လူကုန်းကူးတဲ့သူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလ (၂၄)ရက်နေ့က မန္တလေးလေဆိပ်မှာ ထိုင်းနိုင်ငံကို MAI လေကြောင်းနဲ့ သွားရောက်မယ့်
မြန်မာသတင်း

ကျောက်ကြီးမြို့မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁၀)ဦးသေဆုံးကာ (၁၅)ဦး ဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 8 Views
‌နိုဝင်ဘာလ (၂)ရက်။ မနေ့က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းကို KNLA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းကျေးရွာထိပ်ရှိ ကျွန်းဘုရားကို ဝင်ရောက်လာတာကြောင့် KNLA
မြန်မာသတင်း

မန္တလေးမှာ အခြေချပြီး ဂိုဏ်းဖွဲ့ လူကုန်ကူးသူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 4 Views
နိုဝင်ဘာလ (၂)ရက်။ မန္တလေးမှာ အခြေချပြီး ထိုင်းနိုင်ငံကနေတဆင့် တရုတ်နိုင်ငံကို ဂိုဏ်းဖွဲ့ကာ လူကုန်းကူးတဲ့သူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလ (၂၄)ရက်နေ့က မန္တလေးလေဆိပ်မှာ ထိုင်းနိုင်ငံကို MAI လေကြောင်းနဲ့ သွားရောက်မယ့်
မြန်မာသတင်း

ခေါင်းဆောင်ကစပြီး ရဲဘော်တွေ ကျင့်ဝတ်ဖောက်ဖျက်ပါက အရေးယူမယ်လို့ မိုးကုတ်ဗျူဟာ သတိပေး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 5 Views
နိုဝင်ဘာလ (၂)ရက်။ ခေါင်းဆောင်ကစပြီး ရဲဘော်တွေ ကျင့်ဝတ်ဖောက်ဖျက်ပါက ထိရောက်စွာ အရေးယူမယ်လို့ မိုးကုတ်ဗျူဟာ အမှတ် (၁၂၂၂)တပ်ရင်းရဲ့ မနေ့က သတိပေးပြောဆိုထားတယ်လို့ သိရပါတယ်။ တပ်ရင်းအနေနဲ့ ရဲဘော်အင်အား အမြဲတိုးတက်နေပြီး အင်အား များလာတာနဲ့အတူ COC သက်ရောက်တာနဲ့