နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်

1027 Operations

1027 Operations

နမ့်ခမ်းမြိုရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို အပြီးသတ် ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့ဟု သတင်းထုတ်ပြန်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်၊ ခေတ်မျက်လုံး။

တအာင်းပြည်နယ် တပ်မဟာ (၁) စစ်ဒေသ၊ နမ့်ခမ်းမြိုရှိ စစ်ကောင်စီ စကခမှူးအခြေချ ကွပ်ကဲနေတဲ့တပ်စခန်းအားလုံးကို တအာင်းတပ်မတော် (TNLA) က ဝင်ရောက်ရှင်းလင်းချေမှုန်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

နမ့်ခမ်းမြိုနယ် စစ်ကောင်စီတပ်စခန်းတွေကို တအာင်းတပ်မတော် (TNLA) က ၁၀၂၇ စစ်ဆင်ရေးအတွင်း နိုဝင်ဘာလ ၁၇ ရက်နေ့ကစတင် တိုက်ခိုက်ခဲ့ပြီး သီတင်းပတ် (၅) ပတ်ကြာ ဒီဇင်ဘာလ (၁၉)ရက်နေ့ မနက်အ (၁) နာရီ မိနစ် (၃၀) အချိန်မှာ စစ်ကောင်စီ စခန်းသစ်ကုန်း အပါအဝင် တပ်စခန်းတွေဖြစ်ကြတဲ့ ကံ့ကော်စခန်း၊ ၁၂မိုင်၊ ၁၃မိုင်၊ မိုက်ခရိုဝိတ်စခန်း၊ ပန်ဆေး၊ တာကွန့်စခန်း၊ ဟဲယိုင်စခန်း၊ မိုင်းဝီးတပ်စခန်း၊ ထိန်ကန်တပ်စခန်း၊ မန်ပူးတပ်စခန်း၊ မန်ဝိန်တပ်စခန်း၊ ရဲစခန်းနဲ့ စကစ ဌာနဆိုင်ရာရုံးတွေ အားလုံးကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နမ့်ခမ်းမြို စစ်ကောင်စီတပ်စခန်းမှာ အင်အား (၉၀၀) နီးပါးရှိတဲ့ စကခ-၇ နဲ့ လက်အောက်ခံ တပ်ဖြစ်တဲ့ ခလရ-၂၆၁၊ ခမရ-၄၂၃၊ ၄၂၆၊ ၄၂၅၊ ၁၄၃ နဲ့ ဒကစတို့က လာရောက်ထိုးစစ်ဆင်စခန်းချတဲ့ တပ်စခန်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

နမ့်ခမ်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေစဥ်အတွင်းမှာ စစ်ကောင်စီတပ်ဘက်မှ ဂျက်လေယာဉ်နဲ့ အကြိမ် (၂၆၀)၊ Y8 လေယာဥ်နဲ့ (၃၅) ကြိမ်၊ Y12 လေယာဥ်နဲ့ အကြိမ် (၄၀) နဲ့ တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi35 နဲ့ (၂၅) ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဖျက်အားပြင်း ပေါင် (၅၀၀) ဗုံး (၁၂) ကြိမ်နဲ့ အဆိပ်ငွေ့ဗုံး (၆) လုံး အသုံးပြုပြီး ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နမ့်ခမ်းမြို့နယ် စစ်ကောင်စီ မန်တပ်စခန်းက ၁၀၅/၁၂၀ ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ (၁၉၅) ကြိမ် ပစ်ခတ်ခဲ့ပြီး နမ့်ဖတ်ကာတပ်စခန်းကနေ ၁၀၅/၁၂၂/၁၅၅ ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ အကြိမ် (၃၀၀)ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က ATR-42/72 လေယာဥ်နဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခါ (၁၅) ကြိမ် စခန်းသစ်ကုန်းမှာ လာရောက်ပစ်ချထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ (၁၂) ရက်နေ့ကလည်း ထောက်ပို့ယာဥ် Mi17 နဲ့ (၃) ကြိမ် စစ်ကူလူအင်အား (၁၀၀) နီးပါး ထပ်မံ ဖြည့်တင်းပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ နမ့်ခမ်းတပ်စခန်းကို တအာင်းတပ်မတော် (TNLA) က တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီရဲ့ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် နမ့်ခမ်းမြို့နယ် ဒေသခံကလေး (၃) ဦး အပါအဝင် (၁၃)ဦး သေဆုံးခဲ့ပြီး (၄၃)ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဘာသာရေးအဆောက်အအုံ ဘုရားကျောင်းကန်တွေ၊ ဆေးရုံနဲ့ လူနေအိမ် အလုံး (၇၀) လက်နက်ကြီးနဲ့ လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခဲ့ပြီး လူနေအိမ် (၂၄) လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
နမ့်ခမ်းစခန်းသစ် တိုက်ပွဲကာလအတွင်း စစ်ကောင်စီ ဗိုလ်မှူးအဆင့်အပါအဝင် အလောင်းများစွာနဲ့ စစ်သုံပန်းအဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း၊ လက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တအာင်းတပ်မတော် (TNLA) က နမ့်ခမ်းမြို့ကို သိမ်းပိုက်ရရှိရေးအတွက် ၁၀၂၇ စစ်ဆင်ရေးအတွင်း နိုဝင်ဘာလ ၁၇ ရက်နေ့ကနေ ဒီဇင်ဘာ ၁၈ ရက်နေ့ထိ ရက်ပေါင်း (၃၁) ရက်ကြာ တိုက်ခိုက်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

နမ့်ခမ်းမြို စခန်းသစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရန် တိုက်ပွဲကာလမှာ တအာင်းတပ်မတော် (TNLA) စစ်သည်တော်တွေက ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ပြီး တအာင်းတပ်မတော် ရဲ့စစ်သည်တော် (၄၉) ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး (၁၄၅) ဦး ထိခိုက်ဒဏ်ရာတွေ ရရှိကာ အသက်၊ ခန္ဓာ၊ သွေး၊ ချွေးများ ရင်းနှီးပေးဆပ်ရမှုများစွာ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုပေးဆပ်မှုတွေနဲ့ ဒီနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာတော့ တအာင်းတပ်မတော် (TNLA) က နမ့်ခမ်းမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Source/Photo: PSLF/TNLA သတငးနှင့်ပြန်ကြားရေးဌာန

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

တအာင်းဒေသထဲ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ (၃၈)ဦးသေဆုံးပြီး (၇၀)ဦး ဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 6 Views
ဒီဇင်ဘာလ (၂)ရက်။ နိုဝင်ဘာလထဲ တအာင်းဒေသကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ (၃၈)ဦးသေဆုံးခဲ့ပြီး (၇၀)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့
1027 Operations မြန်မာသတင်း

မူဆယ်မြို့မှာ စစ်ကောင်စီက စက်သုံးဆီနဲ့ စားသောက်ကုန် သယ်ယူခွင့် ကန့်သတ်ပိတ်ပင်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 13 Views
နိုဝင်ဘာလ (၂၉)ရက်။ မနေ့ကစပြီး မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့မှာ စစ်ကောင်စီက ဒေသခံတွေရဲ့ စက်သုံးဆီနဲ့ စားသောက်ကုန်သယ်ယူခွင့် ကန့်သတ်ပိတ်ပင်လိုက်တယ်လို့ TNLA ရဲ့
1027 Operations မြန်မာသတင်း

အခုလထဲ နောင်ချိုမှာ စစ်ကောင်စီကြောင့် အရပ်သား (၁၈)ဦးသေဆုံးပြီး (၃၄)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 22 Views
နိုဝင်ဘာလ (၂၆)ရက်။ နိုဝင်ဘာလ (၁)ရက်နေ့ကနေ (၂၅)ရက်အထိ နောင်ချိုမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား (၁၈)ဦးသေဆုံးပြီး (၃၄)ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNLA ထန်းချုပ်ထားတဲ့
1027 Operations မြန်မာသတင်း

စစ်ရေးတင်းမာတာတွေ တွေ့ဆုံဆွေးနွေးဖို့ အမြဲအသင့်ရှိတယ်လို့ TNLA ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 30 Views
နိုဝင်ဘာလ (၂၅)ရက်။ နှစ်ဖက်စစ်ရေးတင်းမာတာတွေ တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ အမြဲတမ်းအဆင်သင့်ရှိတယ်လို့ TNLA ရဲ့ ဒီ‌ကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တအာင်းဒေသတိုက်ပွဲထဲ စစ်ကောင်စီရဲ့ လေကြောင်းစစ်ဆင်ရေးအပါအဝင် ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးဒဏ်ခံစားရတဲ့ ပြည်သူတွေကို ငဲ့ညာထောက်ထားတာ၊ အပစ်ရပ်ဖို့ ကြိုးစားနေတဲ့ တရုတ်အစိုးရရဲ့
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ကို စစ်ကောင်စီက ပေါင် (၃၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်၊ ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 25 Views
နိုဝင်ဘာလ (၂၃)ရက်။ မနေ့က ည (၁၂)နာရီဝန်းကျင်ခန့်က နောင်ချိုမြို့ရှိ ဈေးရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၃၀၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည
1027 Operations မြန်မာသတင်း

နောင်ချို့မှာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဒေသခံ (၁၇)ဦးအထိသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 88 Views
နိုဝင်ဘာလ (၂၂)ရက်။ နိုဝင်ဘာလ (၁)ရက်နေ့ကနေ (၂၁)ရက်အထိ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ (၁၇)ဦးသေဆုံးပြီး (၂၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို
1027 Operations မြန်မာသတင်း

နောင်ချိုမြို့က သကြားစက်ရုံကို စစ်ကောင်စီက ဗုံးကြဲကာ အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 26 Views
နိုဝင်ဘာလ (၂၀)ရက်။ နိုဝင်ဘယလ (၁၈)ရက်နေ့ ည(၇)နာရီခွဲအချိန်က နောင်ချိုမြို့ ဆမ္မဆယ်ရွာ အင်ဝိုင်းအမှတ်(၃)ရှိ ဆင်းရွှေလီသကြားစက်ရုံကို စစ်ကောင်စီက ဗုံးကြဲခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဆမ္မဆယ်ရွာက ဆင်းရွှေလီသကြားစက်ရုံကို စစ်ကောင်စီက
1027 Operations မြန်မာသတင်း

MNDAA ခေါင်းဆောင်ကို ဖမ်းဆီးထားတယ်ဆိုတဲ့အပေါ် တရုတ် ငြင်းဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 26 Views
နိုဝင်ဘာလ (၁၉)ရက်။ ကိုးကန့်တပ်(MNDAA)ခေါင်းဆောင် ဖုန်တာရွှင်ကို အကျယ်ချုပ်ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဘက်က ဒီကနေ့မှာ ငြင်းဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ MNDAA ခေါင်းဆောင် ဖုန်တာရွှင်က တရုတ်ကိုလာပြီး ဆေးကုသဖို့ အရင်ထဲက လျှောက်ထားတာရှိခဲ့ပါတယ်။ အခုလဲ