၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်၊ ခေတ်မျက်လုံး။
လောက်ကိုင်မြို့မှာ ရှိနေတဲ့ တရုတ်နိုင်ငံသားများ မိမိနိုင်ငံကို အမြန်ဆုံး ပြန်ကြဖို့ အပါအဝင် အချက် (၄) ချက်ကို ကိုးကန့်တပ်မတော် (MNDAA) က ဒီနေ့ နိုဝင်ဘာလ (၁၈) ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
၁။ လောက်ကိုင်အတွင်းရှိ တရုတ်နိုင်ငံသားများအနေဖြင့် အသက်ဘေးအန္တရာယ်လုံခြုံရေးအတွက် မိမိနိုင်ငံသို အမြန်ဆုံးပြန်ကြရန်။
၂။ လောက်ကိုင်အတွင်း မှီတင်းနေထိုင်ကြသော အရပ်သားများအနေဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးဌာန၊ တပ်စခန်းများနှင့် အမြန်ဆုံး တတ်နိုင်သမျှ ဝေးဝေးတွင် နေကြပါရန်။
၃။ လောက်ကိုင်အနီးတစ်ဝိုက်တစ်ခုလုံးသည် စစ်မြေပြင်များဖြစ်သည့်အတွက်ကြောင့် စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုမှ ကာကွယ်ရန်အတွက် အရပ်သားများအနေဖြင့် မိမိသဘောဖြင့် နေရာပြောင်းရွှေ့သည်များ မပြုလုပ်ကြရန်။
၄။ အထက်ပါ အသိပေးချက်များကို အလေးထားလိုက်နာပေးပါရန်နှင့် ချိုးဖောက်ပါက မိမိကိုယ်တိုင်တာဝန်ယူရန်။