နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် (၄)ဦး ကျွန်းလှအချုပ်ထောင်ဖောက်ပြီး PDF ဆီ ထွက်ပြေးလွတ်မြောက်လာ

နိုဝင်ဘာလ (၁၇)ရက်။

ကန့်ဘလူမြို ဘူးကုန်းစစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရသူတွေထဲက လူငယ်အမျိုးသား (၄)ဦး ကျွန်းအချုပ်ထောင်ဖောက်ကာ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“အခု (၄)ယောက်က တရက်ထဲ အဖမ်းခံရတဲ့သူတွေမဟုတ်ဘူး။ တချိုက ရွှေမျှောလုပ်ဖိုသွားတာ။ ကျွန်တော်က မုံရွာ ချမ်းသာကျွန်းရွာက။ မြစ်ကြီးနားဘက် ငှက်ပျောခြံမှာ အလုပ်လုပ်ဖိုသွားရင်း အန်စာတုံးကားနဲ့လာတာကနေ ဘူးကုန်းဂိတ်မှာ ဖမ်းခံရတာ”လို ထွက်ပြေးလွတ်မြောက်လာသူထဲက (၂၁)နှစ်အရွယ် အမျိုးသားက ‌ပြောဆိုထားပါတယ်။

ကန့်ဘလူမြို ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းကြောရှိ ဘူးကုန်းစစ်ကောင်စီအထိုင်ဂိတ်မှာ အောက်တိုဘာလ (၃၀)ရက်နေ့ကနေ နိုဝင်ဘာလ (၈)ရက်အထိ ပေါ်တာဆွဲဖမ်းဆီးခံရသူ (၃၀)ကျော်ရှိပြီး ကျွန်းလှမြိုအဝင်ရှိ အချုပ်ထောင်မှာ ဖမ်းဆီးခံခဲ့ရတာလို သိရပါတယ်။

“ကျွန်တော်တိုက အဖမ်းခံရတော့ ဒီလိုတော့မနေနိုင်ဘူးဆိုပြီး ရောက်တဲ့နေ့ညမှာပဲ သံဆူးကြိုးက အပြားလေးကို ရအောင်ဆွဲဖြတ်ပြီး အချုပ်ခန်း အောက်ခင်းပျဉ်ကို တိုက်ဖြတ်တာ၊ မရတော့မှ အိမ်သာ မင်းတုန်းက အပြားလေးနဲ့ ပျဉ်(၃)ပြားကို (၈)ရက်လောက် တိုက်ဖြတ်ပြီး (၁၀)ရက်နေ့ ည (၁၁)ခွဲလောက် ထွက်ပြေးကြတာ။ ထွက်ပြေးတာ ဖိနပ်မပါဘူး။ ကိုယ့်ဒေသမဟုတ်တော့ လမ်းလဲမကျွမ်း၊ မီးအလင်းရောင်ရှောင်ပြီး ငှက်ပျောသီး မီးဖုတ်စားပြီး (၃)ရက်လောက် လမ်းလျှောက်ပြီးမှ တော်လှန်ရေးတပ်တွေဆီ ရောက်လာတာ”လို (၁၉)နှစ်အရွယ် လူငယ်တဦးက ဆက်ပြောပါတယ်။

ပေါ်တာဆွဲဖမ်းဆီးခံရချိန်မှာ စစ်ကောင်စီတပ်က ထမင်းကို မသေရုံကျွေးပြီး ထမင်းနဲ့ ဟင်းထဲ ဆေးခတ်တာတွေကြောင့် အချုပ်ထောင်ထဲ ဖမ်းဆီးခံရသူတွေဟာ မူးပြီး ပျော့ခွေတာတွေရှိသလို ဗိုလ်အဆင့်ရှိသူတဦးက တရက်ခြားတခါ စည်းရုံးပြောဆိုတာတွေလဲ ရှိပါတယ်။

ကန့်ဘလူမြို ဗျူဟာလမ်းကြောရှိ စစ်ကောင်စီအထိုင်ဂိတ်တွေဟာ ပျူစောထီးလိုအပ်ချက် ကြီးမားနေတဲ့ ဝါသဝရဲ့ ပျူစစ်ကြောင်းအတွက် ခရီးသွားပြည်သူတွေထဲက လူငယ်လူရွယ် အမျိုးသားနဲ့ အမျိုးသမီးတွေပါမကျန် ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို ဖော်ပြထားပါတယ်။

နောက်ပြီး ဖမ်းဆီးခံရသူတွေကို ပြန်ရွေးတဲ့အခါ လူလဲဆုံး ငွေလဲဆုံးတဲ့အပြင် လိုက်လာတဲ့သူပါ ထပ်မံဖမ်းဆီးတာတွေ ပြုလုပ်ပြီး ဖမ်းဆီးထားသူတွေကို ကျွန်းလှအချုပ်ထောင်မှာ ယာယီထိန်းသိမ်းကာ စစ်သင်တန်းတက်ဖို ကန့်ဘလူ၆၀၀၆ကို အလှည့်ကျပိုဆောင်ပြီး အဲ့ဒီကနေတဆင့် Mi-17 နဲ့ ခေါ်ဆောင်သွားတာလို ပြောဆိုထားပါတယ်။

ဒါ့ကြောင့် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းကြောကို အသုံးပြုသွားလာကြတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ စစ်ကောင်စီအထိုင်စခန်းတွေရှိတဲ့ ဗျူဟာလမ်းကြောကို အတတ်နိုင်ဆုံး ရှောင်ကွင်းသွားလာကြဖို သတိပေးတိုက်တွန်းထားတယ်လို သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို