မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် (TNLA)၊ မိုးကုတ် PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေပါတယ်။
တိုက်ပွဲကြောင့် ရွာ ၄ ရွာက ရွာခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်ကတည်းက ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး ဖြူရောင်၊ လွယ်ငြိမ်း၊ ညောင်ကုန်းနဲ့ ကုန်းစံကျေးရွာခံတွေက နီစပ်ရာသို့ ထွက်ပြေးနေရတာပါ။
ဒီနေ့ စက်တင်ဘာ ၁၉ ရက်မှာတော့ စစ်ကောင်စီ တပ်သားတွေက ဖြူရောင်ရွာထဲမှာ တပ်စွဲထားတာကြောင့် ကုန်စံရွာခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။