နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် ရခိုင်ပြည်နယ် ရောက်ရှိ

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းကို သွားရောက်ကြည့်ရှုခဲ့ကြောင်း ဖေဖော်ဝါရီလ (၂၇) ရက်နေ့ထုတ် စစ်အစိုးရပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

စစ်ကောင်စီလက်အောက်ခံပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရေတပ်ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းအကြောင်း ရှင်းပြခဲ့သည်ဟု ဖော်ပြထားသည်။ အာဏာ သိမ်းစစ်ခေါင်းဆောင်နှင့် အဖွဲ့ဝင်များသည် စီမံကိန်းနေရာအား သွားရောက်ကြည့်ရှုလေ့လာကြပြီး စစ်တွေမြို့ တွင် အိန္ဒိယကောင်စစ်ဝန်ချုပ် Mr. Bibekananda Bhattamishra နှင့် တွေ့ဆုံကာ စီမံကိန်း ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

အိန္ဒိယအစိုးရ၏ ဗျူဟာမြောက်စီမံကိန်းဖြစ်သည့် ဤစီမံကိန်းတွင် ရခိုင်ပြည်နယ် ကုလားတန် မြစ်ဝမှ စစ်တွေဆိပ်ကမ်း တည်ဆောက်ခြင်း၊ ပလက်ဝဆိပ်ကမ်း တည်ဆောက်ခြင်းနှင့် ကုလားတန်မြစ်ကို သောင်တူးခြင်း စသည့် လုပ်ငန်းများမှာ ပြီးစီးနေပြီဖြစ်သော်လည်း ချင်းပြည်နယ် ပလက်ဝမှ နှစ်နိုင်ငံနယ်စပ် ဇိုရင်ပွီအထိ ဖြတ်သန်း ဆက်သွယ်မည့် ၁၀၉ ကီလို မီတာ ရှည်သည့် နှစ်လမ်းသွား အဝေးပြေးလမ်း ဆောက်လုပ်ရေးလုပ်ငန်းမှာမူ စတင်နိုင်ခြင်း မရှိသေးပေ။ ၎င်းနှစ်လမ်းသွား အဝေးပြေးလမ်းတွင် အပိုင်း (၂) ပိုင်း ပါဝင်ပြီး ပလက်ဝမှ ကလေးဝသို့ ဆက်သွယ်သည့် အပိုင်းနှင့် ၄၁ ဒသမ ၅ ကီလိုမီတာ ရှည်လျားသည့် ကလေးဝမှ ဇိုရင်ပွီသို့ ဆက်သွယ်သည့် အပိုင်းဖြစ်သည်။

၎င်းအဝေးပြေးလမ်းတည်ဆောက်ရေး အသေးစိတ်ကို အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနနှင့် စီမံကိန်း အကောင်အထည် ဖော်ရေးလုပ်ငန်း (PIA) ဖြစ်သည့် IRCON International Limited တို့အကြား ချုပ်ဆိုသည့် စာချုပ်သစ်တွင် ဖော်ပြထား သည်။ IRCON International Limited သည် အိန္ဒိယမီးရထားဝန်ကြီးဌာန၏ နိုင်ငံပိုင်လုပ်ငန်း ဖြစ်သည်။

ဤစီမံကိန်းကို လွန်ခဲ့သာ ၁၂ နှစ်က စတင်ခဲ့ပြီး အကြိမ်ကြိမ် နှောင့်နှေး ကြန့်ကြာမှုများ ဖြစ်နေခဲ့သည်။ ယခုနောက်ဆုံး သတ်မှတ်ထားသည့် စီမံကိန်း ပြီးစီးရမည့် အချိန်မှာ ၂၀၂၃ ခုနှစ် ဖြစ်သော်လည်း လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေအရ ပြီးစီးအောင် ဆောင်ရွက်ရန် ခက်ခဲလျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို