စစ်ကိုင်းတိုင်း ခင်ဦးမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ် အင်အား (၁၀၀) လောက်ပါတဲ့ စစ်ကြောင်း (၂) ခုက ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက် ၉ နာရီခွဲလောက်မှာ လက်နက်ကြီး လက်နယ်ငယ်တွေနဲ့ စစ်ကြောင်းထိုး ပစ်ခတ် ဝင်ရောက် လာပြရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာ-၁၀ရွာလောက်နဲ့ ဒေသခံ သောင်း နဲ့ချီထွက်ပြေးနေရတယ်လို့ သိရပါတယ်။
ဗအိုးကျေးရွာကနေ ထွက်ခွာလာတဲ့ စစ်တပ် စစ်ကြောင်းက ခင်ဦး-ရေဦး လမ်း အနီးမှာ ရှိတဲ့ တဲစုကျေးရွာကို လက် နက်ကြီးငယ် တွေနဲ့ ရမ်းသမ်းပစ်ခတ်ဝင်ရောက်နေတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေး ကသိရပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာတွေကတော့ ဗအိုးရွာ၊ အင်တိုင်း ကြီးရွာ၊ ကံသစ်ရွာ၊ ဂွေးကုန်းရွာ၊ မြစ်တော်ရွာ၊ တဲစုရွာ၊ ကင်းပြစ်ရွာ၊ သာဂရရွာ၊ သရက်ကုန်းရွာ၊ သာဝတ္ထိရွာ၊ မြင်းဒေါင်းရွာ၊ မြင်းကျရွာ၊အင်းပတ်ရွာ၊ ချမ်းသာကုန်းရွာ၊ ညောင်ပင်ခြံရွာနဲ့ ဆည်ကြီးရွာတို့ ဖြစ်တယ်လို့ သိရပါတယ်။