နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

အမေရိကန်

အမေရိကန် ဥရောပ

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်သည် (၂၁) ရက်နေ့တွင် ဖမ်းဆီးခံရမည်ဟု ထရန့်က လူမှုမီဒီယာတွင် ရေးသားပြီး ထောက်ခံသူများအား ဆန္ဒပြကြရန် လှုံဆော်

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်သည် (၂၁) ရက်နေ့တွင် သူအဖမ်းဆီးခံရမည်ဟု ဆိုရှယ်မီဒီယာတွင် ပို့စ်တစ်ခု တင်ပြီးနောက် ၎င်း၏ ထောက်ခံသူများကို ဆန္ဒပြရန် တောင်းဆိုခဲ့သည်။

“ရီပတ်ဘလစ်ကန် ထိပ်တန်းသမ္မတလောင်း နှင့် သမ္မတဟောင်း” ကို အကြောင်းပြချက်မပေးဘဲ ကြာသပတေးနေ့တွင် ဖမ်းဆီးခံရမည်ဟု ထရန့်က လူမှုမီဒီယာတွင် ရေးသားခဲ့သည်။ ပို့စ်တင်ပြီးနောက်၊ ၎င်း၏အဖွဲ့သည် အစိုးရရှေ့နေများထံမှ အကြောင်းကြားစာ မရရှိသေးကြောင်း ပြောကြားခဲ့သည်။

လူမှုကွန်ယက်ပေါ်တွင် သူသည် ၂၀၂၀ သမ္မတရွေးကောက်ပွဲကို လိမ်လည်မှုဟု စွပ်စွဲသည့်အခါ သူအမြဲ အသုံးပြုသည့်လေသံဖြင့် “ ဆန္ဒပြကြ၊ တိုင်းပြည်ကို ပြန်လည်ရယူကြပါ” ဟု တောင်းဆိုခဲ့သည်။

အမေရိကန် သမ္မတဟောင်း ဒေါ််နယ်ထရန့် ။

နယူးယောက် မန်ဟက်တန်ခရိုင်ရှေ့နေရုံးသည် အပြားကား သရုပ်ဆောင်တစ်ဦးအား လျှို့ဝှက်ငွေအမြောက်အမြား ပေးဆောင်ခဲ့သည်ဟု စွပ်စွဲခံထားရသောထရန့်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ အမေရိကန် နိုင်ငံရေးသမိုင်းတွင် သမ္မတဟောင်းတစ်ဦးကို ရာဇ၀တ်မှုဖြင့် တရားစွဲခြင်း မပြုခဲ့ပါ။

ထရန့်ကို စွဲချက်တင်မတင်ကို ဆုံးဖြတ်မည့် ဂျူရီလူကြီးများက လာမည့် ၂၀ ရက်နေ့တွင် သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ ထွက်ဆိုချက်များ ရယူရန် စီစဉ်ထားသော်လည်း ယင်းက နောက်ဆုံးထွက်ဆိုချက် ဟုတ်မဟုတ်ကိုမူ မသိရသေးပါ။ စွဲချက်တင်ခံရပါက ထရန့်ကို လာရောက်အဖမ်းခံရန် တောင်းဆိုခံရလိမ့်မည်။

၎င်း၏ရှေ့နေက CNN သို့ ပြောကြားရာတွင် တရားစွဲဆိုမှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များသည် မည်သည့်နေရာမှ မရောက်သေးကြောင်းနှင့် မီဒီယာအစီရင်ခံချက်များအပေါ် ထရန့်က ၎င်း၏မှတ်ချက်ကို အခြေခံထားကြောင်း ပြောကြားခဲ့သည်။

မန်ဟက်တန်အစိုးရရှေ့နေ Bragg က သူ့ကို မကြိုက်သည့်အတွက် တရားစွဲခံရဖွယ်ရှိကြောင်း ထရန့်က သူ့ပတ်ဝန်းကျင်မှ လူများကို ပြောပြထားကြောင်း ဤဖြစ်စဉ်ကို အသေးစိတ်သိရှိသူများက ပြောပြခဲ့သည်။ စွဲချက်တင်ခံရပါက သူ့အား နိုင်ငံရေး အခွင့်ကောင်း ပေးမည်ဟု ယုံကြည်ကြောင်းနှင့် ၎င်းကိုထောက်ခံသူများကို လှုံ့ဆော်ရန် ၎င်း၏ အနီးစပ်ဆုံး အဖွဲ့တစ်ဖွဲ့ကို ညွှန်ကြားထားကြောင်း ပြောပြသည်။

နယူးယောက်မြို့၊ ပြည်နယ်နှင့် ပြည်ထောင်စုတရားဥပဒေစိုးမိုးရေးအေဂျင်စီများသည် ထရန့်၏တရားစွဲဆိုမှုအတွက် ကြိုတင်ပြင်ဆင်ရမည့်နည်းလမ်းနှင့်ပတ်သက်၍ လွန်ခဲ့သည့်သီတင်းပတ်အတွင်း အကြိမ်ကြိမ်တွေ့ဆုံခဲ့ကြောင်း CNN က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။

ထောက်ခံသူများသည် မန်ဟက်တန်ခရိုင်အစိုးရရှေ့နေရုံးရှေ့တွင် ဆန္ဒပြကြလျှင် ဆန္ဒပြသူများသည် လူစုလူဝေးအဖြစ်သို့ ပြောင်းလဲသွားမည် သို့မဟုတ် Trump ဆန့်ကျင်သောအဖွဲ့များနှင့် ထိပ်တိုက်တွေ့မည်ကို စိုးရိမ်မှုများရှိသည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 33 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 34 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က
ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 41 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုနှင့်အတူ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ယော့ခ်ရှိုင်းယား (Yorkshire) ရှိ နေအိမ်များအတွက်
နိုင်ငံတကာသတင်း အမေရိကန်

လွှတ်တော်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌက အက်ပ်စတိန်း (Epstein) စုံစမ်းစစ်ဆေးမှု အတွက် ရှေ့နေချုပ် ပမ် ဘွန်ဒီ (Pam Bondi) ကို ဆင့်ခေါ်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 35 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် လွှတ်တော်ကြီးကြပ်ရေးကော်မတီ (House Oversight Committee) ဥက္ကဋ္ဌ ဂျိမ်းစ် ကိုးမား (James Comer) သည် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein)