၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်၊ ခေတ်မျက်လုံး။
မြန်မာနိုင်ငံ ရှမ်းပြည်နယ် အထူးဒေသ (၁) အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များကို အမြစ်ပြုတ်တိုက်ခိုက်ရန်နဲ့ လောက်ကိုင်မြို့နယ်ရှိ Online Game ကုမ္ပဏီများကို တိုက်ဖျက်ရှင်းလင်းရန်၊ Online Game ကုမ္ပဏီများကို အကာအကွယ်ပေးနေတဲ့ နောက်ကွယ်အင်အားစုတို့ လားရှိုးမှတဆင့် စစ်အင်အားတိုးချဲ့လာမှာကို ဟန့်တားဖို့ လားရှိုးမှ ချင်းရွှေဟော်နှင့် လားရှိုးမှ မူဆယ် ပြည်ထောင်စုလမ်းမကြီးများကို အရေးပေါ်ပိတ်ပင်လိုက်ကြောင်း MNDAA မြန်မာအမျိုးသားဒီမိုကရက်တစ်မမာမိတ်တပ်မတော် စစ်ရေးကော်မတီက ဒီနေ့ (၂၇) ရက် ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။