နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်တပ်ထံ လက်နက်တင်ပို့မှုရပ်တန့်ရေးနှင့် စစ်ခေါင်းဆောင်များကို ICC လွှဲပြောင်းရေး လုံခြုံရေးကောင်စီထံ မြန်မာသံအမတ်ကြီး တောင်းဆို

မြန်မာစစ်တပ်သို့ လက်နက်တင်ပို့မှု ရပ်တန့်ရေးနဲ့ ပြစ်မှုကျူးလွန်ထားသော စစ်တပ်ခေါင်းဆောင်များကို အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) ထံ လွှဲပြောင်းရေးတို့ကို ဆောင်ရွက်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါသည်။


ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာက လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် “၂၆၆၉” အတည်ပြုချမှတ်ခဲ့ပြီးနောက်တွင်ပင် စစ်တပ်သည် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများကို အဖန်တလဲလဲ ကျူးလွန်လျက်ရှိပြီး ၂၀၂၃ ဧပြီ ၁၁ရက်က လူပေါင်း ၂၀၀ နီးပါးကို သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ကို လတ်တလော ကျူးလွန်ထားကြောင်း သံအမတ်ကြီးက တင်ပြခဲ့ပါသည်။


စစ်တပ်သည် ပြစ်မှုများကို အကြိမ်ကြိမ် ကျူးလွန်ခဲ့သော်လည်း ဒဏ်ခတ်အရေးယူခံရခြင်းမှ လွတ်မြောက်နေပြီး နိုင်ငံတကာအသိုက်အဝန်း အနေနှင့် စစ်တပ်အပေါ် အရေးယူခြင်း မရှိသေးသရွေ့ စစ်တပ်သည် ပြည်သူများအပေါ် သတ်ဖြတ်မှုကို ရပ်တန့်မှာ မဟုတ်ဘူးဟုပြောကြားခဲ့ပါသည်။


အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိတ်ဘက်များသည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ မူဝါဒများနှင့်အညီ ပေးအပ်နေသူများအား ကာကွယ်စောင့်ရှောက်ရေးနှင့် အမှန်တကယ်လိုအပ်သူများထံသို့ ရောက်ရှိရေးကို နည်းမျိုးစုံဖြင့် ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် NUG အစိုးရနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် သံအမတ်ကြီးက တိုက်တွန်းလိုက်ပါသည်။


ထို့အပြင် စစ်အာဏာရှင်ရှိနေသရွေ့ လုံခြုံစိတ်ချပြီး ဂုဏ်သိက္ခာရှိစွာ မိမိဆန္ဒဖြင့် ရိုဟင်ဂျာများ နေရပ်ပြန်ရေးမှာ မည်သို့မျှ ဖြစ်လာမည် မဟုတ်ဘဲ အကြမ်းဖက်မှုများ ထပ်မံကျူးလွန်ခြင်းများပင်ခံရမည်ဖြစ်ကြောင်းနှင့် ရိုဟင်ဂျာများအပေါ် စစ်တပ်၏ ကျူးလွန်မှုများအတွက် ပြန်လည် တာဝန်ခံမှုရှိရန် အမျိုးသားညီညွတ်ရေးအစိုးရမှ ကြိုးပမ်းလျက်ရှိသည်ဟု တင်ပြခဲ့ပါသည်။


Era’sEyes /(ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး Arria-Formula အစည်းအဝေးကို ယမန်နေ့တွင် ကျင်းပပြုလုပ်ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားနေစဥ်။ ဓာတ်ပုံ – Permanent Mission of Myanmar to the United Nations)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 11 Views
ဧပြီလ (၂၀)ရက်။ မတရားဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 22 Views
ဧပြီလ (၂၀)ရက်။ မကွေးတိုင်း ဆိပ်ဖြူမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီတွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 17 Views
ဧပြီလ (၂၀)ရက်။ ဧပြီလ (၁၈)ရက်နေ့က NUG လက်အောက်ခံ မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေရဲ့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ပူးပေါင်းသူတွေဟာ မင်းကွန်းတိုက်နယ်ပလဖက စစ်ရေးတာဝန်ခံ ဟိန်းထက်ဇော်(ခ)ကျောက်ခဲ ဦးဆောင်တဲ့ အမျိုးသား (၁၃)ဦးနဲ့
မြန်မာသတင်း

ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 18 Views
ဧပြီလ (၂၀)ရက်။ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထားကြတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြု
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကော်မရှင် လှည့်ပတ်ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 25 Views
ဧပြီလ (၂၀)ရက်။ တရက်ထဲ AA ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က နံနက် (၁၀)နာရီအချိန်ကစပြီး နေ့လယ် (၁၂)နာရီအချိန်အထိ ပုဏ္ဏားကျွန်းမြို့နဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်နှင့် LPDF ၂၁ ဖွဲ့ ပူးပေါင်းဟုဆို

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 30 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၉ရက် မကွေးတိုင်းအခြေစိုက် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) ၂၁ ဖွဲ့ သည် မကွေးဖက်ဒရယ်ယူနစ်အစိုးရ ၏ ကွပ်ကဲမှုအောက်တွင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဧပြီ ၁၉ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။ အဓိကအချက်များမှာ – တပ်ဖွဲ့များ၏
မြန်မာသတင်း

ပြည်သူရွေးတဲ့သမ္မတ- အာဏာသိမ်းတဲ့သမ္မတ ဘယ်သူဂုဏ်ရှိသလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 27 Views
ဒီအပတ်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၃) မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမတအဖြစ်ကိုယ့်ဖဲကိုယ်ချိုးတက်လာပြီး ပြည်သူတင်မြှောက်လိုက်တဲ့ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်တဲ့ အမြင်နဲ့ ပတ်သက်တာတွေ ဒီလိုလွတ်မြောက်လာမှုနဲ့ပတ်သက်ပြီး NUCC ကစာထုတ်ကြိုဆို သလို နောက် TNLA က
မြန်မာသတင်း

မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 27 Views
မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း ခေတ်မျက်လုံးအယ်ဒီတာဦးထွန်းအောင်ကျော်က မြန်မာနဲ့ဟန်ဂေရီနိုင်ငံတို့အကြားဆင်တူတဲ့ နိုင်ငံရေးအခြေခံတွေ နဲ့ မတူကွဲပြားတဲ့ အခြေအနေတို့ကိုစိတ်ဝင်စားဘွယ်တင်ပြရင်း ဒီနိုင်ငံ၂ခုရဲ့ အနာဂါတ်အလားအလာများကို ဗဟုသုရစေနိုင်တဲ့သုံးသပ်ချက်များကို တမူထူးခြားစွာတင်ပြထားပါတယ်၊ ပရိဿတ်များအနေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အတူတဲ့ရှုဒေါင့်များကိုခံစားသိရှိနိုင်ကြလိမ့်မယ်လို့ယူဆပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့