နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ဥပဒေအကြံပေး ဦးမင်းတေဇာညွန့်တင် သေနတ်ဖြင့် ၁၄ ချက် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းဆုံအနီးမှာ ဒီနေ့ မတ်လ ၂၄ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်လောက်မှာ စစ်ကောင်စီရဲ့ ဥပဒေအကြံပေးလို့ ယူဆရတဲ့ ပုဂ္ဂိုလ်တစ်ဦး သေနတ်နဲ့ (၁၄) ချက် ပစ်ခတ်ခံရကြောင်း သိရှိရပါတယ်။

ပစ်ခတ်ခံရသူမှာ သန်လျင်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၅၂ နှစ်အရွယ် Biz Law Consult Myanmar ရဲ့ စီအီးအို ဥပဒေအကြံပေး ဦးမင်းတေဇာညွန့်တင် ဖြစ်ကြောင်း သိရပါတယ်။ UZUKI EXTIGA အညိုရောင်ကားနဲ့ နေအိမ်ကို ပြန်လာစဉ် အခင်းဖြစ်တဲ့နေရာ အရောက်မှာ လမ်းလျှောက်လာတဲ့သူ ၂ ဦးက သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။
ဦးမင်းတေဇာညွန့်တင်ဟာ သူ့သားရဲ့ ရှင်ပြုအလှူတော်ကို မနက်ဖန် မတ် (၂၅) ရက်နေ့ မှာ ကျင်းပဖို့ စီစဉ်ထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ပစ်ခတ်ခံရတဲ့ ဦးမင်းတေဇာညွန့်တင်ရဲ့ လက်ယာဘက် လက်ဖျံထိမှန် ဒဏ်ရာ (၃) ချက်၊ လက်ဝဲဘက်လက်ဖျံ ထိမှန်ဒဏ်ရာ (၃) ချက်၊ လက်ယာလက်ခုံ ထိမှန်ဒဏ်ရာ (၂) ချက်၊ လက်ဝဲဘက် နံဘေး ထိမှန်ဒဏ်ရာ (၁) ချက်၊ လက်ဝဲဘက်ခါးစောင်း ထိမှန်ဒဏ်ရာ (၂) ချက်၊ ကျောကုန်း ထိမှန်ဒဏ်ရာ (၂) ချက်တို့ ရရှိခဲ့ကြောင်း သိရပါတယ်။ သူ့ကို ဆေးရုံကို ပို့ဆောင်စဉ် ရရှိထားတဲ့ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ ကလည်း ဒီပစ်ခတ်မှုကို သူတို့လုပ်ဆောင်တယ်လို့ ထုတ်ပြန်ထားပြီး အနီးကပ်ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ချက်ထဲမှာ ရေးထားပါတယ်။ ဦးမင်းတေဇညွန့်တင်ဟာ စစ်ကောင်စီကို ထောက်ခံနေသူဖြစ်ပြီး စစ်ကောင်စီနဲ့ အကျိုးတူ စီးပွားရေးတွေ လုပ်ကိုင်ဆောင်ရွက်နေသလို စစ်တပ်အရာရှိကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံခြားကို ရွှေ့ပြောင်းပေးနေသူဖြစ်တယ်လို့ Urban Owls အဖွဲ့က ဆိုပါတယ်။


လက်ရှိမှာတော့ သန်လျင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်နေပြီး သန်လျင်ကနေ ရန်ကုန်အတက် သန်လျင်တံတားပေါ် မှာလည်း ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။


ဓာတ်ပုံ။ သေဆုံးသွားတဲ့ ဦးမင်းတေဇာညွန့်တင်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

Facebook messenger ကနေ ရွေးကောက်ပွဲကို ဝေဖန်ပြောဆိုတာကြောင့်ဆိုပြီး အရပ်သားတဦးကို စစ်တပ် ဖမ်းဆီး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 13 Views
ဒီဇင်ဘာလ (၃)ရက်။ နိုဝင်ဘာလ (၂၈)ရက်နေ့က Facebook messenger ကနေ ရွေးကောက်ပွဲကို ဝေဖန်ပြောဆိုတာကြောင့်ဆိုပြီး အရပ်သားအမျိုးသားတဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့
မြန်မာသတင်း

ခင်ဦးနယ်တိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေကို ပကဖတွေထံ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 12 Views
ဒီဇင်ဘာလ (၃)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်က ခင်ဦးနယ်တိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေကို တိုက်နယ်ပကဖနဲ့ UG ပကဖတွေကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူစုစုပေါင်း (၄၀၀၀)ကျော်ရှိတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 14 Views
ဒီဇင်ဘာလ (၃)ရက်။ ပြီးခဲ့တဲ့လကုန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၄၂၀၀)ရှိပြီး သေဆုံးသူ (၄၄၇၀)ဦးရှိတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူတွေထဲမှာ အသက် (၁၈)နှစ်အောက် ကလေးသူငယ် (၈၇၆)ဦး
မြန်မာသတင်း

မင်းလက်ပံဒေသ ကျားဖြန့်ခြံဝင်းထဲ မထွက်ခွာလိုတဲ့ နိုင်ငံခြားသား (၉၀၀)ကျော် ကျန်ရှိနေတယ်လို့ဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 14 Views
ဒီဇင်ဘာလ (၃)ရက်။ မင်းလက်ပံဒေသ Shunda Park Scam Compound ထဲက မထွက်ခွာလိုတဲ့ နိုင်ငံခြားသား (၉၄၂)ဦး ကျန်ရှိနေသေးတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KNU ရဲ့ မြေပြင်အကဲဖြတ်အဖွဲ့ဟာ
မြန်မာသတင်း

မြန်မာပြည်သူတွေ လွတ်လပ်မှုမရမချင်း ဘယ်တော့မှ အရှုံးမပေးဘူးလို့ ဒေါက်တာဆာဆာပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 13 Views
ဒီဇင်ဘာလ (၂)ရက်။ မြန်မာပြည်သူတွေ လွတ်လပ်မှုမရမချင်း ဘယ်တော့မှ အနားယူမှာမဟုတ်သလို ဘယ်တော့မှ အရှုံးမပေးဘူးလို့ ဒေါက်တာဆာဆာက မနေ့က ပြည်သူသို့ အသိပေးတင်ပြချက်မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ “ ရှေ့ဆက်ရမယ့် ခရီးလမ်းက ရှည်လျားကြမ်းတမ်းနိုင်ပေမယ့် ညီညွတ်မှု၊ သတ္တိနဲ့
မြန်မာသတင်း

ပခုက္ကူခရိုင်အခြေစိုက် Local PDF နှစ်ဖွဲ့ အညာမြေတပ်ပေါင်းစုထံ ထပ်မံပေါင်းစည်းဝင်ရောက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 29 Views
ဒီဇင်ဘာလ (၂)ရက်။ ဒီကနေ့ ပခုက္ကူခရိုင်အခြေစိုက် God of Myaing တပ်ဖွဲ့နဲ့ Eagle Fighter တပ်ဖွဲ့တို့ အညာမြေတပ်ပေါင်းစုထံ ထပ်မံပေါင်းစည်းဝင်ရောက်လာတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်ဖွဲ့ (၂)ဖွဲ့ဟာ အညာမြေတပ်ပေါင်းစုထံ တရားဝင် လက်မှတ်ရေးထိုး
မြန်မာသတင်း

ဝက်လက်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 32 Views
ဒီဇင်ဘာလ (၂)ရက်။ ဒီကနေ့ နံနက် (၁၂)နာရီကျော်အချိန်က ဝက်လက်မြို့အရှေ့ခြမ်း နတ်မှော်ဦးရွာထဲကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဝက်လက်အရှေ့ခြမ်း နတ်မှော်ရွာထဲကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့ မနက် (၁၂)နာရီ (၆)မိနစ်လောက်က ပေါင်
မြန်မာသတင်း

စစ်တပ် လွတ်ငြိမ်းနဲ့ နိုင်ငံရေးအကျဉ်းသား (၂၆၈)ဦး ပြန်လွတ်လာတယ်လို့ PPNM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 28 Views
ဒီဇင်ဘာလ (၂)ရက်။ ဒီဇင်ဘာလ (၁)ရက်နေ့က စစ်တပ်ရဲ့ လွတ်ငြိမ်းနဲ့ အကျဉ်းထောင်တွေကနေ နိုင်ငံရေးအကျဉ်းသား (၂၆၈)ဦး ပြန်လွတ်လာခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဂာ အကျဉ်းထောင် (၁၁)ခုကနေ