နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 20 ရက်

1027 Operations

1027 Operations

နမ့်ခမ်းမြိုရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို အပြီးသတ် ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့ဟု သတင်းထုတ်ပြန်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်၊ ခေတ်မျက်လုံး။

တအာင်းပြည်နယ် တပ်မဟာ (၁) စစ်ဒေသ၊ နမ့်ခမ်းမြိုရှိ စစ်ကောင်စီ စကခမှူးအခြေချ ကွပ်ကဲနေတဲ့တပ်စခန်းအားလုံးကို တအာင်းတပ်မတော် (TNLA) က ဝင်ရောက်ရှင်းလင်းချေမှုန်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

နမ့်ခမ်းမြိုနယ် စစ်ကောင်စီတပ်စခန်းတွေကို တအာင်းတပ်မတော် (TNLA) က ၁၀၂၇ စစ်ဆင်ရေးအတွင်း နိုဝင်ဘာလ ၁၇ ရက်နေ့ကစတင် တိုက်ခိုက်ခဲ့ပြီး သီတင်းပတ် (၅) ပတ်ကြာ ဒီဇင်ဘာလ (၁၉)ရက်နေ့ မနက်အ (၁) နာရီ မိနစ် (၃၀) အချိန်မှာ စစ်ကောင်စီ စခန်းသစ်ကုန်း အပါအဝင် တပ်စခန်းတွေဖြစ်ကြတဲ့ ကံ့ကော်စခန်း၊ ၁၂မိုင်၊ ၁၃မိုင်၊ မိုက်ခရိုဝိတ်စခန်း၊ ပန်ဆေး၊ တာကွန့်စခန်း၊ ဟဲယိုင်စခန်း၊ မိုင်းဝီးတပ်စခန်း၊ ထိန်ကန်တပ်စခန်း၊ မန်ပူးတပ်စခန်း၊ မန်ဝိန်တပ်စခန်း၊ ရဲစခန်းနဲ့ စကစ ဌာနဆိုင်ရာရုံးတွေ အားလုံးကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နမ့်ခမ်းမြို စစ်ကောင်စီတပ်စခန်းမှာ အင်အား (၉၀၀) နီးပါးရှိတဲ့ စကခ-၇ နဲ့ လက်အောက်ခံ တပ်ဖြစ်တဲ့ ခလရ-၂၆၁၊ ခမရ-၄၂၃၊ ၄၂၆၊ ၄၂၅၊ ၁၄၃ နဲ့ ဒကစတို့က လာရောက်ထိုးစစ်ဆင်စခန်းချတဲ့ တပ်စခန်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

နမ့်ခမ်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေစဥ်အတွင်းမှာ စစ်ကောင်စီတပ်ဘက်မှ ဂျက်လေယာဉ်နဲ့ အကြိမ် (၂၆၀)၊ Y8 လေယာဥ်နဲ့ (၃၅) ကြိမ်၊ Y12 လေယာဥ်နဲ့ အကြိမ် (၄၀) နဲ့ တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi35 နဲ့ (၂၅) ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဖျက်အားပြင်း ပေါင် (၅၀၀) ဗုံး (၁၂) ကြိမ်နဲ့ အဆိပ်ငွေ့ဗုံး (၆) လုံး အသုံးပြုပြီး ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နမ့်ခမ်းမြို့နယ် စစ်ကောင်စီ မန်တပ်စခန်းက ၁၀၅/၁၂၀ ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ (၁၉၅) ကြိမ် ပစ်ခတ်ခဲ့ပြီး နမ့်ဖတ်ကာတပ်စခန်းကနေ ၁၀၅/၁၂၂/၁၅၅ ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ အကြိမ် (၃၀၀)ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က ATR-42/72 လေယာဥ်နဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခါ (၁၅) ကြိမ် စခန်းသစ်ကုန်းမှာ လာရောက်ပစ်ချထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ (၁၂) ရက်နေ့ကလည်း ထောက်ပို့ယာဥ် Mi17 နဲ့ (၃) ကြိမ် စစ်ကူလူအင်အား (၁၀၀) နီးပါး ထပ်မံ ဖြည့်တင်းပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ နမ့်ခမ်းတပ်စခန်းကို တအာင်းတပ်မတော် (TNLA) က တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီရဲ့ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် နမ့်ခမ်းမြို့နယ် ဒေသခံကလေး (၃) ဦး အပါအဝင် (၁၃)ဦး သေဆုံးခဲ့ပြီး (၄၃)ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဘာသာရေးအဆောက်အအုံ ဘုရားကျောင်းကန်တွေ၊ ဆေးရုံနဲ့ လူနေအိမ် အလုံး (၇၀) လက်နက်ကြီးနဲ့ လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခဲ့ပြီး လူနေအိမ် (၂၄) လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
နမ့်ခမ်းစခန်းသစ် တိုက်ပွဲကာလအတွင်း စစ်ကောင်စီ ဗိုလ်မှူးအဆင့်အပါအဝင် အလောင်းများစွာနဲ့ စစ်သုံပန်းအဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း၊ လက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တအာင်းတပ်မတော် (TNLA) က နမ့်ခမ်းမြို့ကို သိမ်းပိုက်ရရှိရေးအတွက် ၁၀၂၇ စစ်ဆင်ရေးအတွင်း နိုဝင်ဘာလ ၁၇ ရက်နေ့ကနေ ဒီဇင်ဘာ ၁၈ ရက်နေ့ထိ ရက်ပေါင်း (၃၁) ရက်ကြာ တိုက်ခိုက်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

နမ့်ခမ်းမြို စခန်းသစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရန် တိုက်ပွဲကာလမှာ တအာင်းတပ်မတော် (TNLA) စစ်သည်တော်တွေက ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ပြီး တအာင်းတပ်မတော် ရဲ့စစ်သည်တော် (၄၉) ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး (၁၄၅) ဦး ထိခိုက်ဒဏ်ရာတွေ ရရှိကာ အသက်၊ ခန္ဓာ၊ သွေး၊ ချွေးများ ရင်းနှီးပေးဆပ်ရမှုများစွာ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုပေးဆပ်မှုတွေနဲ့ ဒီနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာတော့ တအာင်းတပ်မတော် (TNLA) က နမ့်ခမ်းမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Source/Photo: PSLF/TNLA သတငးနှင့်ပြန်ကြားရေးဌာန

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

KIO ဥက္ကဋ္ဌဟောင်း ကွယ်လွန်သွားတဲ့အပေါ် TNLA ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 36 Views
မေလ (၁၆)ရက်။ KIO ဥက္ကဋ္ဌဟောင်း Lanyaw Zawng Hra ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာကို TNLA က ဒီကနေ့မှာ
1027 Operations မြန်မာသတင်း

နောင်ချိုမှာ မင်္ဂလာဆောင်ကျင်းပနေတဲ့နေရာကို စစ်ကောင်စီ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 43 Views
မေလ (၉)ရက်။ မနေ့က နောင်ချိုမြို့နယ်မှာ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ
1027 Operations မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 5 ရက်
  • 31 Views
မေလ (၅)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၂၀)မိနစ်အချိန်က ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး
1027 Operations မြန်မာသတင်း

စစ်ကောင်စီက တပ်တွေအားလုံး ပြန်ဆုတ်ခိုင်းတဲ့အပေါ် TNLA ငြင်း

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 93 Views
မေလ (၂)ရက်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်တာနဲ့ စစ်ကောင်စီနဲ့ TNLA ကိုယ်စားလှယ်တွေဟာ ဧပြီလ (၂၈)ရက်နဲ့ (၂၉)ရက်နေ့တို့က ကူမင်းမြို့မှာ ထပ်မံတွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ စစ်ကောင်စီဘက်က နောင်ချို၊ ကျောက်မဲ၊ သီပေါ်၊
1027 Operations မြန်မာသတင်း

မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 1 ရက်
  • 54 Views
မေလ (၁)ရက်။ မနေ့က ည (၈)နာရီခွဲအချိန်က မိုးကုတ်မြို့အနောက်ပိုင်း သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ်ရွာကြားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးကုတ်အနောက်ခြမ်း သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ်ရွာကြားကို စစ်ကောင်စီက
1027 Operations မြန်မာသတင်း

တောင်ခမ်းဒေသတိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 33 Views
ဧပြီလ (၃၀)ရက်။ မနေ့က နောင်ချိုမြို့ တောင်ခမ်းကျေးရွာရှိ (၉၀၂)တပ်စခန်းအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တောင်ခမ်းရွာ (၉၀၂)တပ်စခန်းအနီးမှာ တိုက်ပွဲဖြစ်ပွားနေချိန်
1027 Operations မြန်မာသတင်း

နိုင်ငံရေးဖိအားတွေကြောင့် လားရှိုးမြို့ကနေ ဆုတ်ခွာရတာလို့ MNDAA ပြော

  • 2025 ခုနှစ်၊ ဧပြီလ 26 ရက်
  • 39 Views
ဧပြီလ (၂၆)ရက်။ နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့ကနေ ဆုတ်ခွာခဲ့ရတာလို့ ကိုးကန့်တပ်(MNDAA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာခဲ့ရတဲ့အတွက် များစွာ ဝမ်းနည်းရပါတယ်” လို့ လူမှုကွန်ရက်စာမျက်နှာမှာ ဆေးရုံစရိတ် ကြီးမြင့်တယ်လို့ ဝေဖဝေပြောဆိုတာတွေအပေါ်
1027 Operations မြန်မာသတင်း

လားရှိုးမြို့ကို စစ်ကောင်စီတပ် ယာဉ်တန်း (၇၀)ထက်မနည်း ထပ်မံဝင်ရောက်

  • 2025 ခုနှစ်၊ ဧပြီလ 22 ရက်
  • 34 Views
ဧပြီလ (၂၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး လားရှိုးမြို့ထဲကို စစ်ကောင်စီတပ်ဖွဲ့ရဲ့ ယာဉ်တန်း (၇၀)ကျော်ထက်မနည်း ထပ်မံဝင်ရောက်လာခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ နံနက် (၉)နာရီလောက်ကစပြီး စကစယာဉ်တန်းပေါ့ ကားကြီး၊ ကားသေး (၇၅)စီးကျော် ဝင်ရောက်လာတာ။