နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေဘိုခရိုင် NUG လက်အောက်ခံ ပကဖ တပ်ရင်း (၂) က ဖမ်းဆီးထားသည့် GZ Special Task Force-Wetlet အဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် ဒေသခံများ တောင်းဆို

ဝက်လက်မြို့နယ်၊ ဆားတောင်ကြီးရွာ၏ ပကဖခေါင်းဆောင် မောင်စန်း အပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ဝက်လက် ပကဖ တပ်ရင်း (၂) ဖမ်းဆီးထားသည့် GZ Special Task Force-Wetlet တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် ဒေသခံများက ထုတ်ဖော်ဆန္ဒပြခဲ့ကြသည်။

ဖမ်းဆီးခံထားရသည့် တပ်ဖွဲ့ဝင် (၁၉) ဦးအနက် လေးဦးကို ပစ်ခတ်မှုတွင် ပါဝင်သည်ဟု စွတ်စွဲပြီး သေနတ်ထောက် ရိုက်နှက်နှိပ်စက်ကာ ဝန်ခံခိုင်းပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၇/၁၁၄ အရ တရားစွဲဆိုထားသည်ဟု GZ Special Task Force-Wetlet ခေါင်းဆောင် ကိုဂျီဇက်က ခေတ်မျက်လုံးသို့ ပြောကြားခဲ့သည်။ အခြားတပ်ဖွဲ့ဝင် (၁၅) ဦးကို ခံဝန်ဖြင့် ပြန်လွှတ်လိုက်ကြောင်း သိရှိရပါသည်။

ခေတ်မျက်လုံးသတင်းဌာနက ပြန်လွတ်လာသူ (၃) ဦးကို တယ်လီဖုန်းဖြင့် မေးမြန်းခဲ့ရာ ဝတ်ထားသည့်အင်္ကျီကို ချွတ်ခိုင်းပြီး ယင်းအင်္ကျီဖြင့် မျက်လုံးကိုစီးပြီး တုတ်ဖြင့် ဘေးနံရိုးများကို အချက် (၂၀) ရိုက်နှက် နှိပ်စက်ပြီး ဝန်ခံခိုင်းခဲ့သည်ဟု ပြောပြခဲ့သည်။ ၎င်းကို တဦးတည်း ချုပ်နှောင်ထားပြီး တဖက်ခန်းမှ အော်သံကြား၍ ထရံကြားမှ ချောင်းကြည့်ရာ နဘူးနွယ်ဖြင့် ရိုက်နှက်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ပြောပြခဲ့သည်။ ဒေသခံများ၏ ပြောဆိုချက်အရ နဘူးနွယ်ဖြင့် ရိုက်လျှင် အလွန်နာကျင်ကြောင်း သိရှိရပါသည်။

ရာဇသတ်ကြီးပုဒ်မ ၃၀၇/၁၁၄ အရ တရားစွဲဆိုထားသည်ဟု ဝက်လက်ပလဖက ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း တရားဥပဒေ လုပ်ထုံးလုပ်နည်းအရ ရဲစစ်ချက်တစ်ခုထဲဖြင့် တရားစွဲဆို၍မရဘဲ သက်ဆိုင်ရာ ဥပဒေအရာရှိထံတွင် မည်ကဲ့ သို့ လုပ်ဆောင်ရမည် မည်သည့်ပုဒ်မကို တပ်ရမည်ကို အကြံဉာဏ်တောင်းပြီးမှသာ အမှုကို ဆွဲတင်ရမည်ဖြစ်ပြီး တရားသူ ကြီး ရှေ့မှောက်တွင် တရားခံက ဝန်ခံထွက်ဆိုမှသာ တရားဝင်သည်ဟု ဆိုသည်။

ယခုကဲ့သို့ ရဲစစ်ချက် တစ်ခုထဲဖြင့် တရားစွဲဆိုခြင်းသည် တရားမဝင်ကြောင်း တရားလွှတ်တော်ရှေ့နေတဦးက ခေတ်မျက် လုံးသို့ ပြောခဲ့သည်။ စစ်ကောင်စီကို တော်လှန်နေသည့် NUG ၏ လက်အောက်ခံ အဖွဲ့များက စစ်ကောင်စီကဲ့သို့ ပြုမူကျင့်သုံးနေသည်ကို လုံးဝ လက်သင့်မခံနိုင်ကြောင်း ဒေသခံများက ခေတ်မျက်လုံးသို့ ပြောသည်။

NUG လက်အောက်ခံ ပကဖနှင့် တပ်ရင်း (၂) သည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့် ကား ၃ စီး လူအင်အား ၆၀ ခန့် မောင်းပြန်သေနတ် အပြည့်အစုံဖြင့် ဗိုလ်ကျားကြီး ကင်းစခန်းရှိရာသို့ ရုတ်တရက်ဝင်ရောက် စီးနင်းပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဗိုလ်ကျားကြီးအဖွဲ့ဝင် (၂) ဦး သေဆုံးခဲ့ရပြီး အလောင်းများကိုလည်း မိသားစုများသို့ ပြန်လည် ပေးအပ်ခြင်း မရှိဘဲ ဖျောက်ဖျက်ခဲ့သဖြင့် ပကဖ တပ်ရင်း (၂) ကို UDLA အပါအဝင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ပကဖ တပ်ရင်း (၂) ကို NUG အား အရေးယူပေးရန် တောင်းဆိုထားသော်လည်း ယခုထိ အရေးယူခြင်း မရှိသေးပေ။

ဒေသခံများအနေနှင့် ပကဖ ခေါင်းဆောင် နေမျိုးအောင်နှင့် တပ်ရင်း (၂) ကို ကြောက်နေရကြောင်းနှင့် တရားမဝင် ဖမ်းဆီးထားသည့် တပ်ဖွဲ့ဝင်လေးဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် ကျောသား ရင်သား ခွဲခြားသည့်လုပ်ရပ်ကို ချက်ချင်းရပ်ပေးရန် ဒေသခံများက တောင်းဆိုထားကြသည်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 16 Views
ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့ မတ်လ (၉)ရက်။ မတ်လ (၅)ရက်နေ့ နံနက် (၅)နာရီခန့်က
မြန်မာသတင်း

KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 22 Views
မတ်လ (၉)ရက်။ မတ်လ (၇)ရက်နေ့ နံနက် (၂)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်တဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

ထိန်းချုပ်နယ်မြေထဲ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး လုံးဝထွက်ခွင့်မပြုဖို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 25 Views
မတ်လ (၉)ရက်။ ထိန်းချုပ်နယ်မြေထဲ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး အထွက် လုံးဝ ထွက်ခွင့်မပြုဖို့ NUG ရဲ့ ကြားကာလအုပ်ချုပ်ရေးကော်မတီက မတ်လ (၆)ရက်နေ့ရက်စွဲနဲ့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ အခုအချိန်ဟာ အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းကနေ နိုင်ငံတကာကို ရေနံတင်သွင်းတာ
မြန်မာသတင်း

မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့တွေ ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 20 Views
မတ်လ (၉)ရက်။ မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့အားလုံး ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ မင်းဘူးခရိုင်အမှတ်(၆)တပ်ရင်းက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ နယ်မြေထဲ ဖြတ်သန်းသွားလာတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်ရင်းကို သတင်းပို့ပြီးမှ သွားလာကြဖို့ အသိပေးထားပါတယ်။ နောက်ပြီး နယ်မြေထဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလွဲပြီး
မြန်မာသတင်း

အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေက NUG ယာယီသမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 19 Views
မတ်လ (၉)ရက်။ NUG တပ်ရင်းတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေနဲ့ ဂျန်ဒါတန်းတူညီမျှမှုအဖွဲ့တွေက ယာယီသမ္မတ ဒူးဝါလရှီးလထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအိတ်ဖွင့်ပေးစာကို မနေ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ပေးပို့ခဲ့တာဖြစ်ပြီး အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေနဲ့
မြန်မာသတင်း

“ စစ်ကိုင်းမှာNUGဘာကြောင့်စစ်မတိုက်တာလဲ?

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 50 Views
မတိုက်ချင်တာလား- မတိုက်ရဲတာလား? ဒီအပတ်ခေတ်မျက်လုံးရဲ့ပြောကြားမဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ခြင်း အပိုင်း (၃၇)မှာ စစ်ကိုင်းမှာNUG ဘာကြောင့်စစ်မတိုက်တာလဲ? မတိုက်ချင်တာလား- မတိုက်ရဲတာလား?ဆိုတဲ့ ခေါင်းစဥ်ဖြစ်ပါတယ်.။ စစ်ကိုင်းတိုင်းပုလဲမြို့နယ်မှာရှိတဲ့ဗိုလ်နဂါးဦးစီးထားတဲ့ အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကို ပကဖနဲ့တပ်ရင်းတွေ လူထောင်ချီသုံးပြီးစစ်ဆင်တိုက်ခိုက်ပြီး ခြေမှုန်းပစ်ခဲ့သလို ဗိုလ်နဂါးနဲ့အညာညီနောင်အဖွဲ့အဖြစ်ဖွဲ့စည်းထားတဲ့
မြန်မာသတင်း

ရေးမြိုမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲခံရ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 52 Views
မတ်လ (၇)ရက်။ မတ်လ (၅)ရက်နေ့ နေ့လယ် (၂)နာရီ (၄၀)မိနစ်ခန့်က ရေးမြိုမြောက်ပိုင်း ကနင်ကမော့ရွာအနီး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကနင်ကမော့ရွာနားမှာ