မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က မုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီအနေနဲ့ ယူရိုငွေ ၂.၅ သန်းကို ကူညီမယ်လို့ ဥရောပသမဂ္ဂ (အီးယူ) က ထုတ်ပြန်ပါတယ်။

မုန်တိုင်းဒဏ်သင့်ဒေသတွေကို ရောက်ရှိနိုင်ဖို့ အကန့်အသတ်တွေ ရှိနေလို့ ပျက်စီးမှုအတိုင်းအဆကို ပြည့်ပြည့်စုံစုံ မသိနိုင်သေးပါဘူး။
ပြည်သူတွေအတွက် သန့်ရှင်းတဲ့ရေ၊ အစားအစာနဲ့ အမိုးအကာ လိုအပ်ချက်တွေဟာ တနေ့ထက်တနေ့ မြင့်မားနေတယ်ဆိုတဲ့ သတင်းတွေကြောင့် အခုလို ကူညီတာ ဖြစ်တယ်လို့ သိရပါတယ်။
#Era’sEye /Photo /CRD