နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်

ထိုင်းနိုင်ငံရေး

ထိုင်းနိုင်ငံရေး

သက်ဆင်ရှင်နာဝပ်သည် ၁၅ နှစ်ကြာ ပြည်ပကို ထွက်ပြေးတိမ်းရှောင်ပြီးနောက် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိ။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ၁၅ နှစ်ကြာ ပြည်ပကို ထွက်ပြေးတိမ်းရှောင်ပြီးနောက် ထိုင်းနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ထိုင်းနိုင်ငံသို့ ပြန်ရန် ကြိုးပမ်းမှု အကြိမ် ၂၀ ခန့် ဖျက်သိမ်းခံရပြီးနောက် ယနေ့ သြဂုတ်လ (၂၂) ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သက်ဆင်ကို တင်ဆောင်လာသည့် ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်း ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ကို မနက် ၉ နာရီဝန်းကျင်မှာ ဆင်းသက်ခဲ့ပြီး ရာနဲ့ချီသည့် ထောက်ခံသူများ သက်ဆင်ကို ကြိုဆိုဖို့ လေဆိပ်အပြင်ဘက်မှာ စုရုံးခဲ့ကြပါသည်။

ထိုင်းနိုင်ငံသို့ မပျံသန်းမီ စင်ကာပူနိုင်ငံ Seletar လေဆိပ်၌ ယနေ့ နံနက်ပိုင်းက “ ထိုင်းပြည်သူတွေနဲ့ အတူရှိနေဖို့ အချိန်တန်ပြီ” ဟု ၎င်းက Nikkei Asia ကို ပြောကြားခဲ့ပါသည်။

ညွန့်ပေါင်းအဖွဲ့ကို ကြားဝင်စေ့စပ်ပေးပြီးနောက် အစိုးရသစ်ဖွဲ့ရန် မျှော်လင့်နေသည့် ၎င်း၏ ဖွေထိုင်းပါတီသည် ပါလီမန်တွင် ဝန်ကြီးချုပ်သစ် ရွေးချယ်ရန် မဲခွဲရမည့် နာရီပိုင်းအလိုတွင် ၎င်းက ပြန်ရောက်လာခြင်း ဖြစ်သည်။

သက်ဆင်သည် နှစ်ပေါင်း ၂၀ ကျော်ကြာ မရှိတော့သည့်တိုင် ထိုင်းနိုင်ငံရေးတွင် အသာစီးရခဲ့သည်။ သူ၏ ချမ်းသာကြွယ်ဝမှုနှင့်အတူ ဒူဘိုင်း၊ စင်္ကာပူနှင့် ဟောင်ကောင်တို့ကဲ့သို့ မြို့ကြီးများတွင် သြဇာကြီးသော ထိုင်းပုဂ္ဂိုလ်များဖြင့် X (ယခင်က Twitter) နှင့် Clubhouse ကဲ့သို့သော ဆိုရှယ်မီဒီယာ ပလက်ဖောင်းများတွင် ထုတ်ဖော်ပြောဆိုပြီး ပရိသတ်များကို ဖမ်းစားထားနိုင်ခဲ့သည်။

“ ကမ္ဘာ့ဘယ်နေရာမှာမဆို လွတ်လွတ်လပ်လပ် သွားလာလို့ရနေပေမယ့် မိသားစုနဲ့ ဝေးကွာနေရတဲ့ ထောင်ကျဖူးပါတယ်။ ထောင်နည်းနည်း ကျခံပြီး ထိုင်းနိုင်ငံကို ပြန်ဝင်ရမယ်ဆိုရင် ကိစ္စမရှိပါဘူး” ဟု သက်ဆင်က မတ်လတွင် Nikkei သို့ ပြောကြားခဲ့သည်။

သက်ဆင်နှင့် ဆက်နွယ်နေသည့် ပါတီများသည် Thai Rak Thai ပါတီနှင့် အာဏာရလာချိန်တွင် ၂၀၀၁ ခုနှစ်မှ စတင်ကာ ရွေးကောက်ပွဲတိုင်းတွင် အနိုင်ရရှိခဲ့သည်။

၎င်း၏ညီမဖြစ်သူ ယင်လပ်ရှင်နာဝပ်ထရာသည် အလားတူ ထောင်ဒဏ်ငါးနှစ် ချမှတ်ခံထားရပြီး နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ဖွေထိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် နောက်ဆုံး အာဏာသိမ်းမှု မတိုင်မီ နောက်ဆုံး ဝန်ကြီးချုပ် ဖြစ်ခဲ့သည်။သက်ဆင် ပြန်လာချိန်တွင် အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ထောင်ဒဏ် ၁၂ နှစ် ကျခံရမည့်အမှုဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် မျက်ကွယ်တွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

သို့သော် အသက် ၇၄ နှစ်ရှိပြီဖြစ်သောသူသည် အကျဉ်းထောင်ထဲတွင် အချိန်ကုန်မည်ကို နိုင်ငံရေး လေ့လာသူများက သံသယရှိနေကြသည်။ ထိုင်းနိုင်ငံတွင် အသက် ၇၀ ကျော် ပြစ်ဒဏ်ကျခံနေရသူများသည် လွတ်ငြိမ်းချမ်းသာခွင့် သို့မဟုတ် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းဆိုရန် အရည်အချင်း ပြည့်မီသည်။

“ သက်ဆင်နဲ့ဆက်ဆိုင်တဲ့ အချက်ကို ပြေလည်အောင် မဖြေရှင်းဘဲနဲ့၊ သူ့ရဲ့ လူကြိုက်များတဲ့ အင်အားစုနဲ့ ကွန်ဆာဗေးတစ်နဲ့ စစ်ဘက်ဆိုင်ရာ ထူထောင်မှုတွေအကြား ပြန်လည်သင့်မြတ်ရေး ရှိလာမှာ မဟုတ်ဘူး” ဟု ချူလာလောင်ကွန်း တက္ကသိုလ် လုံခြုံရေးနှင့် နိုင်ငံတကာ လေ့လာရေး အင်စတီကျု ဒါရိုက်တာ Thitinan Pongsudhirak က ပြောကြားခဲ့သည်။

မေလ ၁၄ ရက် ထိုင်းရွေးကောက်ပွဲပြီးနောက် နိုင်ငံရေး အပေးအယူ လုပ်မှုများသည် သက်ဆင်အတွက် အဆုံးစွန်သော သဘောတူညီချက် ဖြစ်လာနိုင်သည်။ ဖွေထိုင်းပါတီသည် ရွေးကောက်ပွဲတွင် အောက်လွှတ်တော်အမတ်နေရာ ၃၀၀ ကျော်ကို စစ်တပ်က ခန့်အပ်ထားသော အထက် လွှတ်တော်မှ ပယ်ချခြင်း မရှိဘဲ ဝန်ကြီးချုပ်တစ်ဦးကို ခန့်အပ်ရန် ရည်မှန်းချက်ထားခဲ့သည်။

ယခု အစီအစဉ်သည် ဖွေထိုင်းထက် ပိုမိုသင့်လျော်သော ဒီမိုကရေစီကို ဆောင်ကျဉ်းပေးသူအဖြစ် မဲဆန္ဒရှင်များက ယူဆသော တိုးတက်သော Move Forward ပါတီကို အဆိုပါ အစီအစဉ်က စိတ်ပျက်စေခဲ့သည်။

သို့သော် ယခု ရွေးကောက်ပွဲအပြီး သုံးလအကြာတွင် ဖွေထိုင်းသည် Move Forward ပါတီအုပ်စုမှ ထွက်ခွာပြီး ယင်လပ်ကို ဖြုတ်ချခဲ့သော စစ်ဗိုလ်ချုပ်များ ဦးဆောင်သော ပါတီများနှင့် ပေါင်းစည်းပြီးနောက် အစိုးရဖွဲ့ရန် အနေအထားတွင် ရှိနေသည်။

အင်္ဂါနေ့အကုန်တွင် ပါလီမန်က ၎င်း၏ ကိုယ်စားလှယ်လောင်းကို အတည်ပြုပါက ပါတီသည် ဝန်ကြီးချုပ်ရာထူးကို လက်ခံရယူ နိုင်မည်ဖြစ်သည်။

သို့သော် Move Forward ပါတီကို ထောက်ခံခဲ့သည့် ပြုပြင်ပြောင်းလဲလိုသော ဆန္ဒမဲပေးသူများကို ဖွေထိုင်းသည် ဆုံးရှုံးလိုက်ရပြီးနောက် သက်ဆင်၏ အိမ်ပြန်ခြင်းသည် အနာဂတ်ရွေးကောက်ပွဲများတွင် ဖွေထိုင်း၏ ဒီမိုကရေစီဆိုင်ရာ ယုံကြည်မှုများကို ပိုမိုထိခိုက်စေနိုင်သည်။ “ဖွေထိုင်းဟာ အဓိကဇာတ်ကောင်း မဟုတ်တော့ပါဘူး” ဟု Thitinan က ဆိုသည်။

သက်ဆင်၏ ယခင် ရွေးကောက်ပွဲ အောင်ပွဲများသည် လူတန်းစားနှင့် ပထဝီဝင် ကွဲပြားမှုများအပေါ်တွင် သက်ရောက်မှု ရှိသော်လည်း “ ထိုင်းနိုင်ငံရေးမှာ ထို့ထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအကြောင်းသည် အဓိကအချက်ဖြစ်သည်” ဟု Thitinan က ပြောသည်။

တနင်္လာနေ့တွင် “ရှပ်နီ” ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် နတ္တဝုဆိုင်းကွင်သည် စစ်တပ်နှင့်ဆက်နွှယ်နေသည့် ပလန်ပရာချာရတ်နှင့် ညီညွတ်သော ထိုင်း Nation ပါတီများနှင့် မဟာမိတ်ဖွဲ့ခြင်းအတွက် ဖွေထိုင်းပါတီနှင့် ၎င်း၏ ဆက်ဆံရေးကို အဆုံးသတ်ခဲ့သည်။

“ဖွေထိုင်းပါတီထဲမှာ သက်ဆင်ကို လိုလားတဲ့သူထက် သက်ဆင်အလွန်ပါတီအဖြစ် ရပ်တည်လိုတဲ့သူတွေ ဖွေထိုင်းထဲမှာ သေချာပေါက် ရှိပါတယ်” ဟု စင်ကာပူနိုင်ငံ နန်းယန်းနည်းပညာတက္ကသိုလ်မှ ပါမောက္ခ Duncan McCargo က ပြောကြားခဲ့သည်။

ဖွေထိုင်းထောက်ခံသူအချို့က ပါတီသည် အာဏာရရန် လက်တွေ့ကျသောလမ်းကို ကျင့်သုံးရန် လိုအပ်ကြောင်းနှင့် အဓိကကျသော စီးပွားရေးဆိုင်ရာ ဝန်ကြီးဌာနများကို စီမံခန့်ခွဲနိုင်ပါက စားဝတ်နေရေးကို ဖြေရှင်းရန်အတွက် ၎င်းတို့သည် ဖွေထိုင်းပါတီအား အဓိက အရေးပါသော လမ်းကြောင်းအဖြစ် လက်ခံနိုင်သည်။

Source: Nikkei

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း

အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအပေါ် နှုတ်ဆိတ်နေပြီး၊ မဲ ပြန်လည် ရေတွက် ရန် ဆန္ဒပြမှုများ တိုးလာချိန်တွင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 47 Views
နေရှင်း ဘန်ကောက်သတင်းစာ- ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက် ထိုင်းယာယီဝန်ကြီးချုပ် အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအတွက် အတည်ပြု ပြီးသား ရလဒ်များကို
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ အပြတ်အသတ် အသာစီးရ၊ ပြည်သူ့ပါတီ(People’s Party) ရှုံးနိမ့်ကြောင်း ဝန်ခံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 49 Views
ဘန်ကောက်ပို့စ် — ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ ခေါင်းဆောင် အနူတင်က
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ခေတ်မျက်လုံးအထူးဆောင်းပါး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 94 Views
ထိုင်းနှင့်မြန်မာဒီမိုကရေစီတိုက်ပွဲ ဘယ်သူပန်းတိုင်အရင်ရောက်မလဲ? ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက် ထိုင်းရွေးကောက်ပွဲနှင့် People’s Party (ပြည်သူ့ပါတီ) ၏ အလားအလာ ထိုင်းရွေးကောက်ပွဲကို ဒီနေ့ဖေဖော်ဝါရီလ ၈ ရက် (တနင်္ဂနွေနေ့) တွင် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်။
ကမ္ဘောဒီးယား ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထရမ့်၏ အပစ်ရပ်စဲရေး တောင်းဆိုမှု ထွက်ပေါ်ပြီး နာရီပိုင်းအကြာတွင် ထိုင်းနိုင်ငံက ကမ္ဘောဒီးယားကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ကတိပြု

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 118 Views
CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ရက် ဘန်ကောက်၊  ရိုက်တာသတင်း — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အပစ်အခတ်ရပ်စဲရေးကို ကြားဝင်စေ့စပ်ပေးခဲ့ကြောင်း ပြောကြားပြီး နာရီပိုင်းအကြာတွင် တိုက်လေယာဉ်များက ပစ်မှတ်များ ကို စနေနေ့တွင် တိုက်ခိုက်နေချိန်၌ ထိုင်းခေါင်းဆောင်က
ကမ္ဘောဒီးယား တရုတ် ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အမေရိကန် အရှေ့တောင်အာရှ

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအကြား ပဋိပက္ခသည် လက်နက်ကောင်းကောင်း တပ်ဆင် ထားသည့် အမေရိကန်မဟာမိတ်နှင့် တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေးရှိသည့် အားနည်းသော ပြိုင်ဘက်ကို ယှဉ်ပြိုင်စေခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 97 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၉ရက် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ပြန်လည်ဖြစ်ပွားလာသော တိုက်ပွဲများ သည် စွမ်းရည်နှင့် လူအင်အား ကွာဟမှုကြီးမားသော စစ်တပ်နှစ်ခုနှင့် ၎င်းတို့၏ မိုင် ၅၀၀ (ကီလိုမီတာ ၈၀၀) နယ်နိမိတ်တစ်လျှောက် လက်နက်ကိုင်တိုက်ပွဲများ၏ သမိုင်းကြောင်းကို
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် တိုက်ပွဲများ ဒုတိယမြောက်နေ့တွင်စစ်ရှောင် လာသူ တစ်သိန်းကျော်ရှိလာခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 653 Views
CNN- ၂၀၂၅ခုနှစ်၊ ဇူလိုင် ၂၅ရက် ဘန်ကောက်၊ ထိုင်း / ဖနွမ်းပင်၊ ကမ္ဘောဒီးယား -ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား အငြင်းပွားနေသော နယ်စပ်တလျှောက်တွင် သောကြာနေ့က အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ လူတစ်ဒါဇင်ကျော် သေဆုံးပြီး
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အာရှ

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံမှ ခရီးသွားများလာရောက်လည်ပတ်မှုကို မြှင့်တင်ရန်နှင့် ကမ္ဘာ့စျေးကွက်အနေအထားကို ခိုင်မာစေရန်အတွက် ကမ်ပိန်းအသစ်များကို စတင်လိုက်သည်။

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 643 Views
၂၀၂၅ ခုနှစ်၊ ဇွန်လ ၇ ရက် ၂၀၂၅ ခုနှစ် ပထမငါးလ (ဇန်နဝါရီလမှ မေလ) အထိ ထိုင်းနိုင်ငံသို့ နိုင်ငံခြား ခရီးသွားဧည့်သည် စုစုပေါင်း ၁၄သန်း ၃သိန်း ၆သောင်း ၂ ထောင်ကျော်
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

စောချစ်သူရဲ့ ငွေလိမ်ဂိုဏ်း ဘုရားသုံးဆူနဲ့ ရနောင်းကိုဆင်းလာပြီ

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 509 Views
မြန်မာ့အရေးထိုင်းအတွေး ဒီအပတ်ခေတ်မျက်လုံးရဲ့ မြန်မာ့အရေး ထိုင်းအတွေးကဏ္ဍမှာ ထိုင်းအရေးကျွမ်းကျင်သူ ကိုစတီဗင်စန်းယုက မြဝတီက စောချစ်သူရဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းက တရုတ်ဒုစရိုက်ဂိုဏ်းသားတွေ မြဝတီကနေ ၆လအတွင်းထွက်ရမယ်ဆိုတော့ စောချစ်သူက မြဝတီကနေ ဘုရားသုံးဆူဖက်နဲ့ ရနောင်းဖက်ကို ရွှေ့ပေးနေတယ်ဆိုတဲ့ စိတ်ဝင်စားစရာသတင်းကို နားဆင်ရမှာဖြစ်ပါတယ်။နောက်ထပ်