ဂျူဗင်တပ်အသင်းဟာ စီးရီးအေအင်အားကြီးကလပ် အပြောင်းအရွှေ့ကိစ္စတွေမှာ မသမာမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာ စစ် ဆေးတွေ့ရှိပြီးတဲ့နောက် ၁၅ မှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်အသင်းဟာ ကစားသမားအပြောင်းအရွှေ့တွေမှာ ရဂျူဗင်တပ်အသင်းဟာရှိတဲ့ ပြောင်းရွှေ့ကြေးတွေကို ပြုပြင်ပြီး စာရင်းမျှခြေကို ကိုက်အောင်ပြုလုပ်ထားတာ စစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ အီတလီဘောလုံး အဖွဲ့ချုပ်က ဆိုပါတယ်။

အဲဒီ ၁၅ မှတ်လျှော့ပြစ်ဒဏ်ကြောင့် စီးရီးအေအမှတ်ပေးဇယားအဆင့် ၃ နေရာကနေ အဆင့် ၁၀ နေရာအထိရောက်ရှိသွားခဲ့ရပါတယ်။ ဂျူဗင်တပ်အသင်ဂျူဗင်တပ်အသင်းရဲ့ထုတ်ပြန်ကြေညာချက်မှာတော့းကတော့ အဲဒီစွပ်စွဲမှုတွေအပေါ် ငြင်းဆိုထားပြီး အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ ပြစ်ဒဏ်ဆုံးဖြတ်ချက်အပေါ် အယူခံ ဝင်သွားမယ်လို့ ဆိုပါတယ်။

သူတို့အနေနဲ့ အီတလီဘောလုံး အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်အကြောင်းပြချက်ကို စောင့်ဆိုင်းနေကြောင်းနဲ့ ပြစ်ဒဏ်ကိုတော့ အီတလီအိုလံပစ် ကော်မတီအားကစားဘုတ်အဖွဲ့ထံ အယူခံဝင်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အီတလီဘောလုံးအဖွဲ့ ချုပ်က ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်ဟာ အစိုးရရှေ့နေတွေတောင်းဆိုတဲ့ ၉ မှတ်လျှော့ ပြစ်ဒဏ်ထက် ပိုမိုပြင်းထန်နေတယ်လို့လည်း မီဒီယာတွေက ထောက်ပြခဲ့ကြပါတယ်။

ဒါ့အပြင် လက်ရှိစပါးအသင်းမှာ ဒါရိုက်တာအဖြစ်ဆောင်ရွက်နေတဲ့ ဂျူဗင်တပ်အားကစားဒါရိုက်တာဟောင်း ဖေဘီယိုပါရာတီချီလည်း ဘောလုံးလောကကနေ လပေါင်း ၃၀ ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ရာထူးကနုတ်ထွက်ခဲ့တဲ့ ဂျူဗင်တပ်အသင်းဥက္ကဌဟောင်း အက်ဂ်နယ်လီနဲ့ ဒု-ဥက္ကဌ ပေဗယ်နက်ဗက်တို့ကတော့ ပြစ်ဒဏ်ချမှတ်တဲ့ထဲမှာ ပါဝင်ခဲ့ပါတယ်။ ဥက္ကဌဟောင်း အက်ဂ်နယ်လီနဲ့ အမှုဆောင်အရာရှိဟောင်း အာရီဗာဘီနီတို့ကို ၂ နှစ်၊ လက်ရှိအားကစားဒါရိုက်တာ ချီရူဘီနီကို ၁၆ လ၊ ဒုဥက္ကဌဟောင်း နက်ဗက်ကို ၈ လ ၊ စုစုပေါင်း ၁၁ ဦးကို ဘောလုံးလောကနေ ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။
အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ကြေညာချက်မှာတော့ ယူအီးအက်ဖ်အေနဲ့ ဖီဖာကသာ တောင်းဆိုခဲ့ပါက ယခုပြစ်ဒဏ်တွေကို ထပ်မံတိုးမြှင့်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
#eraeyes
#sportnews
#ခေတ်မျက်လုံးအားကစားသတင်း