ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာ ရဲစခန်းမှာ အထိုင်ချ တပ်ဆွဲထားတဲ့ အာဏာသိမ်းစစ်တပ်ကို ဒရုန်း အပါအဝင် မြေပြင်ကပါ တပြိုင်တည်း တိုက်ခိုက် ခဲ့တယ်လို့ Snake Eyes PDF ကပြောပါတယ်။
အဲ့ဒီစစ်တပ်ဟာ ကျေးရွာနေပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ခဏခဏပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူ့ကာကွယ်ရေးအင်အားစုတွေက သွားရောက်ပြီး ပျောက်ကြားစနစ်နဲ့ချောင်းမြောင်း တိုက်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်တပ်ဘက်က အထိနာတဲ့ခဲ့တယ်လို့သိရပါတယ်။
မြေပြင်မှာ အထိနာတဲ့စစ်တပ်ဟာ စစ်ကူအနေနဲ့ လေကြာင်းပစ်ကူခေါ်တဲ့အထိ ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေအပြီးမှာ ကာကွယ်ရေးရဲဘော်တွေ တစ်စုံတစ်ရာ ထိခိုက်မှုမရရှိခဲ့ပေမယ့် အပြစ်မဲ့ အရပ်သားပြည်သူ၂ဦးထိခိုက်သေဆုံးခဲ့ရပါတယ်။