နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 8 ရက်

နည်းပညာ

နည်းပညာ နိုင်ငံတကာစီးပွားရေး

Tesla (တယ်ဆာ လျှပ်စစ်ကား) သည် အိန္ဒိယသို့ လူသားတို့ကိုအကျိုးပြုရန်အတွက် တတ်နိုင်သမျှ မြန်မြန်လာမည်ဟု အီလွန်မာ့စ် ကပြောသည်။

CNN -Tesla အမှုဆောင်အရာရှိချုပ် အီလွန်မာစ့် က နယူးယော့ခ်တွင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒယာမိုဒီ နှင့် တွေ့ဆုံပြီးနောက် ကုမ္ပဏီသည် အိန္ဒိယနိုင်ငံတွင် လူသားတို့ကိုအကျိုးပြုရန်အတွက် ရင်းနှီးမြှုပ်နှံရန် “ တတ်နိုင်သမျှ အမြန်ဆုံး” ကြိုးပမ်းနေကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

“မိုဒီ ဟာ အိန္ဒိယမှာ သိသာထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ ကျွန်တော်တို့ကို တိုက်တွန်းအားပေးနေတာကြောင့် အိန္ဒိယကို တကယ်ပဲ အာရုံစိုက်ပြီး လုပ်ရတာဖြစ်တယ်။ အချိန်ကိုက်လုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု မာ့စ်က တင်းထောက်များအား ပြောကြားခဲ့သည်။ “Tesla ဟာ အိန္ဒိယမှာရှိမှာဖြစ်ပြီး လူသားတို့ကိုအကျိုးပြုရန်အတွက် အမြန်ဆုံးလုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု မည်သည့်အချိန်တွင် စတင်မည်ဆိုသည့် အချိန်ဇယား ကိုမပြောကြားဘဲ အိန္ဒိယနိုင်ငံသို့ အစမ်းသဘောဖြင့် သွားရောက်ရန် စီစဉ်ထားကြောင်းသာ ပြောကြားခဲ့သည်။

မာ့စ် ၏ အိန္ဒိယဈေးကွက်သို့ တွန်းအားပေးမှုသည် အချိန်အတော်ကြာအောင် လုပ်ဆောင်ခဲ့သည်။ ၂၀၁၇ခုနှစ် တုန်းက Tesla (TSLA) ၏ စီအီးအို က အိန္ဒိယတွင် ကားများကို နွေရာသီမှာ ရောင်းချဖို့ စီစဉ်နေသည်ဟု ပြောခဲ့သည်။ သို့သော် Tesla ၏ သွင်းကုန်ခွန် လျှော့ချရေး ကြိုးပမ်းမှုနှင့် ဒေသတွင်း အစိုးရနှင့် ညှိနှိုင်းရန် ကြိုးပမ်းမှုတို့ ကြောင့် အဆိုပါ အစီအစဉ်ကို နှောင့်နှေးစေခဲ့သည်။

မာ့စ် သည် ၂၀၂၁ ခုနှစ်တွင် Tesla မှ အိန္ဒိယသို့ ဝင်ရောက်လိုကြောင်းတွစ်တာတွင် “ သို့သော်မည်သည့် နိုင်ငံနှင့်မဆို အိန္ဒိယသည် ကမ္ဘာပေါ်တွင် တင်သွင်းခွန်သည် အမြင့်ဆုံးဖြစ်သည်” ဟုဆိုခဲ့သည်။ Tesla သည် တာဝန်များကို လျှော့ချရန် ကြိုးပမ်းခဲ့သော်လည်း အိန္ဒိယ အစိုးရသည် ကုမ္ပဏီအား အခွန် လျှော့ပေါ့ပေးရန် ကိစ္စမစဉ်းစားမီ ပြည်တွင်း၌ ကားများကို အရင် ထုတ်လုပ်ရန် ဆန္ဒရှိကြောင်း Reuters က ဖော်ပြခဲ့သည်။

အင်္ဂါနေ့တွင် မာ့စ် သည် မိုဒီ နှင့် “ သိပ်ကိုကောင်းမွန်တဲ့တွေ့ဆုံမှု” ကိုပြုလုပ်ခဲ့ပြီး “ အိန္ဒိယ၏အနာဂတ်အတွက်အလွန်စိတ်လှုပ်ရှားမိသည်” ဟုပြောကြား ခဲ့သည်။

မိုဒီ က အိန္ဒိယအတွက် တကယ်ကို မှန်ကန်တဲ့ လုပ်ရပ်ကို လုပ်ချင်တယ်။ သူက ဖွင့်ပေးချင်တယ်၊ ကုမ္ပဏီတွေကို ပံ့ပိုးပေးချင်တယ်။ တစ်ချိန်တည်းမှာပင် အိန္ဒိယအတွက်အကျိုးကျေးဇူးတွေတိုးပွားလာစေကြောင်း သေချာစေဖို့ပါ” ဟု မာ့စ် က ပြောကြားခဲ့သည်။

Tesla သည် လက်ရှိတွင် ရှန်ဟိုင်းတွင် တည်ရှိသော အာရှတွင် ကြီးမားသော စက်ရုံတစ်ခုရှိသည်။ ရှန်ဟိုင်းစက်ရုံသည် Tesla ၏အမေရိကန်ပြင်ပတွင် အကြီးဆုံး ကားထုတ်လုပ်ရေး စက်ရုံဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် Tesla ၏ ကမ္ဘာလုံး ဆိုင်ရာပို့ဆောင်မှု၏ ထက်ဝက်ကျော်ရှိသည်။ ကုမ္ပဏီသည် ယခုနှစ်ကုန်တွင် Tesla စက်ရုံအသစ်အတွက် တည်နေရာကို ရွေးချယ်ဖွယ်ရှိကြောင်းနှင့် အိန္ဒိယသည် စိတ်ဝင်စားစရာကောင်းသည့် ရွေးချယ်မှု တစ်ခုဖြစ်ကြောင်း ပြီးခဲ့သည့်လက ပွဲတစ်ခုတွင် မာ့စ် က ပြောကြားခဲ့သည်ဟု ထိုအချိန်က ရိုက်တာ သတင်းတွင် ထည့်သွင်း ဖော်ပြခဲ့ဘူးသည်။

တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံစလုံးသည် ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ကား EV ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံတွင်း ပြုလုပ်ရန် ဆွဲဆောင်လျက်ရှိပြီး EV စက်မှုလုပ်ငန်းကို မြှင့်တင်ရန် ကြိုးစားနေကြသည်။

တရုတ်နိုင်ငံသည် ဘက်ထရီစွမ်းအင်သုံးကားများ၊ plug-in hybrids နှင့် fuel-cell ကားများအပါအဝင် စွမ်းအင်သုံးကားသစ်များကို EV ဈေးကွက်တွင်ထုတ်လုပ် သူများအတွက် အခွန်လျှော့ပေါ့မှုကို ၂၀၂၇ ခုနှစ်အထိ သက်တမ်း တိုးမည် ဖြစ်ကြောင်း တရုတ်က ကြေညာခဲ့သည်။

လက်ရှိမူဝါဒသည် ၂၀၂၃ နှစ်ကုန်အထိ NEV များဝယ်ယူခွန်ကင်းလွတ်ခွင့်ပြုထားသည်။ ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ အခွန်ငွေ ယွမ် ၅၂၀ ဘီလီယံ (ဒေါ်လာ ၇၂ ဒသမ ၃ ဘီလီယံ) ထိ ရှိလာမည်ဟု ခန့်မှန်းထားကြောင်း ဘဏ္ဍာရေးဒုဝန်ကြီး ဇူ ဟောင်ကိုင်း (Xu Hongcai) က ဘေဂျင်းတွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယခုလုပ်ရပ်သည် ယခုလအစောပိုင်းက နိုင်ငံတော်ကောင်စီအစည်းအဝေးအပြီးတွင် အကြီးတန်းအရာရှိများက NEV ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန်နှင့် အခွန်ကင်းလွတ်ခွင့်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရန် မူဝါဒများကို လေ့လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မေလ ၃၀ မှ ဇွန်လ ၁ ရက်နေ့အထိ၊ မာ့စ် သည် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံသို့ ပထမဆုံးလာရောက်လည်ပတ်ခဲ့ပြီး နိုင်ငံတွင်း လျှပ်စစ်ကား ဖွံ့ဖြိုးတိုးတက်မှုနှင့် Tesla ၏လုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးရန်အတွက် အစိုးရအရာရှိများနှင့် တွေ့ဆုံခဲ့သည်။

သူသည် ရှန်ဟိုင်းရှိ ကြီးမားသောစက်ရုံကြီး (Shanghai Gigafactory) သို့သွားရောက်လည်ပတ်ခဲ့ပြီး အလုပ်သမားများအား ကျေးဇူးတင်စကားပြောကြားကာ ၎င်းတို့သည် ကမ္ဘာတစ်ဝှမ်းရှိ အရည်အသွေးအမြင့်မားဆုံး Tesla ကားများကို “ အထိရောက်ဆုံး ထုတ်လုပ်ခြင်း” ဖြင့် လုပ်ဆောင်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။ မထွက်ခွာမီတွင် မာ့စ် သည် ရှန်ဟိုင်း ကွန်မြူနစ်ပါတီ အကြီးအကဲ ချန် ဂျီနင်း( Chen Jining) နှင့် တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် လည်ပတ်မှုများကို မြှင့်တင်ရန်နှင့် မြို့တော်သို့ “ ထုတ်ကုန်အသစ်များ၊ နည်းပညာအသစ်များနှင့် ဝန်ဆောင်မှုအသစ်များ” ကို ယူဆောင်လာရန် အားပေးသည့် ရှန်ဟိုင်း ကွန်မြူနစ်ပါတီ အကြီးအကဲ ချန် ဂျီနင်း နှင့်လည်း တွေ့ဆုံခဲ့ကြောင်း အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CNN သတင်းတွင် ၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ဖော်ပြသည့် Elon Musk says Tesla is coming to India ‘as soon as humanly possible’ ကိုခေတ်မျက်လုံးမှဘာသာပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ နည်းပညာ ဘာသာပြန်ဆောင်းပါး မြန်မာသတင်း သဘာ၀ပတ်ဝန်းကျင်

မြေရှားသတ္တု ကျိန်စာသင့်နေသော မြန်မာနိုင်ငံ

  • 2024 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 250 Views
‘အနစ်နာခံရပ်ဝန်း’ မြန်မာနိုင်ငံသည် ပြည့်ဖြိုးမြဲစွမ်းအင်၏ ဘေးဒဏ်ကို ခံစားနေရသည်။ အေပီ သတင်းထောက်များဖြစ်သော DAKE KANG၊ VICTORIA MILKO နှင့်
နိုင်ငံတကာစီးပွားရေး အမေရိကန်

Tesla လျှပ်စစ်ကား အရောင်းသိသိသာသာ ကျဆင်းသွားကြောင်း ကြေညာ

  • 2024 ခုနှစ်၊ ဧပြီလ 3 ရက်
  • 121 Views
ဧပြီလ (၃) ရက်။ အမေရိကန် လျှပ်စစ်ကား (EV) ကုမ္ပဏီကြီး Tesla သည် ဇန်နဝါရီမှ မတ်လအတွင်း ကားသစ်ရောင်းအားသည်
နိုင်ငံတကာစီးပွားရေး အရှေ့အလယ်ပိုင်း ဥရောပ

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံဈေးမြင့်တက်လာ

  • 2023 ခုနှစ်၊ အောက်တိုဘာလ 12 ရက်
  • 188 Views
ပြည်သူတို့အတွက် ခေတ်မျက်လုံး ချန်နယ် မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူလူထုတို့၏ သိရှိလိုမှု၊ သိသင့်သည့် အမှန်တရားများကို ဖော်ထုတ်သွားမည့် ခေတ်မျက်လုံး Era’sEyes ချန်နယ်သည် ပြည်သူတို့ နှင့်အတူရပ်တည်ကာ ဘက်မလိုက်ဘဲ အမှန်တရားတို့ကို ဖော်ထုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။ Subscribes ပြုလုပ်ထားခြင်းဖြင့်
နည်းပညာ

တိုယိုတာ EV လျှပ်စစ်ကားတွေ အမေရိကန်ပြိုင်ဘက် TESLA ကို ကျော်နိုင်တော့မလား။

  • 2023 ခုနှစ်၊ စက်တင်ဘာလ 26 ရက်
  • 147 Views
တိုယိုတာ gigacasting ရှေ့ပြေးပုံစံသည် ထုတ်လုပ်မှုကို နာရီမှ မိနစ်အထိ လျှော့ချနိုင်သည်။ တိုယိုတာမော်တာသည် သုံးမိနစ်အတွင်း ကားကိုယ်ထည်၏ သုံးပုံတစ်ပုံကို ဖန်တီးပေးနိုင်သည့် ၎င်း၏ ကိုယ်ပိုင်ကိရိယာများကို ထုတ်ဖော်ပြသခဲ့ပြီး အမေရိကန်ပြိုင်ဘက် TESLA က အသုံးပြုထားသည့် လုပ်ငန်းစဉ်နှင့်
နည်းပညာ နိုင်ငံတကာ အနုပညာ နိုင်ငံတကာစီးပွားရေး လက်တင်အမေရိက အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ရုရှား အရှေ့ဖျားရှိ တိုက်လေယာဉ်စက်ရုံသို့ သွားရောက်လည်ပတ်စဉ် တိုက်လေယာဉ်အတွင်းပိုင်းကို ကင်ဂျုံအွန်အား ရုရှားက ထုတ်ဖော်ပြသ။

  • 2023 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 206 Views
မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ရုရှားတိုက်လေယာဉ်စက်ရုံသို့ သွားရောက်လည်ပတ်ခွင့်ရပြီး တိုက်လေယာဉ်မျးကို အနီးကပ်ကြည့်ရသည့်အတွက် “ နှလုံးသားက ပြင်းပြင်းထန်ထန် လှုပ်ရှားသွားရလောက်အောင် အလွန်အမှတ်ရဖွယ်” ဖြစ်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။ ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်မှု စတုတ္ထမြောက်နေ့ဖြစ်သော ၁၅ ရက်နေ့တွင်
ဆောင်းပါးများ နည်းပညာ ဥရောပ

iPhone 15 စီးရီးအသစ်ကို Apple ကြေညာ။

  • 2023 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 196 Views
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်၊ ကူပါတီနို၊ ကယ်လီဖိုးနီးယား။ စက်တင်ဘာလ (၁၂) ရက်နေ့တွင် Apple ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ကူပါတီနိုရှိ Apple ရုံးချုပ်မှာ ကျင်းပတဲ့ မိတ်ဆက်ပွဲမှာ `iPhone 15´
ဆောင်းပါးများ နည်းပညာ သိပ္ပံ အချက်အလက်များ အတွေးအမြင်ကဏ္ဍ အာရှ

ဆီမီးကွန်ဒတ်တာများ

  • 2023 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 177 Views
ပိုမိုအားကောင်းသည့် ChatGPT ကို ပြုလုပ်ရန် TSMC သည် ဆီလီကွန် ဖိုတိုနစ်စ် (silicon photonics) များနှင့် လောင်းကြေးထပ်လိုက်သည်။ ထွန်းသစ်စနယ်ပယ်သည် နည်းပညာသမားများအတွက် တိုက်ပွဲသစ်ဖြစ်လာသည်။ တိုင်ဝမ် Semiconductor ထုတ်လုပ်ရေးကုမ္ပဏီ သည် ChatGPT