နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အမေရိကန်-အီရန် နှင့် အစ္စရေး-လက်ဘနွန်- စစ်မျက်နှာနှစ်ခုလုံးတွင် အပစ်အခပ်ရပ်စဲရေး

BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ရက်

အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိ၌ အပစ်အခပ်ရပ်စဲရေး နှစ်ခုရှိနေပြီး တစ်ခုမှာ လက်ဘနွန်နှင့် အစ္စရေးခေါင်းဆောင်များအကြား သဘောတူထားခြင်းဖြစ်ကာ နောက်တစ်ခုမှာ အမေရိကန်နှင့် အီရန်အကြား သဘောတူထားခြင်းဖြစ်သည်။

အီရန်နှင့် အမေရိကန်

အီရန်နှင့် အမေရိကန်အကြား နှစ်ပတ်ကြာပြုလုပ်သည့် ဤအပစ်အခပ်ရပ်စဲရေးသည် ဗုဒ္ဓဟူးနေ့တွင် ကုန်ဆုံးတော့မည်ဖြစ်သည်။ အိုမန်ပင်လယ်ကွေ့အတွင်း အီရန်အလံ လွှင့်ထူထားသော ကုန်တင်သင်္ဘောတစ်စီးကို အမေရိကန်ရေတပ်က ပစ်ခတ်တိုက်ခိုက်ပြီး ထိန်းချုပ်လိုက်ပြီးနောက် အမေရိကန်ဘက်က “အပစ်အခပ်ရပ်စဲရေးကို ချိုးဖောက်သည်” ဟု အီရန်စစ်ဌာနချုပ်က စွပ်စွဲခဲ့သည်။ ယနေ့ ပါကစ္စတန်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ဒုတိယ အကျော့ ဆွေးနွေးပွဲများ ဆက်လက်ဖြစ်ပေါ်ခြင်း ရှိ၊ မရှိမှာ မသေချာသေးပေ။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဒုသမ္မတဂျေဒီဗန့်( JD Vance) က ဦးဆောင်ပြီး အီရန် ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ ဆွေးနွေးပွဲသို့ တက်ရောက်ရန် “အစီအစဉ်မရှိ” ကြောင်း ပြောကြားထားသည်။

လက်ဘနွန်နှင့် အစ္စရေး

ဧပြီလ ၁၆ ရက် သောကြာနေ့က စတင်သက်ရောက်ခဲ့ပြီး ဆယ်ရက်ကြာမည့် ဤအပစ်အခပ် ရပ်စဲရေးကို လက်ဘနွန်သမ္မတ ဂျိုးဇက်အောင်းန် (Joseph Aoun) နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့ သဘောတူညီခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံနှစ်ခုလုံးက အမေရိကန် အနေဖြင့် တိုက်ရိုက်ဆွေးနွေးမှုများကို ဆက်လက်ကူညီပေးရန် တောင်းဆိုထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အသေးစိတ်အချက်အလက်များအရ လက်ဘနွန် အနေဖြင့် ဟစ်ဇ်ဘိုလာနှင့် အခြားသော “လက်နက်ကိုင်အဖွဲ့များ” က အစ္စရေးပစ်မှတ်များကို တိုက်ခိုက်ခြင်းမှ တားဆီးရန် “ထိရောက်သော အရေးယူဆောင်ရွက်မှုများ” ပြုလုပ်ရမည် ဖြစ်သည်။ ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း ပါဝင်ရန် ဆန္ဒရှိကြောင်း ပြသခဲ့သော်လည်း “အစ္စရေး တပ်ဖွဲ့များ လွတ်လပ်စွာ လှုပ်ရှားခွင့်မရှိစေရ” ဟူသော အချက်ပါဝင်ရမည်ဟု ဆိုသည်။

၁၀ ရက်ကြာ အပစ်ရပ်စဲရေးအတွင်း ပျက်စီးဆုံးရှုံးမှုများကြားမှ လက်ဘနွန်ပြည်သူများ သွားလာနေကြပုံ

အစ္စရေးနှင့် လက်ဘနွန်တို့၏ ၁၀ ရက်ကြာ အပစ်အခပ်ရပ်စဲရေး ကြေညာချက်ထွက်ပေါ် အျိုလာပြီးနောက် အပတ်စဉ်ပိတ်ရက်အတွင်း လက်ဘနွန်တောင်ပိုင်းရှိ ၎င်းတို့၏ နေအိမ်များသို့ “လူအမြောက်အမြား” ပြန်လာခဲ့ကြကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ တွမ်ဖလက်ချာ (Tom Fletcher) က Today အစီအစဉ်သို့ ပြောကြားခဲ့သည်။ နောက်ဆုံးရရှိသော ဓာတ်ပုံများတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ပျက်စီးသွားသည့် အပျက်အစီးများကြားမှ လူများ သွားလာ နေကြသည်ကို တွေ့ရသည်။

အပစ်အခပ်ရပ်စဲရေးအတွင်း ဘေရွတ်မြို့ တောင်ဘက် ဆင်ခြေဖုံးရပ်ကွက်ရှိ ပျက်စီးနေသော အဆောက်အအုံများဘေးမှ အမျိုးသမီးတစ်ဦး လမ်းလျှောက်နေစဉ် (ပုံ)

တနင်္ဂနွေနေ့က လက်ဘနွန်တောင်ပိုင်း တိုင်ဖဲလ်ဆေး (Tayr Felsay) ရှိ ပျက်စီးသွားသော တံတားတစ်စင်းပေါ်တွင် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများ လမ်းလျှောက်နေစဉ် (ပုံ)

တနင်္ဂနွေနေ့က လက်ဘနွန်နိုင်ငံ ဇရာရီယေး (Zrarieh) ရှိ ပျက်စီးနေသော တံတားတစ်ခုပေါ်သို့ ဆိုင်ကယ်တစ်စီးအား တွန်းတင်နေစဉ် (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 72 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက