(KNU) ကေအန်ယူ – ထိန်းချူပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေရှိ ကျောက်ကြီး _ နတ်သံကွင်းကို သွယ်တန်းထားတဲ့ ရန်မျိုးအောင် ကျေးရွာချင်းဆက် တံတားကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က ဖောက်ခွဲဖြတ်တောက် ခဲ့တယ်လို့ KNLA / PDF ကျောက်ကြီး တပ်ရင်း ၉ – ၁၀၃၅ က ဇွန်၂၅ ရက်မှာ ထုတ်ပြန်လိုက်တာပါ။




ကျောက်ကြီး _ နတ်သံကွင်း သို့ သွယ်တန်းထားတဲ့ ရန်မျိုးအောင် ကျေးရွာချင်းဆက် တံတားကို ဇွန်၂၅ ရက် နေ့လည် ၁၂ နာရီ အချိန်က ဖောက်ခွဲချိုးဖျက် ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ တံတားဟာ အကြမ်းဖက် စစ်တပ်ရဲ့ လက်နက် ၊ ရိက္ခာထောက်ပို့ရာမှာ အဓိက အသုံးပြုနေတဲ့ တံတားတစ်စင်းဖြစ်ပြီး ၊လူအင်အားတိုးချဲ့တာတွေ၊စစ်ကြောင်းထိုးတာတွေ နေ့စဥ်လုပ်ဆောင်နေတာကြောင့် ဖောက်ခွဲချိုးဖျက်ခဲ့တာလို့ သိရပါတယ်။
Era’sEye /Photo/CRD