အမေရိကန်ကာကွယ်ရေးဝန်ကြီး အော်စတင်က ယူကရိန်းနိုင်ငံအား စစ်ရေးအရ ပံ့ပိုးပေးသည့် နိုင်ငံများဖြင့် ဖွဲ့စည်းထားသည့် “ ယူကရိန်းကာကွယ်ရေး အဆက်အသွယ်အဖွဲ့” ၏ အစည်းအဝေးတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အီရန်နှင့် မြောက်ကိုရီးယားတို့ထံမှ “ လိုက်တောင်းနေကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် ယူကရိန်းသည် နိုင်ငံပေါင်း ဒါဇင်များစွာထံမှ အထောက်အပံ့များကို ဆက်လက်ရရှိနေသည်။
ကျွန်တော်တို့ အခုမှစလုပ်တဲ့ ညီလာခံမှာ နိုင်ငံပေါင်း (၅၀) လောက် ပါဝင်ပါတယ် “ နိုင်ငံတိုင်းက တူညီတဲ့ ပမာဏကို မပေးနိုင်ပါဘူး။ ဒါပေမယ့် နိုင်ငံတွေက အလှူငွေထည့်ချင်ကြပြီး သူတို့လည်း ပါဝင်ချင်နေကြတယ်” ကျွန်တော်တို့အားလုံး ယူကရိန်းကို ဆက်ပြီးပံ့ပိုးပေးချင်တယ်လို့ စဉ်းစားထားပါတယ်။ ဟု အော်စတင်က ပြောခဲ့သည်။
အော်စတင်၏ မိန့်ခွန်းမတိုင်မီ ရက်ပိုင်းအလိုတွင် ပူတင်သည် ရုရှားတွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနှင့် တွေ့ဆုံခဲ့သည်။ ထိုနေ့တွင်ပင် ရုရှားကာကွယ်ရေးဝန်ကြီးသည် အီရန်စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် တီဟီရန်သို့ သွားရောက်ခဲ့သည်။ဓာတ်ပုံစာ။အမေရိကန်ကာကွယ်ရေးဝန်ကြီး အော်စတင် ယူကရိန်းကာကွယ်ရေး အဆက်အသွယ်အဖွဲ့၏ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။
Michael Probst/AP