ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆို – ဘောလခဲ လမ်းမကြီးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်အချို့ရရှိထားတယ်လို့ စစ်ရေးနီးစပ်သူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၅) ရက်က နန်းဖဲရွာအနီးတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်သားအလောင်းတွေနဲ့ လက်နက်အချို့ကို ရရှိခဲ့ပါတယ်။
စစ်ကောင်စီက ကရင်နီပြည်နယ်ရဲ့ မဟာဗျူဟာကျတဲ့ လမ်းပိုင်းတွေကို ထိန်းချုပ်ဖို့ အပါအဝင် ကရင်နီတပ်ပေါင်းစုက ထိန်းချုပ်ထားတဲ့မယ်စဲ့မြို့ကို ပြန်လည် သိမ်းပိုက်ဖို့လည်း စစ်ကောင်စီက ကြိုးပမ်းနေတာဖြစ်ပါတယ်။