နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 24 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း ဥရောပ

ယူကရိန်းသမ္မတဇလန်းစကီး ပြင်သစ်အစိုးရလေယာဉ် သုံးပြီး ဘာကြောင့် ဂျပန်ကို လာနိုင်တာလဲ။

ယူကရိန်းသမ္မတ ဇလန်းစကီးသည် မေလ (၁၄) ရက်နေ့တွင် ပါရီသို့ သွားရောက်စဉ် ဟီရိုရှီးမားတွင် ကျင်းပမည့် G7 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ၎င်း၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး ပြင်သစ်သမ္မတ မက်ခရွန်အား လေယာဉ်တစ်စီး စီစဉ်ပေးရန် တောင်းဆိုခဲ့ကြောင်း ပြင်သစ်သံတမန်သတင်းရင်းမြစ်များက ပြောသည်။

ယူကရိန်းသမ္မတ ဇလန်းစကီးသည် ပြင်သစ်အစိုးရလေယာဉ်ဖြင့် ဆော်ဒီအာရေဗျနိုင်ငံ အနောက်ပိုင်း ဂျဒ်ဒါမြို့မှ ဟီရိုရှီးမားမြို့သို့ မေလ (၂၀) ရက်နေ့မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့သည်။

ပြင်သစ်သံတမန်သတင်းရင်းမြစ်များ၏အဆိုအရ၊ ယူကရိန်းသမ္မတ ဇလန်းစကီး၏ အီတလီနှင့် ဂျာမနီတို့ ခရီးစဉ်အပြီး G7 ထိပ်သီးအစည်းအဝေးမတိုင်မီ သမ္မတဇလန်းစကီးသည် ပါရီသို့ မေလ (၁၄) ရက်နေ့တွင် သွားရောက်ခဲ့ပြီး ပြင်ဆင်မှုများ စတင်ခဲ့သည်။ ယူကရိန်းသမ္မတဇလန်းစကီးနှင့် ပြင်သစ်သမ္မတမက်ခရွန်တို့သည် ထိုနေ့တွင် ပြင်သစ်သမ္မတအိမ်တော်၌ တွေ့ဆုံခဲ့ကြပြီး ညစာစားခဲ့ကြသည်။ ယင်းအချိန်တွင် သမ္မတဇလန်းစကီးက “ ကျွန်တော် G-7 ကို တက်ရောက်ချင်ပါတယ်” ဟု ပြောပြီး လေယာဉ်တစ်စီး စီစဉ်ပေးဖို့ ပြင်သစ်သမ္မတမက်ခရွန်ကို တိုက်ရိုက်တောင်းဆိုခဲ့သည်ဟု သိရှိရသည်။။

G-7 ထိပ်သီးစည်းဝေးပွဲမတိုင်မီ ဥရောပနိုင်ငံများသို့ ခရီးစဉ်အတွင်း သမ္မတဇလန်းစကီးက ဥရောပသို့ စစ်ရေးအကူအညီ ပေးရန် တောင်းဆိုခဲ့သော်လည်း နောက်ကွယ်တွင် ဂျပန်ခရီးစဉ်အတွက် အစီအစဉ်များ စတင်နေပြီ ဖြစ်သည်။ ပြင်သစ်အစိုးရ လေယာဉ်ဖြင့် ဂျပန်နိုင်ငံသို့ သမ္မတဇလန်းစကီး ရောက်ရှိလာခြင်းသည် “ သမ္မတနှစ်ဦးကြား ဆက်လက်တည်ရှိနေသည့် ဆက်ဆံရေးအပေါ် ယုံကြည်မှုကို သက်သေပြခြင်း” ဖြစ်သည်ဟု သံတမန်သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

ရုရှားနှင့် ယူကရိန်းကြား အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုများနှင့် ပတ်သက်၍ လွန်ခဲ့သည့်နှစ် မေလတွင် ပြင်သစ်သမ္မတမက်ခရွန်သည် ရုရှားနှင့် ယူကရိန်းကြား အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုနှင့်ပတ်သက်၍ “နှစ်နိုင်ငံစလုံးအား စော်ကားခြင်း မပြုသင့်” ဟု ပြောဆိုခဲ့မှုနှင့်ပတ်သက်ပြီး ပြင်သစ်သမ္မတကို ယူကရိန်းဘက်မှ ဝေဖန်ခဲ့သည်။ သို့သော်လည်း ယခုနှစ် ဇန်နဝါရီလတွင် အမေရိကန်နှင့် ဂျာမနီတို့ထက် စောပြီး အပေါ့စားတင့်ကား “ AMX-10RC” ကို ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။ ဂျာမနီနှင့် အခြားနိုင်ငံများသည် Leopard 2 ကဲ့သို့သော ၎င်းတို့၏ အဓိက တိုက်ပွဲဝင်တင့်ကားများ ပံ့ပိုးပေးမည့် လမ်းကြောင်းကို ပြင်သစ်သမ္မတက ဖန်တီးပေးကာ ယူကရိန်းနှင့် နီးကပ်စွာ ရပ်တည်ခဲ့သည်။
Source: Asahi shinbum

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နျူကလီးယားစက်ရုံများကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခြင်းအပေါ် နိုင်ငံများနှင့် ဒေသအသီးသီးမှ တုံ့ပြန်ချက်များ

  • 2025 ခုနှစ်၊ ဇွန်လ 22 ရက်
  • 20 Views
တရုတ်က ပြင်းပြင်းထန်ထန် ရှုတ်ချ အမေရိကန်စစ်တပ်သည် အီရန်နျူကလီးယားစက်ရုံသုံးရုံကို တိုက်ခိုက်ခဲ့သည်။ အီရန်ကို တိုက်ခိုက်ရာတွင် အမေရိကန်၏ ပါဝင်မှုသည် အရှေ့အလယ်ပိုင်းတွင် မတည်မငြိမ်ဖြစ်စေပြီး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ရဲ့ ဖော်ဒို နျူကလီးယား စက်ရုံက ဘယ်လောက် ထိခိုက်သွားခဲ့လဲ။ လေကြောင်းတိုက်ခိုက်မှုမတိုင်မီနှင့် အပြီးတွင် ဂြိုလ်တုဓာတ်ပုံများ

  • 2025 ခုနှစ်၊ ဇွန်လ 22 ရက်
  • 17 Views
ဇွန်လ ၂၂ ရက်နေ့တွင် အမေရိကန်စစ်တပ်သည် အီရန်နိုင်ငံအလယ်ပိုင်းရှိ ဖော်ဒို နျူကလီးယားစက်ရုံအား ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါ အဆောက်အအုံကို မြေအောက် မီတာ
Iran နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

၂၀၂၅ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် အီရန်ကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်ပြီး အမေရိကန်သမတထရန့်၏ အိမ်ဖြူတော်မှ တိုင်းပြည်သို့ ပြောသည့် မိန့်ခွန်းအပြည့်အစုံ

  • 2025 ခုနှစ်၊ ဇွန်လ 22 ရက်
  • 31 Views
ဇွန်လ (၂၂) ရက်။ အမေရိကန်သမတထရန့်က ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့တွင် အိမ်ဖြူတော်ကနေ တိုင်းပြည်ကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော်- “မကြာသေးမီကပင် အမေရိကန်စစ်တပ်က အီရန်အစိုးရရဲ့ အဓိကနျူကလီးယားစက်ရုံသုံးရုံဖြစ်သည့် ဖော်ဒို (Fordow)၊ နာတန့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

“ ယူကရိန်းသည် ရုရှားပိုင်ဖြစ်သည်” ဟု ပူတင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
ဆူမီကို သိမ်းပိုက်နိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။ စိန့်ပီတာစဘတ်၊ ရုရှား၊ ဇွန် ၂၀ ရက် ရုရှားသမ္မတပူတင်က ရုရှားနှင့် ယူကရိန်းနိုင်ငံသားများသည် လူမျိုးတစ်မျိုးတည်းဖြစ်ကြောင်း ၊ ထိုသဘောအရ ယူကရိန်းသည် ကျွန်ုပ်တို့ ရုရှားပိုင်သည်ဟု ပူတင်က ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

“ထရမ့်ရဲ့ ဆုံးဖြတ်ချက်က သမိုင်းကို ပြောင်းလဲသွားစေလိမ့်မယ်” ဟု အီရန်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 22 ရက်
  • 22 Views
အီရန်၏ နျူကလီးယားစက်ရုံများကို အမေရိကန်စစ်တပ်က တိုက်ခိုက်ပြီးနောက် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက “သမ္မတထရမ့်ရဲ့ ရဲရင့်တဲ့ ဆုံးဖြတ်ချက်ဟာ သမိုင်းကို ပြောင်းလဲသွားစေလိမ့်မယ်” ဟု ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ နေတန်ယာဟုက “ ကမ္ဘာ့အန္တရာယ်အရှိဆုံးအစိုးရနှင့် ၎င်း၏အန္တရာယ်အရှိဆုံးလက်နက်များကို ထရမ့်က ငြင်းပယ်ကြောင်း ပြသခဲ့သည့်
အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နျူကလီးယားစက်ရုံရှိတဲ့ နေရာသုံးခုကို လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ထရန့်ကြေညာ

  • 2025 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
ဇွန်လ (၂၂) ရက်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဖော်ဒို (Fordow), နာတန် (ဇ) Natanz နှင့် အစ်ဖာဟန် (Isfahan) ရှိ အီရန်နျူကလီးယားစက်ရုံသုံးနေရာအား “ အလွန်အောင်မြင်သောတိုက်ခိုက်မှု” ပြီးမြောက်ကြောင်း ဇွန်လ ၂၁
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ကို အစ္စရေးက အကူအညီတောင်းနေသည့် “ဘန်ကာဖောက်ထွင်းဗုံး” ရဲ့ စွမ်းအားက ဘာလဲ။

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 28 Views
ဇွန်လ (၁၉) ရက်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်နျူကလီးယားစက်ရုံများကို တိုက်ခိုက်ရန် အမေရိကန်စစ်တပ်ပိုင်ပစ္စည်းများကို အသုံးပြုခြင်းအပေါ် အပြုသဘောဆောင်သည့်သဘောထားကို ပြသနေချိန်တွင် အစိုးရတာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများက အမေရိကန်၏ ပေါင် ၃၀,၀၀၀ (၁၃ ဒဿမ ၆ တန်)
အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

အီရန်-အစ္စရေး နောက်ဆုံးရသတင်းများ

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 24 Views
အီရန်တိုက်ခိုက်မှုအတွင်း အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးသမ္မတပြော ဇွန်လ (၁၉) ရက်။ အီရန်၏တိုက်ခိုက်မှုအတွင်း အစ္စရေးတောင်ပိုင်းရှိ Be’er-Sheva ရှိ Soroka ဆေးဘက်ဆိုင်ရာစင်တာသည် ကြီးမားစွာပျက်စီးခဲ့ကြောင်း ဆေးရုံ၏ပြောခွင့်ရအမျိုးသမီးက ပြောကြားခဲ့သည်။ “ ကျွန်မက ဆေးအဖွဲ့တွေ၊ လူနာတွေ၊