နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်

အရှေ့တောင်အာရှ

အရှေ့တောင်အာရှ အရှေ့အလယ်ပိုင်း အာရှ ဥရောပ

G7 ကြေညာချက်ကို တရုတ်က တုံ့ပြန်၊ G-7 ဥက္ကဋ္ဌ ဂျပန်နိုင်ငံအား ကန့်ကွက်။

G-7 ထိပ်သီးအစည်းအဝေး၏ ခေါင်းဆောင်များ၏ ထုတ်ပြန်ချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပြီး ဥက္ကဋ္ဌနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံအား ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။


G-7 သည် တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှုများကို လျစ်လျူရှုပြီး ထိုင်ဝမ်ကဲ့သို့သော ပြည်တွင်းရေးရာများတွင် ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

G-7 ထိပ်သီး စည်းဝေးပွဲသည် နိုင်ငံရေးအရ အဖွဲ့ဝင်များ၏အစုလိုက် စုစည်းမှုကို ဖြစ်ပေါ်စေပြီး ထိပ်တိုက်ရင်ဆိုင်မှုများနှင့် ကွဲလွဲမှုများကို အဆုံးသတ်ရန် တောင်းဆိုထားကြောင်း ဂျပန်ရှိ တရုတ်သံရုံးကလည်း မေလ (၂၀) ရက်နေ့တွင် ထောက်ပြခဲ့သည်။ ဥက္ကဋ္ဌနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံအနေနှင့် သူ့အိမ်နီးနားချင်းနိုင်ငံကို စတေးပြီး အကျိုးအမြတ်မယူဖို့ တိုက်တွန်းခဲ့သည်။

ထိပ်သီးဆွေးနွေးပွဲ ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးကိစ္စအပြင် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်ရှိ အခြေအနေများကို စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းဝန်ကြီးချုပ်ကို လိမ်လည်ဖို့ ကျားဖြန့်က AI နဲ့ ဖုန်းခေါ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 15 Views
+++++++++++++++++++++++++++++ ဇန်နဝါရီလ (၁၇) ရက်။ ဒီကနေ့ ကမ္ဘာမှာ ကမ္ဘာ့ခေါင်းဆောင်တွေ အပါအဝင် ဖုန်းလိမ်လည်မှုခေါ်ဆိုမှုတွေ လျင်မြန်စွာ ပျံ့နှံ့တိုးပွားလာမှုကြောင့် ထိခိုက်နေကြရပါတယ်။
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

၁၅ လကြာ စစ်ပွဲကြောင့် ဂါဇာမှာ ဘာတွေ ပျက်ဆီးဆုံးရှုံးခဲ့ရလဲ။

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 12 Views
စစ်ဒဏ်ကြောင့် ပျက်စီးမှုကြီးမားခဲ့ရတဲ့ ဂါဇာဒေသကို ပြန်လည်တည်ဆောက်ဖို့အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ကုန်ကျနိုင်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အစ္စရေးနဲ့ဟားမက်စ်တို့ဟာ အခုအခါမှာ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့ကြပေမယ့်
နိုင်ငံတကာသတင်း အမေရိကန် အာရှ

အမေရိကန်ကာကွယ်ရေးဝန်ကြီးလောင်း ဟက်ဆက်ကို အာဆီယံအကြောင်းမေးရာ မဖြေနိုင်သဖြင့် အိမ်စာလုပ်ဖို့ ပြောဆိုခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 13 Views
ဇန်နဝါရီ (၁၆) ရက်၊ ထရမ့်အစိုးရအသစ်ရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံထားရတဲ့ ပီဟက်ဆက် (Pete Hegseth) ကို အတည်ပြုပေးနိုင်ဖို့ ဆီးနိတ်မှာ အင်္ဂါနေ့က ကြားနာမှု ပြလုပ်ခဲ့ပါတယ်။ အဲဒီကြားနာမှုမှာ ဒီမိုကရက်တစ် ဆီးနိတ်အမတ် တမ်မီဒတ်ဝေါ့တ်က “အာဆီယံမှာ
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မီဇိုရမ်ပြည်နယ်မှာ CNF ခေါင်းဆောင်အပါအဝင် (၅) ဦးကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိဟု မီဇိုရမ်ရဲတပ်ဖွဲ့ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 25 Views
ဇန်နဝါရီလ (၁၆) ရက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင်မှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ခေါင်းဆောင် ပူးဘီလ်ကျုံး (Pu Bil Cung) အပါအဝင် ၅ ဦးကို လက်နက်ခဲယမ်းနဲ့အတူ မီဇိုရမ်ရဲတပ်ဖွဲက ဖမ်းဆီးရမိတယ်လို့ မီဇိုရမ်ရဲတပ်ဖွဲက
နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယားသမ္မတဖမ်းဆီးထိန်းသိမ်းခံရတဲ့ဖြစ်စဉ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 23 Views
စစ်အုပ်ချုပ်ရေးကြေညာမှုဖြစ်စဉ်မှာ အပြစ်ရှိတယ်လို့ စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုလ်ဟာ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး တောင်ကိုရီးယားသမိုင်းမှာ တာဝန်ထမ်းဆောင်ချိန်အတွင်း ပထမဆုံးအဖမ်းခံရတဲ့ သမ္မတဖြစ်လာခဲ့ပါတယ်။ ယွန်ဆွတ်ယိုဟာ ပြီးခဲ့တဲ့လအတွင်းက တိုင်းပြည်ကို အရေးပေါ်မာရှယ်လောထုတ်ပြန်ကြေညာကာ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက်မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ရှောင်ရှားဖို့အတွက် နေအိမ်မှာ
နိုင်ငံတကာသတင်း အမေရိကန် အာရှ

TikTok ကို အီလွန်မက်စ်ထံ ရောင်းချတော့မှာလား

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 28 Views
အမေရိကန်နိုင်ငံမှာ ပိတ်ပင်ခံထားရတဲ့ TikTok ရဲ့ ပိုင်ရှင်သစ်အဖြစ် ဘီလျံနာ အီလွန်မက်စ် မကြာခင်မှာ ဖြစ်လာဖွယ်ရှိနေပါတယ်။ တရုတ်အာာဏာပိုင်တွေဟာ TikTok လူမှုကွန်ယက် App ကို အမေရိကန်ဘီလျံနာ အီလွန်မက်စ်ထံ ရောင်းချခွင့်ပြုဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာပါ။
နိုင်ငံတကာသတင်း အာရှ

တရုတ်နိုင်ငံတွင် ကျောင်းသားတယောက် ပြုတ်ကျသေဆုံးမှုဖြစ်ပြီးနောက် ဆန္ဒပြပွဲများ အကြမ်းဖက်အသွင်‌ပြောင်းလာ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 39 Views
ဇန်နဝါရီလ (၁၂) ရက်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ဇီ (Shaanxi) ဒေသမှ ဗီဒီယိုများတွင် ဆယ်ကျော်သက် လူငယ်တစ်ဦး သေဆုံးပြီးနောက် အာဏာပိုင်များက ဖုံးကွယ်ထားသည်ဟု စွပ်စွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်နိုင်ငံတွင် ပြင်းထန်သော ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အာရှ

သမ္မတ ဇလန်းစကီးက “ ဖမ်းမိထားတဲ့ မြောက်ကိုရီးယားစစ်သားနှစ်ယောက်” ဓာတ်ပုံတွေကို ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 42 Views
ဇန်နဝါရီလ (၁၁) ရက်။ ဇန်နဝါရီလ (၁၁) ရက်နေ့က ယူကရိန်းသမ္မတ ဇလန်းစကီးက “ ကျွန်တော်တို့ရဲ့ စစ်သားတွေက မြောက်ကိုရီးယားစစ်သားနှစ်ဦးကို အရှင်ဖမ်းမိပြီ” ဆိုပြီး ဓာတ်ပုံတွေနဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာခဲ့ပါတယ်။ အဲ့ဒီမြောက်ကိုရီးရားစစ်သားတွေကို Kursk ဒေသမှာ