နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

ကမ္ဘောဒီးယား

ကမ္ဘောဒီးယား ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထရမ့်၏ အပစ်ရပ်စဲရေး တောင်းဆိုမှု ထွက်ပေါ်ပြီး နာရီပိုင်းအကြာတွင် ထိုင်းနိုင်ငံက ကမ္ဘောဒီးယားကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ကတိပြု

CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ရက်

ဘန်ကောက်၊  ရိုက်တာသတင်း — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အပစ်အခတ်ရပ်စဲရေးကို ကြားဝင်စေ့စပ်ပေးခဲ့ကြောင်း ပြောကြားပြီး နာရီပိုင်းအကြာတွင် တိုက်လေယာဉ်များက ပစ်မှတ်များ ကို စနေနေ့တွင် တိုက်ခိုက်နေချိန်၌ ထိုင်းခေါင်းဆောင်က ကမ္ဘောဒီးယားနှင့် အငြင်းပွားနေသည့် နယ်စပ်ဒေသတွင် ဆက်လက်တိုက်ခိုက်သွားမည်ဟု ကတိပြုခဲ့သည်။

ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ် (Anutin Charnvirakul) က အရှေ့တောင်အာရှနိုင်ငံသည် ၎င်းတို့၏ နယ်မြေနှင့် ပြည်သူလူထုအပေါ် ထိခိုက်မှုနှင့် ခြိမ်းခြောက်မှုများ မရှိတော့ဟု မခံစားရမချင်း “စစ်ရေးလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သွားမည်” ဟု ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့သည်။

အငြင်းပွားမှု ကြာမြင့်နေသော နယ်စပ်ပြဿနာနှင့် ပတ်သက်၍ အောက်တိုဘာလက အပစ်ရပ်စဲရေး ကို ကြားဝင်ဆောင်ရွက်ပေးခဲ့သည့် ထရမ့်သည် သောကြာနေ့က အနုတင်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်မာနက် (Hun Manet) တို့နှင့် စကားပြောဆိုခဲ့ပြီး “ပစ်ခတ်မှုအားလုံးကို ရပ်စဲရန်” သဘောတူညီခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

ထရမ့်နှင့် ဖုန်းပြောဆိုပြီးနောက် ထုတ်ပြန်သည့် ကြေညာချက်များတွင် ၎င်းတို့နှစ်ဦးစလုံးက မည်သည့် သဘောတူညီချက်ကိုမျှ ဖော်ပြခဲ့ခြင်းမရှိဘဲ အနုတင်ကလည်း အပစ်အခတ်ရပ်စဲရေး မရှိဟု ဆိုသည်။

“ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ ဒီမနက်က ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေက ပြောပြနေပါပြီ” ဟု အနုတင်က ပြောသည်။

အိမ်ဖြူတော်သည် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်ခြင်းမရှိသေးပေ။ ဟွန်မာနက်က စနေနေ့တွင် ဖေ့စ်ဘွတ်ခ်ပေါ်မှ ကြေညာချက်တစ်ခု၌ အောက်တိုဘာ သဘောတူညီချက် နှင့်အညီ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ကမ္ဘောဒီးယားက ဆက်လက် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။

တနင်္လာနေ့မှစ၍ ကမ္ဘောဒီးယားနှင့် ထိုင်းတို့သည် ၈၁၇ ကီလိုမီတာ (၅၀၈ မိုင်) ရှည်လျားသော နယ်စပ်တစ်လျှောက် နေရာများစွာတွင် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်နေကြပြီး ၎င်းသည် ပြီးခဲ့သည့် ဇူလိုင်လက ငါးရက်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း အပြင်းထန်ဆုံး တိုက်ပွဲအချို့ဖြစ်သည်။ ထရမ့်သည် ထိုစဉ်က နှစ်ဦးနှစ်ဖက် ခေါင်းဆောင်များနှင့် ဆက်သွယ်ကာ မကြာသေးမီက ဖြစ်ပွားခဲ့ဖူးသော အဆိုးရွားဆုံး တိုက်ပွဲကို ရပ်တန့်စေခဲ့သည်။ နိုဘယ်လ် ငြိမ်းချမ်း ရေးဆုကို ရထိုက်သည်ဟု ထပ်တလဲလဲ ပြောဆိုခဲ့သည့် ထရမ့်သည် အပစ်အခတ်ရပ်စဲရေးကို ကယ်တင်ရန်အတွက် တစ်ဖန် ပြန်လည် ကြားဝင်စေ့စပ်ပေးရန် စိတ်အားထက်သန်ခဲ့သည်။

ထိုင်းစစ်သားတစ်ဦး မိုင်းနင်းမိ၍ ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားပြီးနောက် ထိုင်းနိုင်ငံက ပြီးခဲ့သည့် လက အပစ်အခတ်ရပ်စဲရေးကို ရပ်ဆိုင်းခဲ့သည်။ ထိုမိုင်းများသည် ကမ္ဘောဒီးယားက အသစ်ချ ထားခြင်းဖြစ်သည်ဟု ဘန်ကောက်က ပြောသည်။ ဩဂုတ်လတွင် ထရမ့်ကို ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း တင်သွင်းခဲ့သည့် ကမ္ဘောဒီးယားက မိုင်းချထားသည့် စွပ်စွဲချက်များကို ပယ်ချခဲ့သည်။

စနေနေ့တွင် ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်မှူးကြီး ဆူရာဆန့် ကုန်ဆရီ (Surasant Kongsiri) က သတင်းစာရှင်းလင်းပွဲ၌ ခရိုင်ခုနစ်ခုတစ်လျှောက် နယ်စပ် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယားက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် “ထိုင်းနိုင်ငံအတွက် ပြန်လည် တုံ့ပြန်ရန် လိုအပ်ခဲ့သည်” ဟု ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီးဌာနက ထိုင်းတပ်ဖွဲ့များသည် ညပိုင်းတွင် တံတားများနှင့် အဆောက်အဦများကို တိုက်ခိုက်ခဲ့ပြီး ရေတပ်သင်္ဘောတစ်စီးမှ အမြောက်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုင်းခေါင်းဆောင် အနုတင်က ထိုင်းစစ်သားများ ဒဏ်ရာရရှိစေခဲ့သော “လမ်းဘေးဗုံး” မှာ မတော်တဆဖြစ်ရပ်ဖြစ်သည်ဟူသော ထရမ့်၏ မှတ်ချက်များကို ပယ်ချလိုက်ပြီး အဆိုပါဖြစ်စဉ်မှာ “လမ်းဘေး မတော်တဆမှု လုံးဝ မဟုတ်ကြောင်း” ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားမှ ဟွန်မာနက်က နောက်ဆုံး တိုက်ပွဲများတွင် “မည်သည့်ဘက်က စတင်ပစ်ခတ်ခဲ့သည် ကို စစ်ဆေးရန်” အမေရိကန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ကြားဝင်ဆောင်ရွက်ပေးခဲ့သော မလေးရှားတို့အား ၎င်းတို့၏ ထောက်လှမ်းရေး စွမ်းဆောင်ရည်များကို အသုံးပြုရန် တောင်းဆိုခဲ့ ကြောင်း ပြောကြားခဲ့သည်။


၂၀၂၅ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့က ထိုင်းနိုင်ငံ၊ စားခဲအို (Sa Kaeo) ပြည်နယ်၊ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက်တွင် ကမ္ဘောဒီးယား အမြောက်ကျည်များကြောင့် ပျက်စီးခဲ့သည်ဟု ယူဆရသော အိမ်တစ်အိမ်၏ အစိတ်အပိုင်းကို ဒေသခံတစ်ဦးက ပြသနေသည်။(ထိုင်းသတင်းဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 75 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက