နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

ဆောင်းပါးများ

ဆောင်းပါးများ အမေရိကန် ဥရောပ

ပိုလန်သည် ယူကရိန်းသို့ တင့်ကားများပေးပို့နိုင်ရန် တွန်းအားပေးလျက်ရှိရာ ဂျာမဏီမှ သဘောတူမည်ဟု မျှော်လင့်

ရုရှား၏ ကျူးကျော်မှုကို ဟန့်တားရန် စစ်ဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာများ ပိုမိုရရှိလာစေရန် ပိုလန်အစိုးရက ၎င်း၏ အနောက်မဟာမိတ်များကို တွန်းအားပေးနေသောကြောင့် ဂျာမနီမှ တည်ဆောက်ထားသော Leopard ကျားသစ် တင့်ကားများကို ယူကရိန်းသို့ ပေးပို့ရန် ဘာလင်အား ခွင့်ပြုချက်တောင်းမည်ဟု ပိုလန်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ဂျာမနီသည် ယူကရိန်းသို့ ၎င်းနိုင်ငံထုတ်တင့်ကားများ ပေးပို့ခြင်းအတွက် တုံ့ဆိုင်းနေသည်။ သို့သော် ဘာလင်သည် ယူကရိန်းအား တိုက်ပွဲဝင် ကျားသစ် ၂ တင့်ကား (Leopard 2) များ ပေးအပ်ခြင်းမှ ပိုလန်အား ရပ်တန့်ရန် ကြိုးစားမည် မဟုတ်ကြောင်း တနင်္ဂနွေနေ့တွင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။ ယင်းပြောကြားချက်အရ ပိုလန်တာဝန်ရှိသူများက ဂျာမနီသည် ပိုလန်တင့်ကားများကို ယူကရိန်းသို့ ပေးပို့ရာတွင် တားဆီးမည်မဟုတ်ဟု ယူဆခဲ့သည်။

ပိုလန်ဝန်ကြီးချုပ် မာတေးအို့ရှ် မိုရာဗီယက်စကီး (Mateusz Morawiecki) က ဂျာမနီကို မည်သည့်အချိန်တွင် တောင်းဆို တင်ပြမည်ကို တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ ပိုလန်သည် ယူကရိန်းသို့ Leopard 2 တိုက်ပွဲတင့်ကားများ ပေးပို့စေလွှတ်ရန် အဆင်သင့်ဖြစ်နေသည့် သဘောတူသောနိုင်ငံများ စုပေါင်း၍ ညွန့်ပေါင်းအဖွဲ့ကို တည်ဆောက်နေသည်ဟု ၎င်းက ပြောကြားခဲ့သည်။ ပိုလန်သည် တင့်ကားများအား နေတိုးမဟုတ်သောနိုင်ငံ (ယူကရိန်း) သို့ ပေးပို့ရန်အတွက် တင့်ကားများ တည်ဆောက်ထုတ်လုပ်သည့် ဂျာမနီနိုင်ငံ၏ သဘောတူညီချက်ကို လိုအပ်သည်။ သို့သော် ဂျာမနီထံမှ ခွင့်ပြုချက် မရရှိလျှင်ပင် ပိုလန်သည် ၎င်း၏ကိုယ်ပိုင် ဆုံဖြတ်ချက်ကို ချမှတ်သွားမည်ဖြစ်ကြောင်း မိုရာဗီယက်စကီးက ပြောကြားခဲ့သည်။

ပိုလန်သည် စစ်ပွဲစတင်ပြီးနောက် (၁၁) လအကြာတွင် ကရင်မလင်၏ကျူးကျော်တပ်များကို အောင်နိုင်စေရန် ယူကရိန်းအား စစ်ရေးအကူအညီပေးရန်အတွက် ဥရောပသမဂ္ဂတွင် ဦးဆောင်ထောက်ခံသူ ဖြစ်လာခဲ့သည်။ ဂျာမနီ၏တုံ့ဆိုင်းမှုသည် အထူးသဖြင့် ရုရှား၏ ရန်စမှုအသစ်ကြောင့် အထူးသဖြင့် ခြိမ်းခြောက်ခံနေရသော ပိုလန်နှင့် ဘောလ်တစ်ပြည်နယ်များနှင့် နေတိုး၏အရှေ့ဘက်ခြမ်းရှိ နိုင်ငံများမှ ဝေဖန်မှုများ ထွက်ပေါ်လာသည်။

ဓာတ်ပုံစာ။ ဂျာမနီနိုင်ငံထုတ် ကမ္ဘာ့အကောင်းဆုံး Leopard 2 တင့်ကား။

ဘာလင်သည် များပြားလှသော အကူအညီများ ပေးခဲ့သော်လည်း စစ်ဘက်ဆိုင်ရာ ဟာ့ဒ်ဝဲများပေးအပ်ခြင်းအပေါ် ၎င်း၏ ခြေထောက်ဒရွတ်ဆွဲနေခြင်းအပေါ် ဝေဖန်ခြင်းခံခဲ့ရသည်။ ဂျာမနီအစိုးရပြောရေးဆိုခွင့်ရှိသူ စတက်ဖင် ဟီဘတ်စတိုင် (Steffen Hebestreit) က တနင်္လာနေ့တွင် ဂျာမနီအတွက် နောင်တရနိုင်သည့် “မဆင်မခြင်” ခြေလှမ်းကို မလုပ်ဆောင်ရန် အရေးကြီးကြောင်းနှင့် ဆုံးဖြတ်ချက်ကို အလျင်စလို လုပ်ဆောင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ “ဒါတွေက ဘဝနဲ့ သေခြင်းတရားရဲ့ ခက်ခဲတဲ့မေးခွန်းတွေပဲ” ဟု သူက ထပ်ပြောသည်။

“ကိုယ့်နိုင်ငံကာကွယ်ရေးအတွက် ဘာကိုဆိုလိုသလဲလို့ မေးရမှာပေါ့။ တင့်ကားများ စေလွှတ်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်သည် အချိန်မည်မျှကြာမည်ကို အလေးအနက်ထား၍ ဟီဘတ်စတိုင်က “ အခု လနဲ့ချီပြီး မေးခွန်းထုတ်စရာ မဟုတ်ဘူးလို့ ကျွန်တော် ယူဆပါတယ်။ ယူကရိန်းအစိုးရသည် တင့်ကားများ၊ အထူးသဖြင့် ကျားသစ်များသည် ကိယက်ဗ်၏စစ်ပွဲအတွက် အရေးကြီးသည်ဟု ဆိုသည်။ ယခင်ကလည်း ပိုလန်အရာရှိများက ဖင်လန်နှင့် ဒိန်းမတ်တို့သည် ကျားသစ်များကို ယူကရိန်းသို့ စေလွှတ်ရာတွင် ဝါဆောနှင့်ပူးပေါင်းရန် အသင့်ရှိကြောင်း ညွှန်ပြခဲ့သည်။

အင်္ဂလန်နိုင်ငံသည် ၎င်း၏ “စိမ်ခေါ်သူ” အမည်ရ ချဲလင်ဂျာ (“Challenger”) တင့်ကား အချို့ကို ပေးပို့မည်ဟု ကတိပြုထားသည်။ ပြင်သစ်သမ္မတ အီမယ်နျူရယ် မက်ခရွန် (Emmanuel Macron) က ယူကရိန်းသို့ ပြင်သစ်နိုင်ငံထုတ် လွတ်ကလဲရာ (Leclerc) တိုက်ပွဲဝင်တင့်ကားများ စေလွှတ်ခြင်းအား သူ့အနေနှင့် မပိတ်ပင်ထားပါဟုဆိုပြီး ယင်းနှင့်ပတ်သက်ပြီး ဆောင်ရွက်ရန်ကိစ္စကို ၎င်း၏ကာကွယ်ရေးဝန်ကြီးအား တာဝန်ပေးထားခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

သို့သော် မက်ကရွန်က အခြားသော အနောက်နိုင်ငံခေါင်းဆောင်များ၏ စိတ်တွင် လေးနက်စွာစဉ်းစားနေသည့် စံနှုန်းသုံးရပ်အပေါ် ရှိနေပြီး ထိုစံနှုန်းများအပေါ်မူတည်၍ ဆုံးဖြတ်ချက်ကို ချခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုစံနှုန်းများမှာ စက်ပစ္စည်းများကို မျှဝေသုံးစွဲခြင်းသည် ပဋိပက္ခကို တိုးမြင့်လာစေခြင်း မဖြစ်စေရေး၊ အချိန်ယူလေ့ကျင့်သည့်အခါ ထိရောက်ပြီး အလုပ်ဖြစ်နိုင်သောအကူအညီများ ပေးစွမ်းနိုင်ခြင်းနှင့် စစ်လက်နက်ပစ္စည်းများပေးခြင်းကြောင့်မိမိနိုင်ငံ၏ တပ်မတော်ကို အားနည်းမသွားစေရန်တို့ကို ထည့်သွင်းစဉ်းစားရန်တို့ဖြစ်သည်ဟု မက်ကရွန်မှ ပြောကြားခဲ့သည်။

ပိုလန်သည် ယူကရိန်းသို့ ကျားသစ်တင့်ကားများ စေလွှတ်ရန် ဂျာမနီ၏ ခွင့်ပြုချက်ရယူရန် ရည်ရွယ်ထားသော်လည်း ဥရောပသမဂ္ဂ နိုင်ငံအုပ်စုတစ်စုက ယူကရိန်းကို မည်သို့ကူညီရမည်ကို ကြည့်ရှုနေသောကြောင့် တောင်းဆိုမှုသည် ဒုတိယကိစ္စဖြစ်ကြောင်း မိုရာဗီယက်စကီးက ပြောကြားခဲ့သည်။ “ နောက်ဆုံးမှာ၊ ကျွန်တော်တို့ ဒီခွင့်ပြုချက်မရခဲ့ဘူး ဆိုရင်တောင်၊ ဒီညွန့်ပေါင်းအဖွဲ့ငယ်လေးထဲမှာ၊ ဂျာမနီက ဒီညွန့်ပေါင်းအဖွဲ့ထဲမှာ မရှိဘူးဆိုရင်တောင်၊ ငါတို့ရဲ့ တင့်ကားတွေကို တခြားသူတွေနဲ့အတူ ယူကရိန်းကို လွှဲပြောင်းပေးမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံ ၂၇ နိုင်ငံ ဥရောပသမဂ္ဂ အစုအဖွဲ့ကို ရည်ညွှန်းပြီး အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ “ဘရူဆဲလ်ရှိ ကျွန်ုပ်တို့ရဲ့ လုပ်ဖော် ကိုင်ဖက်များနှင့် ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ကြောင်း မိုရာဗီယက်စကီးက ပြောကြားခဲ့သည်။ “ပုံမှန်အားဖြင့်၊ ဒါတွေဟာ လွယ်ကူတဲ့ ဆွေးနွေးပွဲတွေ မဟုတ်ပါဘူး၊ ဒါပေမယ့် နိုင်ငံအသီးသီးမှာ မလိုလားအပ်တဲ့ ဒီအတားအဆီးကို ချိုးဖျက်ဖို့ ကြိုးပမ်းသွားမှာပါ” ဟု ၎င်းက ဆိုသည်။

ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အင်နာလီးနား ဘယ်ယားဘော့ခ် (Annalena Baerbock) က ပြင်သစ်ရုပ်သံလိုင်း LCI ကို တနင်္ဂနွေနေ့တွင် ပြောကြားရာတွင် ပိုလန်သည် ၎င်း၏ ဂျာမန်လုပ် Leopard ကျားသစ်တင့်ကားအချို့ကို မျှဝေရန် ဘာလင်၏ခွင့်ပြုချက်ကို တရားဝင် မတောင်းသော်လည်း “ ကျွန်တော်တို့ကို တရားဝင် တောင်းဆိုလာပါက လမ်းပေါ်ပိတ်ပြီးရပ်မှာ မဟုတ်ဘူး” ဟု ဆိုသည်။ ဘယ်ယားဘော့ခ် ၏မှတ်ချက်များနှင့် ပတ်သက်၍ မိုရာဗီယက်စကီးက “ ဖိအားပေးတာ အဓိပ္ပာယ်ရှိတယ်” ဟုဆိုပြီး သူ၏စကားများက ဂျာမနီသည် မဟာမိတ်အဖွဲ့တွင်ပင် ပါဝင်ရန် မျှော်လင့်ချက် မီးတောက်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘယ်ယားဘော့ခ်က “ ဂျာမဏီဟာ နောက်ပိုင်းမှာတော့ တားဆီး ပိတ်ပင်တော့မှာ မဟုတ်ဘူး၊ ဒါ့အပြင် ယူကရိန်းအတွက် လေးလံပြီး ခေတ်မီတဲ့ စက်ကိရိယာတွေ ပံ့ပိုးပေးမယ့် မျှော်လင့်ချက်ကို ပေးခဲ့တယ်” ဟု မိုရာဗီယက်စကီး က ပြောကြားခဲ့သည်။ “ ကျားသစ်များ ရရှိနိုင်စေရန် ဘာလင်ရှိအစိုးရအား ကျွန်ုပ်တို့ အဆက်မပြတ် ဖိအားပေးနေပါတယ်” ဟု မိုရာဗီယက်စကီးက အနောက်ပိုင်း ပို့စ်နမ် (Poznan) မြို့တွင် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မိုရာဗီယက်စကီး၏အဆိုအရ ဂျာမနီတွင် “လက်ရှိလှုပ်ရှားအသုံးပြုနေသော Leopard ကျားသစ်တင့်ကား ၃၅၀ ကျော်နှင့် သိုလှောင်ရုံအတွင်း ၂၀၀ ခန့်” ရှိသည်ဟု သိရသည်။ ပိုလန်သည် Leopard ကျားသစ်တင့်ကားများ အမြောက်အမြားကို ပေးစေလိုသည်။ ၎င်းတို့ ပေးမည့် တင့်ကား ၁၄ စီးလောက်နှင့် ရာပေါင်းများစွာသော တင့်ကားများပါဝင်သည့် စစ်ပွဲကြီးကို ဆင်နွှဲနိုင်မည် မဟုတ်ပေ။

အခြားနိုင်ငံများက ပံ့ပိုးပေးမည်ဆိုပါက တင့်ကားတပ်စုသည် ပိုမိုကြီးမားသော တပ်မဟာ အရွယ်အစားအထိ ကြီးထွားလာနိုင်ကြောင်း ဝါဆောက သုံးသပ်သည်။ အနောက်ဥရောပတင့်ကားများအား ယူကရိန်းသို့ ပေးပို့ခြင်းဆိုင်ရာ နောက်ဆုံးပေါ် တိုးတက်မှုများသည် မဟာမိတ်အဖွဲ့ဝင်များကြား စိုးရိမ်ထိတ်လန့်မှု တိုးလာကြောင်း ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ် (Dmitry Peskov) က ပြောကြားခဲ့သည်။ ဂျာမနီ သံတမန် အကြီးအကဲ ဘယ်ယားဘော့ခ်က ယူကရိန်းသို့ တင့်ကားများ ပေးပို့နိုင်ခြေနှင့် ပတ်သက်၍ အပြုသဘော ဆောင်သော မှတ်ချက်များ ပေးခဲ့သည်။

ဂျာမန်အာဏာပိုင်များသည် “ ဒီတင့်ကားတွေ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို သိပါတယ်” “ ဒါကြောင့် ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အခု ဆွေးနွေးနေတာပါ” ဟု LCI မှ တင်ထားသော အင်တာဗျူးတွင် ဘယ်ယားဘော့ခ်က ပြောကြားခဲ့သည်။ ယူကရိန်းထောက်ခံသူများသည် သောကြာနေ့က ဂျာမနီရှိ ရမ်စတိန်းလေတပ်စခန်း၌ တွေ့ဆုံမှုအတွင်း ယူကရိန်းအား စစ်ရေးအကူအညီ ဒေါ်လာဘီလီယံပေါင်းများစွာ ထောက်ပံ့ရန် ကတိပြုခဲ့ကြသည်။

Leopard 2 တင့်ကားများအတွက် ယူကရိန်း၏ အရေးတကြီး တောင်းဆိုမှုကို နိုင်ငံတကာ ကာကွယ်ရေး ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက် မရရှိခြင်းသည် စစ်ရေးကတိကဝတ်သစ်များကို ပေးအပ်ထားမှုကို မှေးမှိန်သွား စေခဲ့သည်။

ဂျာမနီသည် ယူကရိန်းအတွက် အဓိကလက်နက်အလှူရှင်များထဲမှ တစ်ခုဖြစ်ပြီး ဖြစ်နိုင်ချေရှိသော မီးစိမ်းပြရန်အတွက် ပြင်ဆင်ရန် ၎င်း၏ Leopard 2 တင့်ကား စတော့များကို ပြန်လည်သုံးသပ်ရန် အမိန့်ပေးခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ၊ ဂျာမနီအစိုးရသည် ယူကရိန်းအား ၎င်း၏စစ်ရေးအကူအညီများ တိုးမြှင့်ရေး ခြေလှမ်းတိုင်းတွင် သတိကြီးကြီးထားပြီး ၎င်း၏သမိုင်းနှင့် နိုင်ငံရေးယဉ်ကျေးမှုတွင် အမြစ်တွယ်နေသည့် ချီတုံချတုံဖြစ်နေသည်။

ယူကရိန်းစစ်တပ်အတွက် ခေတ်မီ ဆန်းသစ်သော အနောက်တိုင်းလက်နက်များ ပေးဆောင်ရန် ကတိပြုချက်များကို တုံ့ပြန်သည့်အနေဖြင့် မော်စကို၏ စစ်အရှိန် မြှင့်တက်လာခြင်းသည် ဘေးဥပဒ်အန္တရာယ်ဖြစ်စေကြောင်း သတိပေးချက် တိုးမြှင့်လိုက်သည်။ ရုရှားလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဆာဂေးရစ်ဗ်ကော့ဗ် (Sergei Ryabkov) က အနောက်နိုင်ငံများ၏ ထောက်ပံ့ကူညီမှုသည် ခန့်မှန်း၍ မရသော အကျိုးဆက်များဆီသို့ ဦးတည်သွားနိုင်သည်ဟု မော်စကို၏ ပြောဆိုချက်ကို တနင်္လာနေ့တွင် ထပ်မံ အတည်ပြုခဲ့သည်။

“ လက်နက်တိုးမြင့်ပေးခြင်းသည် အန္တရာယ်အရှိဆုံး လမ်းကြောင်းဖြစ်ကြောင်း အကြိမ်ကြိမ် အခါခါပြောခဲ့ပြီး၊ နောက်ဆက်တွဲအကျိုးဆက်များသည် ကြိုတင်မှန်းဆ၍မရပေ” ဟု ရစ်ဗ်ကော့ဗ်က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့ အချက်ပြမှုတွေကို နားမထောင်ဘဲ ရုရှားရဲ့ရန်ဘက်တွေက ဆက်ပြီး လောင်းကြေးထပ်ပေး နေကြတယ်”ဟုဆိုသည်။

ဆောင်းရာသီတွင် နှစ်ဖက်စလုံး၏ စစ်မြေပြင်နေရာများ အများစုမှာ ပိတ်မိနေသဖြင့် ကရင်မလင် တပ်ဖွဲ့များသည် ယူကရိန်းနယ်မြေများကို ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ရုရှားတပ်ဖွဲ့များသည် အရှေ့မြောက်ပိုင်း ဒေသရှိ မြို့ရွာအများအပြားကို လွန်ခဲ့သည့် ၂၄ နာရီအတွင်း အမြောက်များဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၆၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြားဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ခါကိဗ် (Kharkiv) အုပ်ချုပ်ရေးမှူး အိုလီယက် စစ်နီယူဘာ့ (Oleh Synyehubov) က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ စ

စ်ပွဲသည် ဒုတိယနှစ်သို့ တိုးလာသည်နှင့်အမျှ နှစ်ဖက်စလုံးက နောက်ပြန်ဆုတ်မည့် အရိပ်အယောင်များ မပြကြပေ။ ကရင်မလင်သည် စစ်သားများ ပိုမိုစုဆောင်းခြင်း အတွက် ၎င်း၏ရွေးချယ်ခွင့်များကို ဆက်လက် လမ်းဖွင့်ထားသည်။ အောက်တိုဘာလနှောင်းပိုင်းတွင် နောက်ထပ် အရန်အင်အား ၃၀၀,၀၀၀ (သုံးသိန်း) ကို စည်းရုံးခြင်း ပြီးဆုံးပြီဟု ရုရှားအာဏာပိုင်များက ကြေညာခဲ့သည်။ သို့သော်လည်း ရုရှားရှေ့နေများနှင့် လူ့အခွင့်အရေးအဖွဲ့အချို့က ပူတင်၏ လှုပ်ရှားမှုကို တရားဝင်အဆုံးသတ်ရန် နောက်ထပ်သမ္မတ အမိန့်မထုတ်ပြန်မီအထိ အာဏာတည်ဆဲဖြစ်ကြောင်း ထောက်ပြခဲ့သည်။

တာဝန်ပေးထားသော အရန်စာရင်းများကို စုဆောင်းထားသော်လည်း အမိန့်မှာ ဆက်လက်အသက်ဝင်နေဆဲဖြစ်ကြောင်း ပက်စ်ကော့ဗ်က တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး ၎င်းတွင် “ စစ်တပ်၏တာဝန်များကို ပြီးမြောက်စေရေးအတွက် လိုအပ်သော အခြားအစီအမံများ” လည်း ပါဝင်သည်။ သူကအသေးစိတ်ကိုတော့ပြောမထားချေ။ ယူကရိန်းအရာရှိများသည် ရုရှားသည်သူ၏ တပ်ဖွဲ့ဝင်အသစ်များကို ဆက်လက် စုဆောင်းမည့် အစီအစဉ်နှင့် ပတ်သက်၍ ထပ်ခါတလဲလဲ သတိပေးခဲ့သည်။

Source: အေပီ။
ဓာတ်ပုံ။ အေပီ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 23 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 35 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း