နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ဥပဒေအကြံပေး ဦးမင်းတေဇာညွန့်တင် သေနတ်ဖြင့် ၁၄ ချက် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းဆုံအနီးမှာ ဒီနေ့ မတ်လ ၂၄ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်လောက်မှာ စစ်ကောင်စီရဲ့ ဥပဒေအကြံပေးလို့ ယူဆရတဲ့ ပုဂ္ဂိုလ်တစ်ဦး သေနတ်နဲ့ (၁၄) ချက် ပစ်ခတ်ခံရကြောင်း သိရှိရပါတယ်။

ပစ်ခတ်ခံရသူမှာ သန်လျင်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၅၂ နှစ်အရွယ် Biz Law Consult Myanmar ရဲ့ စီအီးအို ဥပဒေအကြံပေး ဦးမင်းတေဇာညွန့်တင် ဖြစ်ကြောင်း သိရပါတယ်။ UZUKI EXTIGA အညိုရောင်ကားနဲ့ နေအိမ်ကို ပြန်လာစဉ် အခင်းဖြစ်တဲ့နေရာ အရောက်မှာ လမ်းလျှောက်လာတဲ့သူ ၂ ဦးက သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။
ဦးမင်းတေဇာညွန့်တင်ဟာ သူ့သားရဲ့ ရှင်ပြုအလှူတော်ကို မနက်ဖန် မတ် (၂၅) ရက်နေ့ မှာ ကျင်းပဖို့ စီစဉ်ထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ပစ်ခတ်ခံရတဲ့ ဦးမင်းတေဇာညွန့်တင်ရဲ့ လက်ယာဘက် လက်ဖျံထိမှန် ဒဏ်ရာ (၃) ချက်၊ လက်ဝဲဘက်လက်ဖျံ ထိမှန်ဒဏ်ရာ (၃) ချက်၊ လက်ယာလက်ခုံ ထိမှန်ဒဏ်ရာ (၂) ချက်၊ လက်ဝဲဘက် နံဘေး ထိမှန်ဒဏ်ရာ (၁) ချက်၊ လက်ဝဲဘက်ခါးစောင်း ထိမှန်ဒဏ်ရာ (၂) ချက်၊ ကျောကုန်း ထိမှန်ဒဏ်ရာ (၂) ချက်တို့ ရရှိခဲ့ကြောင်း သိရပါတယ်။ သူ့ကို ဆေးရုံကို ပို့ဆောင်စဉ် ရရှိထားတဲ့ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ ကလည်း ဒီပစ်ခတ်မှုကို သူတို့လုပ်ဆောင်တယ်လို့ ထုတ်ပြန်ထားပြီး အနီးကပ်ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ချက်ထဲမှာ ရေးထားပါတယ်။ ဦးမင်းတေဇညွန့်တင်ဟာ စစ်ကောင်စီကို ထောက်ခံနေသူဖြစ်ပြီး စစ်ကောင်စီနဲ့ အကျိုးတူ စီးပွားရေးတွေ လုပ်ကိုင်ဆောင်ရွက်နေသလို စစ်တပ်အရာရှိကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံခြားကို ရွှေ့ပြောင်းပေးနေသူဖြစ်တယ်လို့ Urban Owls အဖွဲ့က ဆိုပါတယ်။


လက်ရှိမှာတော့ သန်လျင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်နေပြီး သန်လျင်ကနေ ရန်ကုန်အတက် သန်လျင်တံတားပေါ် မှာလည်း ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။


ဓာတ်ပုံ။ သေဆုံးသွားတဲ့ ဦးမင်းတေဇာညွန့်တင်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြစ်ဆုံဆည်ကို ကျောက်ဖြည့်တမံအမျိုးအစားနဲ့ ပြုလုပ်မယ်ဆိုပြီး ဒုစစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 0 Views
ဒီဇင်ဘာလ (၁၇)ရက်။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံအမျိုးအစားနဲ့ ပြုလုပ်မှာဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က မြစ်ကြီးနားကိုရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ လုပ်ရပ်ဆိုးတွေကို အမြန်ဆုံးရပ်တန့်အောင် ကူညီပေးဖို့ ကုလနဲ့ အင်အားကြီးနိုင်ငံအစိုးရတို့ကို MNDAA နဲ့ TNLA မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 5 Views
ဒီဇင်ဘာလ (၁၆)ရက်။ စစ်ကော်မရှင်ဟာ စစ်ဘက်ပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေစုဝေးရာ နေရာတွေကို ပစ်မှတ်ထားပြီး ရခိုင်အပါအဝင် မြန်မာပြည်အနှံ့အပြားကို နေ့တိုင်း ဗုံးကြဲနေတယ်လို့ ညီနောင်မဟာမိတ်တွေဖြစ်တဲ့
မြန်မာသတင်း

ရဲမေတဦးကို အဓမ္မပြုကျင့်မှုအပါအဝင် အမှု(၃)မှုနဲ့ မင်းကင်းပကဖတာဝန်ခံ အမှုဖွင့်ခံထားရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 26 Views
ဒီဇင်ဘာလ (၁၆)ရက်။ ကျောင်းသားတော်လှန်ရေးတပ်ဖွဲဝင် ရဲမေတဦးကို အဓမ္မပြုကျင့်မှုအပါအဝင် အိမ်ထောင်ရေး ဖောက်ပြန်မှုနဲ့ အဂတိလိုက်စားမှုတိုနဲ့ မင်းကင်းမြိုနယ်ပကဖတာဝန်ခံ ဦးညိုလွင်ကို အမှုဖွင့်ခံ ထားတယ်လို သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လ (၁၅)ရက်နေ့က မင်းကင်းမြိုနယ်ပကဖတာဝန်ခံ ဦးညိုလွင်ဟာ ရဲမေ မအေးငြိမ်းမြတ်(ခ)မငြိမ်းကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်တယ်ဆိုတာ သတင်းအမှားလို့ စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 24 Views
ဒီဇင်ဘာလ (၁၆)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး စစ်တပ်က ဒီကနေ့မှာ သတင်းထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်ထဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲမှာ ကွယ်လွန်တယ်ဆိုတဲ့သတင်းဟာ သတင်းမှားသာဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျန်းမာရေးကောင်းမွန်ကာ အခုလို
မြန်မာသတင်း

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေနဲ့ ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 33 Views
ဒီဇင်ဘာလ (၁၇)ရက်။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်တာဝန်ထမ်းဆောင်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၂)ရက်နေ့ပြုလုပ်တဲ့ (၈၀)ကြိမ်မြောက် ကုလညီလာခံရဲ့ (၆၁)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှာ ကိုယ်စားလှယ်ရွေးချယ်ရေးနဲ့ပတ်သက်ပြီး အရည်အချင်းစစ်ကော်မတီရဲ့ အစီရင်ခံစာကို
မြန်မာသတင်း

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance) အဖြစ် တော်လှန်ရေး အဖွဲ့အစည်း (၁၉) ဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းလိုက်ခြင်းအပေါ်သဘောထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 33 Views
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက် ဒီဇင်ဘာလ ၁၅ရက်နေ့ကြေငြာချက်ဖြင့် ‌ပြည်သူအများက မျှော်လင့်နေကြသော တော်လှန်ရေး အဖွဲ့အစည်း (၁၉) ဖွဲ့က တော်လှန်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ကောင်းမြတ်သော ရည်ရွယ်ချက်ဖြင့် မိမိတို့၏အတ္တမာနများထက် တိုင်းပြည်ကို
မြန်မာသတင်း

တော်လှန်ရေးကို ပြတ်ပြတ်သားသား ဦးဆောင်ဖို့ NUG ကို ကိုရီယားရောက်မြန်မာတွေ တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 39 Views
ဒီဇင်ဘာလ (၁၅)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်က ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ရှိ ဘူဖျောင်းခန်းမမှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကိုရီးယားရောက်မြန်မာတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို NUG ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ကိုရီးယားနိုင်ငံ NUG
မြန်မာသတင်း

သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းတွင် အကြီးအကျယ် တိုးချဲ့မှုအဖြစ် အစ္စရေးလ်က အခြေချနေထိုင်မှု စခန်းငယ် ၁၉ ခုကို အတည်ပြု

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 39 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဂျေရုဆလင် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း (West Bank) တွင် အစ္စရေးလ် အခြေချနေထိုင်မှုများကို အကြီးအကျယ် ထပ်မံတိုးချဲ့သည့်အနေဖြင့်၊ အစ္စရေးလ်အစိုးရ အဖွဲ့သည် ကြာသပတေးနေ့တွင် အခြေချနေထိုင်သည့် စခန်းငယ်