နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေဘိုခရိုင် NUG လက်အောက်ခံ ပကဖ တပ်ရင်း (၂) က ဖမ်းဆီးထားသည့် GZ Special Task Force-Wetlet အဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် ဒေသခံများ တောင်းဆို

ဝက်လက်မြို့နယ်၊ ဆားတောင်ကြီးရွာ၏ ပကဖခေါင်းဆောင် မောင်စန်း အပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ဝက်လက် ပကဖ တပ်ရင်း (၂) ဖမ်းဆီးထားသည့် GZ Special Task Force-Wetlet တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် ဒေသခံများက ထုတ်ဖော်ဆန္ဒပြခဲ့ကြသည်။

ဖမ်းဆီးခံထားရသည့် တပ်ဖွဲ့ဝင် (၁၉) ဦးအနက် လေးဦးကို ပစ်ခတ်မှုတွင် ပါဝင်သည်ဟု စွတ်စွဲပြီး သေနတ်ထောက် ရိုက်နှက်နှိပ်စက်ကာ ဝန်ခံခိုင်းပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၇/၁၁၄ အရ တရားစွဲဆိုထားသည်ဟု GZ Special Task Force-Wetlet ခေါင်းဆောင် ကိုဂျီဇက်က ခေတ်မျက်လုံးသို့ ပြောကြားခဲ့သည်။ အခြားတပ်ဖွဲ့ဝင် (၁၅) ဦးကို ခံဝန်ဖြင့် ပြန်လွှတ်လိုက်ကြောင်း သိရှိရပါသည်။

ခေတ်မျက်လုံးသတင်းဌာနက ပြန်လွတ်လာသူ (၃) ဦးကို တယ်လီဖုန်းဖြင့် မေးမြန်းခဲ့ရာ ဝတ်ထားသည့်အင်္ကျီကို ချွတ်ခိုင်းပြီး ယင်းအင်္ကျီဖြင့် မျက်လုံးကိုစီးပြီး တုတ်ဖြင့် ဘေးနံရိုးများကို အချက် (၂၀) ရိုက်နှက် နှိပ်စက်ပြီး ဝန်ခံခိုင်းခဲ့သည်ဟု ပြောပြခဲ့သည်။ ၎င်းကို တဦးတည်း ချုပ်နှောင်ထားပြီး တဖက်ခန်းမှ အော်သံကြား၍ ထရံကြားမှ ချောင်းကြည့်ရာ နဘူးနွယ်ဖြင့် ရိုက်နှက်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ပြောပြခဲ့သည်။ ဒေသခံများ၏ ပြောဆိုချက်အရ နဘူးနွယ်ဖြင့် ရိုက်လျှင် အလွန်နာကျင်ကြောင်း သိရှိရပါသည်။

ရာဇသတ်ကြီးပုဒ်မ ၃၀၇/၁၁၄ အရ တရားစွဲဆိုထားသည်ဟု ဝက်လက်ပလဖက ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း တရားဥပဒေ လုပ်ထုံးလုပ်နည်းအရ ရဲစစ်ချက်တစ်ခုထဲဖြင့် တရားစွဲဆို၍မရဘဲ သက်ဆိုင်ရာ ဥပဒေအရာရှိထံတွင် မည်ကဲ့ သို့ လုပ်ဆောင်ရမည် မည်သည့်ပုဒ်မကို တပ်ရမည်ကို အကြံဉာဏ်တောင်းပြီးမှသာ အမှုကို ဆွဲတင်ရမည်ဖြစ်ပြီး တရားသူ ကြီး ရှေ့မှောက်တွင် တရားခံက ဝန်ခံထွက်ဆိုမှသာ တရားဝင်သည်ဟု ဆိုသည်။

ယခုကဲ့သို့ ရဲစစ်ချက် တစ်ခုထဲဖြင့် တရားစွဲဆိုခြင်းသည် တရားမဝင်ကြောင်း တရားလွှတ်တော်ရှေ့နေတဦးက ခေတ်မျက် လုံးသို့ ပြောခဲ့သည်။ စစ်ကောင်စီကို တော်လှန်နေသည့် NUG ၏ လက်အောက်ခံ အဖွဲ့များက စစ်ကောင်စီကဲ့သို့ ပြုမူကျင့်သုံးနေသည်ကို လုံးဝ လက်သင့်မခံနိုင်ကြောင်း ဒေသခံများက ခေတ်မျက်လုံးသို့ ပြောသည်။

NUG လက်အောက်ခံ ပကဖနှင့် တပ်ရင်း (၂) သည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့် ကား ၃ စီး လူအင်အား ၆၀ ခန့် မောင်းပြန်သေနတ် အပြည့်အစုံဖြင့် ဗိုလ်ကျားကြီး ကင်းစခန်းရှိရာသို့ ရုတ်တရက်ဝင်ရောက် စီးနင်းပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဗိုလ်ကျားကြီးအဖွဲ့ဝင် (၂) ဦး သေဆုံးခဲ့ရပြီး အလောင်းများကိုလည်း မိသားစုများသို့ ပြန်လည် ပေးအပ်ခြင်း မရှိဘဲ ဖျောက်ဖျက်ခဲ့သဖြင့် ပကဖ တပ်ရင်း (၂) ကို UDLA အပါအဝင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ပကဖ တပ်ရင်း (၂) ကို NUG အား အရေးယူပေးရန် တောင်းဆိုထားသော်လည်း ယခုထိ အရေးယူခြင်း မရှိသေးပေ။

ဒေသခံများအနေနှင့် ပကဖ ခေါင်းဆောင် နေမျိုးအောင်နှင့် တပ်ရင်း (၂) ကို ကြောက်နေရကြောင်းနှင့် တရားမဝင် ဖမ်းဆီးထားသည့် တပ်ဖွဲ့ဝင်လေးဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် ကျောသား ရင်သား ခွဲခြားသည့်လုပ်ရပ်ကို ချက်ချင်းရပ်ပေးရန် ဒေသခံများက တောင်းဆိုထားကြသည်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်တော်မြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အရပ်သားတစ်ဦး သေဆုံးပြီး (၂၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 10 Views
ဧပြီလ (၁၉)ရက်။ ဒီကနေ့ နံနက် (၂)နာရီခွဲအချိန်ကစပြီး ကျောက်တော်မြို့ရှိ အရပ်သားတွေနေထိုင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့
မြန်မာသတင်း

နေပြည်တော်ရဲ့ မြို့အကွက်ချပုံစံကို ပြန်လည်ရေးဆွဲမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 31 Views
ဧပြီလ (၁၉)ရက်။ နေပြည်တော်ရဲ့ မြို့အကွက်ချပုံစံကို ပြန်လည်တွက်ချက်ရေးဆွဲသွားဖို့ စီစဉ်နေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ရန်ကုန် ကမာရွတ်မြို့မရဲစခန်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 15 Views
ဧပြီလ (၁၉)ရက်။ မနေ့က ည (၉)နာရီ (၅၇)မိနစ်အချိန်က ရန်ကုန်ရှိ စစ်ကောင်စီရဲ့ ကမာရွတ်မြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon UG People Army(YUPA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ကမာရွတ်မြို့နယ် မြို့မရဲစခန်းကို
မြန်မာသတင်း

နေပြည်တော်ရှိ စစ်ကောင်စီရဲ့ အေလာလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 16 Views
ဧပြီလ (၁၉)ရက်။ မနေ့က ည (၈)နာရီခွဲကျော်အချိန်က နေပြည်တော်ရှိ စစ်ကောင်စီရဲ့ အေလာလေတပ်စခန်းကို (၁၀၇)မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က
မြန်မာသတင်း

ညောင်လေးပင်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 17 Views
ဧပြီလ (၁၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ညောင်လေးပင်ခရိုင် ရေတွင်းကုန်းရွာကို စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ အမှတ်(၂)စစ်ဒေသခွဲရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ရေတွင်းကုန်းရွာကို နံနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာ။ ပြီးတော့
မြန်မာသတင်း

ရေစကြိုမှာ စစ်ကောင်စီရဲ့ အကြောင်းမဲ့ လေကြောင်းဗုံးကြဲတာကြောင့် ဒေသခံ (၃)ဦး ထိခိုက်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 19 Views
ဧပြီလ (၁၈)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က ရေစကြိုမြို့ ဗလဘကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချင်တွေအရ သိရပါတယ်။ “ ညနေ (၄)နာရီ (၂၀)မိနစ်လောက်က ဗလဘကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ဘင်္ဂလားဒေ့ရှ် တပ်မတော်ကအမေရိကန်ထောက်ခံမှုဖြင့် အာရက္ခတပ်တော်ကို အကူအညီ ပေးတော့မည်။

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 22 Views
+++++++++++++++++++++ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် လျှို့ဝှက်စစ်ဆင်ရေး၊များကို ဘင်္ဂလားဒေ့ရှ် တပ်မတော်က ဦးဆောင်မည်ဖြစ်သည်။ ထောက်ပံ့ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ပံ့ပိုးမှုများအပြင် ဒရုန်းများကို အသုံးပြုခွင့်ပေးခြင်းအထိ ဘင်္ဂလားဒေ့ရှ် တပ်မတော်သည် ရခိုင်ပြည်နယ်ရှိ မြန်မာစစ်အုပ်စုအား ဆန့်ကျင်တိုက်ခိုက်နေသည့် အာရက္ခတပ်တော်
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် စစ်ကောင်စီဥက္ကဋ္ဌနှင့် ဘန်ကောက်တွင် တွေ့ဆုံ

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 22 Views
ဧပြီလ (၁၇) ရက်။ မြန်မာနိုင်ငံတွင် ငလျင်ဒဏ်နှင့်ပတ်သက်ပြီး ဆွေးနွေးရန်အတွက် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မလေးရှားဝန်ကြီးချုပ်သည် မြန်မာစစ်အစိုးရခေါင်းဆောင်နှင့် ပုံမှန်မဟုတ်သော တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့သည်။ မလေးရှားဝန်ကြီးချုပ် အန်ဝါသည် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၁၇ ရက်နေ့က