နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 17 ရက်

အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော်

ပူတင်နဲ့မင်းအောင်လှိုင်

ခေတ်မျက်လုံးအယ်ဒီတာ့အာဘော်။

ပူတင်နဲ့မင်းအောင်လှိုင်

ပူတင်အနေနှင့်ပြိုကွဲသွားသော ဆိုဗီယက်ယူနီယံကြီးကို ပြန်လည်တည်ဆောက်ပေးနိုင်သော ခေါင်းဆောင်ကြီးအဖြစ် အတ္တမာနကြီးလွန်းသောကြောင့် မိမိလူမျိုးနှင့်မိမိ ငြိမ်းချမ်းစွာနေနေသော ယခင်ဆိုဗီယက်ပိုင်ခဲဖူးသည့် ယူကရိန်းကို အလွယ်တကူ ရမည်အထင်နှင့် ကျူးကျော်တိုက်ခိုက်ခဲ့ခြင်း အမှားကြီးကို ကျူးလွန်ခဲ့သည်။ ထိုအမှားကို နောက်မဆုတ်ဘဲ အပြင်းအထန် ဆက်လက်တိုက်ခိုက်မှုကြောင့်၂ဖက်စလုံးမှ တပ်သားအများအပြား အသက်ဆုံးရှုံးခဲ့ရသလို ယူကရိန်းနိုင်ငံတွင်းရှိ မြို့ရွာများနှင့် အရပ်သားများကိုပါမချန် မိမိအား အာခံရမည်လောဟူသည့် အမျက်ဒေါသနှင့် ဗုံးအထပ်ထပ်ကြဲချခြင်း အီရန်လုပ်ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း တင့်ကားထောင်နှင့်ချီစေလွှတ်၍ ဖြိုခွဲခြင်းတို့ကို အကြမ်းဖက်လုပ်ဆောင်ခဲ့သည်။ မိမိစစ်တပ်နှင့်မနိုင်သည့်အခါ မိမိနိုင်ငံမှ ဝါဂနာကြေးစားတပ်ကို ခေါ်ယူအသုံးပြု တိုက်ခိုက်စေခဲ့သည်။ ကမ္ဘာသို့ဂျုံအများဆုံးတင်ပို့နေသည့် ယူကရိန်း၏ဂျုံတင်ပို့မှုကိုလည်း ပိတ်ပင်လိုက်သည့်အတွက် နိုင်ငံတကာအတွက်လည်း စားနပ်ရိက္ခာ ကပ်ဆိုက်ခဲ့ရသည်။

ထိုကျူးကျော်မှုကို မိမိတို့နိုင်ငံကိုလည်း လုပ်ဆောင်လာနိုင်သည်ဟု ရုရှားအိမ်နီးချင်း နိုင်ငံငယ်လေးများက ယခင်ကကြားနေ နေခဲ့ရာမှ ယခုအခါ ရုရှားကျူးကျော် လာနိုင်မှုကို ကာကွယ်ရန် နေတိုးစာချုပ်အဖွဲ့သို့ အဖွဲ့ဝင်ဖြစ်ရန် တက်သုတ်ရိုက် လျှောက်လာကြခြင်းသည် ပူတင်၏ ဒုတိယမြောက်ဆုံးရှုံးမှုကြီး ဖြစ်သည်။ ဆိုဗီယက်အောက်မှ လွတ်လပ်သွားသော အခြားနိုင်ငံငယ်လေးများကို မိမိခြေဖဝါးအောက်သို့ ပြန်ပို့ချင်သည့် ဗိုလ်ကျစိုးမိုးရေးကြောင့် အကျိုးဆက်အားဖြင့် အိမ်နီးချင်းနိုင်ငံငယ်များ နေတိုးစာချုပ်အဖွဲ့ဝင် လျှောက်ထားပြီး အဖွဲ့ဝင်ဖြစ်လာကြခြင်းသည် မိမိ၏ မဆင်မခြင်လုပ်ရပ်ကြောင့်ဖြစ်သည်။ အချုပ်အခြာပိုင်နိုင်ငံတခုကို မိမိကအင်အားကြီးသည့်အတွက် အနိုင်ကျင့်သိမ်းပိုက် ဗိုလ်ကျစိုးမိုးရန် ကြံစည်ခြင်း၏ ရလာဒ်အဖြစ် မြင်သည်။

ပူတင်သည်ဒီမိုကရေစီစနစ်ကို မလေးစားဘဲ လူထုကြိုက်နှစ်သက်သည့် အတိုက်အခံ ခေါင်းဆောင်များကို ထောင်ချခြင်း အဆိပ်ခတ်ခြင်းစသည့် အောက်လမ်းနည်းများကိုသုံးပြီး ပြည်တွင်တွင်း လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ဖိနှိပ်ချုပ်ချယ်ထားခဲ့သည်။ အာဏာရှင်လမ်းကြောင်းကို လိုက်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း စစ်တပ်မှလက်နက်မိုးပြီး ပြည်သူရွေးချယ်ထားသည့်အစိုးရကို ၁၉၆၂ခုနှစ်မှစတင်ဖြုတ်ချပြီး အုပ်ချုပ်ခဲ့သည့်အတွက် အရှေ့တောင်အာရှတွင် ထွန်းပေါက်နိုင်သည့် အလားအလားရှိသည့်နိုင်ငံဘဝမှ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘဝသို့ ကျရောက်သွားခဲ့ရသည်။

မိမိကျွမ်းကျင်သည့်နေရာတွင်မနေဘဲ ကိုယ်မကျွမ်းကျင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးတို့တွင် ဝင်ရောက်ချယ်လှယ်ခဲ့ခြင်းကြောင့် တိုင်းပြည်မွဲသည်ထက်မွဲလာခဲ့ပြီး ပြည်တွင်းရှိသံယံဇာတများနှင့် သစ်တောများကို အောက်ဈေးနှင့် ရောင်းချခဲ့ကြပြီး သစ်တောများ ပြုန်းတီးလာခြင်း သဘာဝရင်းမြစ်များကို ပြည်တွင်းရှိပြည်သူများက ခံစားခွင့်မရှိခြင်းကြောင့် ပြည်နယ်များ မတိုးတက်လာခဲ့သလို ပြည်မတိုင်းများ သည်လည်း တိုးတက်မှုမရှိခဲ့ချေ။

အိမ်နီးချင်းနိုင်ငံများ နောက်တွင်ကျကျန်ရစ်ခဲ့ရသည်။ စစ်လူတန်းစား တရပ်ပေါ်ပေါက်လာခဲ့ပြီး စစ်ဗိုလ်ချုပ်များသာ သန်းကြွယ်သူဌေးကြီးများ ဖြစ်လာခဲ့ကြသည်။ စစ်ခေါင်းဆောင်အဆက်ဆက်သည် အာဏာ အလွန်အကျွံ သုံးစွဲခဲ့ခြင်းကြောင့် ပြစ်မှုကြီးငယ်များစွာတို့ကိုလည်း ကျူးလွန်ခဲ့ကြသည်။ ထို့ကြောင့် မိမိတို့ အာဏာလက်လွှတ်ရပါက ကြီးလေးသော အပြစ်ဒဏ်များကို ခံရမည်ကို ကြောက်ရွံ့နေကြပြီး သွားလာရာတွင် အစောင့်အထပ်ထပ်ချကာ သွားလာရသလို အာဏာကို မလွှတ်တန်း ဆုပ်ကိုင်ထားလိုကြသည်။

ဗိုလ်ချုပ်မင်းအောင်လှိုင်အနေနှင့်ယခင်စစ်ဗိုလ်ချုပ်များကို အားကျခါ စစ်အာဏာသိမ်းခြင်းဖြင့် အလွယ်တကူနှင့် အာဏာကို လက်ဝယ်ပိုင်ပိုင် ရရှိနိုင်မည်ဟု ပူတင်ယူဆသလို ယူဆထားခဲ့ဟန်တူသည်။ ၎င်းတို့၂ဦးတွင် တူညီသည့်အချက်မှာ မိမိတွင် အင်အားကြီးသည့် စစ်တပ်ကြီးရှိသည် မိမိထံအားလုံး ဒူးထောက်လာရမည်ဟု ပြည်သူကို အထင်သေးသည့် စိတ်ဖြစ်သည်။

မိမိထင်သလို ဖြစ်မလာသည့်အခါ ပူတင်မှ ယူကရိန်းမြို့ရွာများကို သနားညှာတာမှုမရှိ ဖျက်စီးသလို ဗိုလ်ချုပ်မင်းအောင်လှိုင်သည်လည်း ယနေ့အချိန်တွင် ဖျက်စီးလျက်ရှိသည်။ ဆိုဗီယက်ရုရှားလက်အောက်တွင် ယူကရိန်းနှင့်ဘော်လတစ်နိုင်ငံများ ကြောက်ရွံ့စွာနေခဲ့ရသော်လည်း ထိုဖိနှိပ်ခံထားရမှု၏ ကြောက်ရွံ့မှု နောက်ကွယ်တွင်ခါးသည်း မုန်းတီးမှုတို့သည်လည်း အင်အားအဖြစ် စုစည်းလာခဲ့ကြသည်ကို ပူတင်နှင့် မင်းအောင်လှိုင်တို့ မရိပ်စားမိခဲ့ခြင်းသည် သူတို့၏မဟာအမှားပင်ဖြစ်သည်။

ဗိုလ်ချုပ်မင်းအောင်လှိုင်အာဏာသိမ်းမှုကြောင့် တိုင်းနဲ့ပြည်နယ်အသီးသီးတွင် ၁၉၄၇ခုနှစ်နောက်ပိုင်း မကြုံစဖူးကြီးမားသည့် လက်နက်ကိုင်တော်လှန်ရေးကြီး ဖြစ်လာခဲ့သည်မှာထူးခြားလှသည်။ ထိုကဲ့သို့ဖြစ်လာရခြင်းမှာ နှစ်ပေါင်းများစွာ မတရား ဖိနှိပ်ဗိုလ်ကျစိုးမိုးထားခြင်းမှ ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။ စကင်ဒီနေးဗီးရင်းနိုင်ငံများ နေတိုးကို လျှောက်၍ ကြားနေမနေတော့ပဲ နေတိုးအောက်ခိုလှုံကြသလို ပြည်နယ်များကလည်း လွတ်လပ်ရေးအတွက် ကြီုးစားလာခြင်းသည် ပြည်ထောင်စု မပြိုကွဲရေး ဒို့အရေးဟု ကြွေးကြော်ပြီး ပြည်ထောင်စုကို မိမိကိုယ်တိုင်ဖြိုခွဲနေသည့် ဗိုလ်ချုပ်မင်းအောင်လှိုင်၏ ရွေးရောက်ပွဲရလာဒ်ကို ဖျက်စီးခဲ့သည့် လုပ်ရပ်ကြောင့်ဆိုလျှင် မမှားချေ။ ရွေးကောက်ပွဲ မဲမသမာမှု ရှိသည်ဆိုလျှင် ဤမျှလောက် ပြည်သူလူထု၏ ဆန့်ကျင်မှုကို ခံရမည် မဟုတ်ချေ။

ထို့ကြောင့် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့ဝင်များ နှစ်ဖက်သေကြေနေခြင်းကို ရပ်ဆိုင်းရန်အတွက် ရွေးကောက်ပွဲ ပြန်ကျင်းပမည်ဆိုလျှင်လည်း မိမိရွေးချယ်ထားသည့် ရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲ လုပ်ခြင်းသည်လည်း ကိုယ့်ဖဲကိုယ်ချိုး ကိုယ်ကဒိုင်ကိုင်ပြီး အနိုင်ယူမည့်ပွဲဖြစ်သဖြင့် လက်ခံနိုင်ဖွယ်မရှိချေ။ ဗိုလ်ချုပ်မင်းအောင်လှိုင်အနေနှင့် သွေးထွက်သံယို သတ်ဖြတ်နေသည့် သံသရာမှ အမှန်တကယ် လွတ်မြောက်လိုပါက လုပ်ဆောင်ရန် နည်းတနည်းသာရှိသည်။

၂၀၀၈ခြေဥကို ဖျက်သိမ်းပြီး နိုင်ငံရေးအကျဉ်းသားများနှင့်တကွ သမတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်း၊ နိုင်ငံတကာမှ ကြီးကြပ်ပြီး ရွေးကောက်ပွဲ ကော်မရှင်အသစ်ကို ဖွဲ့စည်းကာ ကုလသမဂ္ဂကြီးကြပ်မှုဖြင့် ရွေးကောက်ပွဲကို ပြုလုပ်ခြင်းကို လက်ခံခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းက ရွေးကောက်ပွဲမဲမသမာမှုကို နှစ်ဦးနှစ်ဖက် ရှင်းလင်းသွားစေမည် ဖြစ်သည်။

တန်ဖိုးရှိအနာဂါတ်ကို ဦးဆောင်မည့်လူငယ်များ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်အတွက် အသက်စတေးနေရသည့် သွေးထွက်သံယို ဖြစ်နေမှုကြီးကိုလည်း ရပ်တန့်သွားစေမည် ဖြစ်သည့်အတွက် သမတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အနေနှင့် လက်ခံနိုင်မည်ဟု ယူဆသည်။

ရွေးကောက်ပွဲတွင် ပြည်သူရွေးချယ်သော လွှတ်တော် ကိုယ်စားလှယ်များက အခြေခံဥပဒေသစ်ကို ကော်မတီဖွဲ့ရေးဆွဲပြီး ထိုရေးဆွဲနေစဉ်ကာလ မြန်မာနိုင်ငံတွင်ရှိခဲ့သည့် ၁၉၄၇ ခုနှစ် ပါလီမန်ဒီမိုကရေစီခြေဥဖြင့် အနိုင်ရပါတီက ယာယီအုပ်ချုပ်သွားခြင်းဖြင့် တပ်က မိမိတိုင်းပြည်ကာကွယ်ရေး နေရာတွင်သာနေပြီး တိုင်းပြည် အကျိုးပြုအလုပ်များကို လုပ်ခြင်းဖြင့် ကျဆုံးနိုင်ငံဘဝကို ကယ်တင်နိုင်လိမ့်မည်ဟု မြင်ပါသည်။

ပြည်သူတိုင်းသည် လွတ်လပ်မှုကို လိုလားကြသည် မြတ်နိုးကြသည် တမ်းတကြသည်။ ထိုပြည်သူများတွင် ထိုစိတ်ဓါတ်သည် တိုင်းနှင့်ပြည်နယ်တိုင်းရှိ ပြည်သူတို့၏ ရင်ထဲအသည်းထဲ တွင်ရှိကြသည်။

ထိုစိတ်ဓါတ်ကို ချိုးနှိမ်၍မရကြောင်း ဗိုလ်ချုပ်မင်းအောင်လှိုင် သိဖို့လိုသလို ပြည်သူကို မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်ပိုင်ခွင့်ပေးဖို့လိုပြီဟု နှိုးဆော်တိုက်တွန်းလိုက်ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း အယ်ဒီတာ့အာဘော်

တရုတ်ရဲ့ စွက်ဖက်မှုနဲ့ မြန်မာ့အနာဂတ်နိုင်ငံရေး

  • 2024 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 77 Views
အယ်ဒီတာ့အာဘော် မြောက်ပိုင်းညီနောင် ၃ ဖော်ရဲ့ ၂၀၂၃ ခုနှစ်၊ ၁၀လ ပိုင်း၂၇ရက် (၁၀၂၇) ပထမလှိုင်းမှာ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှလွဲ၍
နိုင်ငံတကာသတင်း အမေရိကန် အယ်ဒီတာ့အာဘော်

လက်ရှိ အမေရိကန်နိုင်ငံရေး တစေ့တစောင်း

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 97 Views
အယ်ဒီတာ့အာဘော် အမေရိကန်တွင် ပါတီကြီးနှစ်ခုက နိုင်ငံရေးတွင် ဦးဆောင်နေပြီး တတိယအုပ်စုအဖြစ် ပေါ်ပေါက်လာရန် ကြိုးစားမှုများရှိသော်လည်း ထိုပါတီကြီးနှစ်ခုကို ယှဉ်နိုင်သည့် လူထုထောက်ခံမှုကို မရရှိနိုင်ခဲ့ကြပေ။
အယ်ဒီတာ့အာဘော်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူတွေကို “အရိပ် နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေသူများ ဖြစ်ကြောင်း” ပြောကြား

  • 2024 ခုနှစ်၊ ဇွန်လ 15 ရက်
  • 73 Views
အယ်ဒီတာအာဘော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောကြားခဲ့တဲ့ စကားတွေထဲမှာ အရှက်ကင်းမဲ့စွာ ဗြောင်လိမ်ပြီး မျက်နှာပြောင်တိုက် ပြောခဲ့တဲ့စကားတွေ အများကြီး ပါရှိခဲ့တယ်။ သူဦးစီးတဲ့ စစ်တပ်က မြို့ရွာတွေကို စစ်ထိုးတဲ့အခါ ရွာသူရွာသားတွေ ထွက်ပြေးခဲ့ရပြီး စစ်တပ်က အဲဒီရွာတွေကို မီးတိုက် ကျွဲနွားတရိစ္ဆန်တွေကို
အယ်ဒီတာ့အာဘော်

အရိုင်းအစိုင်းတွေအုပ်ချုပ်တဲ့နိုင်ငံအဖြစ်ခံကြမလား။

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 157 Views
အယ်ဒီတာ့အာဘော် ကမ္ဘာဦးကျောက်ခေတ်က လူမျိုးတမျိုးက လူမျိုးစုတစုကို အင်အားသုံး တိုက်ခိုက်သတ်ဖြတ် လူမျိူးစုတစုကို သူ့ထက်အင်အားကြီးတဲ့လူမျိုးက ကျူးကျော်တိုက်ခိုက်ပြီး ကျွန်ပြုခဲ့တဲ့ အရိုင်းအစိုင်းခေတ်တွေ ရှိခဲ့ပါတယ်။ တဖြည်းဖြည်း ယဉ်ကျေးမှု အဆင့်မြင့်လာတဲ့အခါ အရင်က ကျင့်သုံးခဲ့တဲ့ တောနက်ကြီးဝါဒဟာ လူ့တန်ဖိုးနဲ့မကိုက်ညီတဲ့အတွက် တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ
အယ်ဒီတာ့အာဘော်

မင်းအောင်လှိုင်ရဲ့ရှေ့ကဖုံး နောက်ကပေါ်နေသည့်ဘဝ

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 129 Views
အယ်ဒီတာအာဘော် ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်ကို နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ဖို့ တပ်ကဖိအားပေးတာကို ဖုန်ကြားရှင်က ငြင်းဆန်သည့်အတွက် သူတို့အဖွဲ့ကို လောက်ကိုင်ကနေ တိုက်ထုတ်ပြီး ဖုန်ကြားရှင်ကို သစ္စာဖောက်ပြီး တပ်ဖက်ကို ဘက်ပြောင်းသွားတဲ့ ပယ်ဆောက်ချိန်ကို ကိုးကန့်ခေါင်းဆောင်အဖြစ် ခန့်အပ်ပေးခဲ့သည်။ ပယ်ဆောက်ချိန်က ကိုးကန့်ခေါင်းဆောင်ဖြစ်လာပြီးနောက်
အယ်ဒီတာ့အာဘော်

ကရင်ပြည်နယ်တော်လှန်ရေးအောင်မြင်ရန်လမ်းစ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 229 Views
အယ်ဒီတာ့အာဘော် ကရင်အမျိုးသားတော်လှန်ရေး အဖွဲ့အစည်း KNU သည် အခြားတိုင်းရင်းသားများနည်းတူ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရန် လွတ်လပ်ရေး ရသည့် အချိန်မှစ၍ ယနေ့ကာလအထိ နှစ်ပေါင်း၇၆နှစ် ကြာတိုက်လာသည့် ကမ္ဘာ့တော်လှန်ရေး သက်တမ်းအရင့်ဆုံး အဖွဲ့အစည်းကြီး ဖြစ်သော်လည်း အောင်ပွဲမရနိုင်သေးချေ။ အဘယ့်ကြောင့်အောင်ပွဲမရသနည်းဆိုသည်ကို
အယ်ဒီတာ့အာဘော်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများအပေါ် တွေ့ဆုံပြောကြားမှုကို သုံးသပ်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 181 Views
အယ်ဒီတာအာဘော် မင်းအောင်လှိုင်က နိုင်ငံရေးပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏ အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီစနစ်၏ အမာခံဖြစ်ရန်လိုကြောင်း ပြောကြားချက်သည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တပ်မတော်မှနိုင်ငံရေးပါတီများကို ဖျက်သိမ်းခဲ့ပြီး တပ်မတော် တည်ထောင်သည့် ပါတီကိုသာ ရှင်သန်ခွင့်ပေးသည့် တပါတီအာဏာရှင်စနစ်ကို ကျင့်သုံးခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို
အယ်ဒီတာ့အာဘော်

စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၄ နှစ်သစ်မိန့်ခွန်းကို စမ်းစစ်သုံးသပ်ကြည့်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 139 Views
ခေတ်မျက်လုံး အယ်ဒီတာအာဘော် ၁။ မိမိကိုယ်ကို သတိုးစည်သူစသည့်ရှည်လျားသည့်ဘွဲ့များ ပေးထားသည့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ၂၀၂၄ ခုနှစ်နှစ်သစ်မိန့်ခွန်းသည် ယခင်ရှည်လျားသည့်မိန့်ခွန်းများနှင့်အသွင်မတူညီဘဲ တိုတိုတောင်းတောင်း ဖြစ်နေသည်ကို သတိပြုမိသည့်အပြင် သူ့အာဏာသိမ်းယူပြီးနောက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နိုင်စွမ်း မရှိဘဲ တနေ့ထက်တနေ့