နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ အမြင့်ဆုံး ခေါင်းဆောင်အဆင့်ရှိသူတွေကို ပစ်မှတ်ထားဖို NUG ပြော

နိုဝင်ဘာလ (၁၇)ရက်။

နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ အမြင့်ဆုံး ခေါင်းဆောင်အဆင့်ရှိသူတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို NUG က နိုဝင်ဘာလ (၁၅)ရက်နေ့ရက်စွဲနဲ့ မနေ့က ထုတ်ပြန်ထားတယ်လို သိရပါတယ်။

မြန်မာနိုင်ငံထဲ ကျူးလွန်နေတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ လုပ်ရပ်တွေအပေါ် မကြာသေးမီက နိုင်ငံတကာရဲ့ အာရုံစိုက်၊ တိုးမြှင့်အရေးယူဆောင်ရွက်တာတွေကို ကြိုဆိုတယ်လို ဆိုပါတယ်။

ဆိုက်ဘာလိမ်လည်ဂိုဏ်းတွေဟာ ကမ္ဘာတဝှမ်းရှိ ပြည်သူတွေဆီကနေ တနှစ်ကို (၆၅)ဘီလီယံခန့် လိမ်လည်လှည့်ဖျားနေပြီး မြန်မာပြည်သူပေါင်း (၁၂၀၀၀၀)ဟာ အွန်လိုင်း လိမ်လည်တာတွေ လုပ်ဆောင်ဖို ဖိအားပေး ထိန်းသိမ်းခံနေရတယ်လို ဖော်ပြထားပါတယ်။

နောက်ပြီး အကြမ်းဖက်စစ်အုပ်စုနဲ့ သူ့ရဲ့ကွပ်ကဲမှုအောက်ရှိ နယ်ခြားစောင့်တပ်တွေ၊ ပြည်သူ့စစ်အဖွဲတွေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေဟာ အဲ့ဒီလိမ်လည်မှုစင်တာတွေရဲ့ အကျိုးခံစားခွင့်တွေကို ရနေသူတွေလို ရေးသားထားပါတယ်။

ဒါ့ကြောင့် ရာဇဝတ်ဂိုဏ်းတွေရဲ့ မြင့်ဆုံး ခေါင်းဆောင်‌အဆင့်ရှိသူတွေကို ပစ်မှတ်ထားပြီး ရာဇဝတ်မှုတွေ ရပ်တန့်ဖို၊ လိမ်လည်ခံရသူတွေရဲ့ ငွေကြေးပြန်ရဖိုနဲ့ လူကုန်ကူးခံရသူတွေကို နေရပ်ပြန်ဖိုနဲ့ နိုင်ငံတကာအနေနဲ့ တိုးမြှင့်ကြိုးပမ်းဖို တိုက်တွန်းထားပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ဖိုနဲ့ ဒေသတခုလုံးအတွက် လိုအပ်တဲ့ တည်ငြိမ်အေးချမ်းဖို အခြေအနေကောင်းတွေကို ပံ့ပိုးပေးမှာလို NUG က ‌ပြောဆိုထားပါတယ်။

ဒါ့အပြင် NUG အနေနဲ့လဲ စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကနေ ရနေတဲ့ တရားမဝင် ငွေကြေးစီးဆင်းတာတွေကို ဖြတ်တောက်ပြီး အဲ့ဒီငွေတွေကို အသုံးပြုကာ ရာဇဝတ်မှုတွေ အဆုံးသတ်ဖိုနဲ့ လိမ်လည်ခံရသူတွေ တရားမျှတမှု ရရှိဖို နိုင်ငံတကာနဲ့ လက်တွဲဆောင်ရွက်မယ်လို ကတိပြုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို