နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း ဥရောပ

ယူကရိန်းသမ္မတဇလန်းစကီး ပြင်သစ်အစိုးရလေယာဉ် သုံးပြီး ဘာကြောင့် ဂျပန်ကို လာနိုင်တာလဲ။

ယူကရိန်းသမ္မတ ဇလန်းစကီးသည် မေလ (၁၄) ရက်နေ့တွင် ပါရီသို့ သွားရောက်စဉ် ဟီရိုရှီးမားတွင် ကျင်းပမည့် G7 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ၎င်း၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး ပြင်သစ်သမ္မတ မက်ခရွန်အား လေယာဉ်တစ်စီး စီစဉ်ပေးရန် တောင်းဆိုခဲ့ကြောင်း ပြင်သစ်သံတမန်သတင်းရင်းမြစ်များက ပြောသည်။

ယူကရိန်းသမ္မတ ဇလန်းစကီးသည် ပြင်သစ်အစိုးရလေယာဉ်ဖြင့် ဆော်ဒီအာရေဗျနိုင်ငံ အနောက်ပိုင်း ဂျဒ်ဒါမြို့မှ ဟီရိုရှီးမားမြို့သို့ မေလ (၂၀) ရက်နေ့မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့သည်။

ပြင်သစ်သံတမန်သတင်းရင်းမြစ်များ၏အဆိုအရ၊ ယူကရိန်းသမ္မတ ဇလန်းစကီး၏ အီတလီနှင့် ဂျာမနီတို့ ခရီးစဉ်အပြီး G7 ထိပ်သီးအစည်းအဝေးမတိုင်မီ သမ္မတဇလန်းစကီးသည် ပါရီသို့ မေလ (၁၄) ရက်နေ့တွင် သွားရောက်ခဲ့ပြီး ပြင်ဆင်မှုများ စတင်ခဲ့သည်။ ယူကရိန်းသမ္မတဇလန်းစကီးနှင့် ပြင်သစ်သမ္မတမက်ခရွန်တို့သည် ထိုနေ့တွင် ပြင်သစ်သမ္မတအိမ်တော်၌ တွေ့ဆုံခဲ့ကြပြီး ညစာစားခဲ့ကြသည်။ ယင်းအချိန်တွင် သမ္မတဇလန်းစကီးက “ ကျွန်တော် G-7 ကို တက်ရောက်ချင်ပါတယ်” ဟု ပြောပြီး လေယာဉ်တစ်စီး စီစဉ်ပေးဖို့ ပြင်သစ်သမ္မတမက်ခရွန်ကို တိုက်ရိုက်တောင်းဆိုခဲ့သည်ဟု သိရှိရသည်။။

G-7 ထိပ်သီးစည်းဝေးပွဲမတိုင်မီ ဥရောပနိုင်ငံများသို့ ခရီးစဉ်အတွင်း သမ္မတဇလန်းစကီးက ဥရောပသို့ စစ်ရေးအကူအညီ ပေးရန် တောင်းဆိုခဲ့သော်လည်း နောက်ကွယ်တွင် ဂျပန်ခရီးစဉ်အတွက် အစီအစဉ်များ စတင်နေပြီ ဖြစ်သည်။ ပြင်သစ်အစိုးရ လေယာဉ်ဖြင့် ဂျပန်နိုင်ငံသို့ သမ္မတဇလန်းစကီး ရောက်ရှိလာခြင်းသည် “ သမ္မတနှစ်ဦးကြား ဆက်လက်တည်ရှိနေသည့် ဆက်ဆံရေးအပေါ် ယုံကြည်မှုကို သက်သေပြခြင်း” ဖြစ်သည်ဟု သံတမန်သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

ရုရှားနှင့် ယူကရိန်းကြား အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုများနှင့် ပတ်သက်၍ လွန်ခဲ့သည့်နှစ် မေလတွင် ပြင်သစ်သမ္မတမက်ခရွန်သည် ရုရှားနှင့် ယူကရိန်းကြား အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုနှင့်ပတ်သက်၍ “နှစ်နိုင်ငံစလုံးအား စော်ကားခြင်း မပြုသင့်” ဟု ပြောဆိုခဲ့မှုနှင့်ပတ်သက်ပြီး ပြင်သစ်သမ္မတကို ယူကရိန်းဘက်မှ ဝေဖန်ခဲ့သည်။ သို့သော်လည်း ယခုနှစ် ဇန်နဝါရီလတွင် အမေရိကန်နှင့် ဂျာမနီတို့ထက် စောပြီး အပေါ့စားတင့်ကား “ AMX-10RC” ကို ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။ ဂျာမနီနှင့် အခြားနိုင်ငံများသည် Leopard 2 ကဲ့သို့သော ၎င်းတို့၏ အဓိက တိုက်ပွဲဝင်တင့်ကားများ ပံ့ပိုးပေးမည့် လမ်းကြောင်းကို ပြင်သစ်သမ္မတက ဖန်တီးပေးကာ ယူကရိန်းနှင့် နီးကပ်စွာ ရပ်တည်ခဲ့သည်။
Source: Asahi shinbum

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန် ဥရောပ

နို့ဘူးများ၊ ခွေးဆွဲလျှောတိုက်လှည်းများနှင့် အီရန်ကို ဗုံးကြဲမည့်ခြိမ်းခြောက်မှုများကြားမှ ထရမ့်၏ ‘ရူးသွပ်ဖွယ်ကမ္ဘာ’ အကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ဒေါ်နယ်ထရမ့် ပြောသလိုဆိုလျှင်တော့ ဒါဟာ “ရူးသွပ်နေတဲ့ ကမ္ဘာကြီး” (Crazy world) ပါပဲ။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံနှင့် အမေရိကန်တို့အကြား ခါးသီးလှသော အားပြိုင်မှု၏ ကံကြမ္မာအလှည့်အပြောင်း အခန်းကဏ္ဍသစ်တစ်ခုဆီသို့ ဦးတည်ပြောဆိုနေပုံရသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 30 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၄ရက် အီရန်နိုင်ငံ၏ သီအိုကရက်တစ်အစိုးရ (ဘာသာရေးအခြေခံအစိုးရ) အကျပ်အတည်းဆိုက် နေချိန်တွင် ဆန္ဒပြသူများကို ကူညီရန် အမေရိကန်က စစ်ရေးအရ
ယီမင် အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း၏ အင်အားအကြီးဆုံး နိုင်ငံနှစ်ခု ယီမင်တွင် ထိပ်တိုက်တွေ့နေခြင်း-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 42 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် ယီမင်နိုင်ငံအတွင်း အီရန်၏ သြဇာလွှမ်းမိုးမှုကို ဟန့်တားရန် ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တို့ ဦးဆောင်သည့် ပူးတွဲစစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခုအကြာတွင်၊ ယခုအခါ
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှစ၍ စီးပွားရေးကျပ်တည်းမှုကြောင့် စတင်ခဲ့သော ဆန္ဒပြပွဲများသည် ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပိုမိုပြင်းထန်လာပြီး အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုကြီးအဖြစ်သို့ ကူးပြောင်းလာနေသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 40 Views
ဇန်နဝါရီ ၁၀ ရက်၊ ၂၀၂၆ခုနှစ် အောက်ပါတို့မှာ လက်ရှိအချိန် (ဇန်နဝါရီ ၁၀ ရက်၊ ၂၀၂၆) အထိ ဖြစ်ပေါ်နေသော နောက်ဆုံးအခြေအနေများဖြစ်သည်။ ၁။ ဆန္ဒပြပွဲ၏ အဓိကအကြောင်းရင်းနှင့် ပျံ့နှံ့မှု စီးပွားရေးပြိုလဲမှု: အီရန်ငွေကြေး (Rial)
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 50 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးနိုင်ငံတွင် အမျိုးသမီးအခွင့်အရေးများ သိသိသာသာ ဆုတ်ယုတ်လာနေပြီး နေတန်ယာဟု၏ လက်ယာစွန်းအစိုးရကြောင့်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများ ပြစ်တင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 65 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျန်နဝါရီလ ၂ရက် ဂျေရုဆလင်မြို့ ။ ၎င်းတို့ကိုယ်ကို “ အနီရောင်ဝတ်စုံဝတ် အမျိုးသမီးများ” (Women in Red) ဟု ခေါ်ဆိုကြသည်။ ဂါဇာစစ်ပွဲမတိုင်မီ တစ်နှစ်အလိုတွင် အစ္စရေးအစိုးရကို တိတ်ဆိတ်စွာ ဆန္ဒပြသည့်အနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဆန္ဒပြသူများကို ကာကွယ်ရန် အမေရိကန်တွင် ‘အသင့်ပြင်ထားပြီးဖြစ်သည်’ ဟု ထရမ့်ပြောကြားသော်လည်း တပ်ဖြန့်မှုပမာဏ သိသိသာသာ ပြောင်းလဲခြင်းမရှိသေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 58 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် အီရန်အစိုးရက ဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ်ပါက အမေရိကန်က အင်အားသုံး ကြားဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ နံနက် အစောပိုင်းတွင် Truth Social မှတစ်ဆင့်