နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 2 ရက်

လက်တင်အမေရိက

လက်တင်အမေရိက အမေရိကန် ဥရောပ

ဖမ်းဆီးထိန်းသိမ်းစဉ် ရဲအရာရှိ ၅ ဦး၏ ရက်ရက်စက်စက် ထိုးကြိတ် ကန်ကျောက်မှုများကြောင့် လူမည်းအမျိုးသားတစ်ဦး သေဆုံးမှုအတွက် ဆန္ဒပြ

ဇန်နဝါရီလ (၂၇) ရက်နေ့က တန်နက်ဆီပြည်နယ်၊ မင်ဖစ်စ်မြို့တွင် ရဲအရာရှိက ဖမ်းဆီးထိန်းသိမ်းစဉ် လူမည်းအမျိုးသားတစ်ဦး သေဆုံးမှုတွင် ရဲအရာရှိ၏ ခန္ဓာကိုယ်တွင် တပ်ထားသည့်ကင်မရာနှင့် ရိုက်ယူထားသည့် ဗီဒီယိုမှတ်တမ်းများ ထွက်လာသည်။

ယင်းဗီဒီယိုတွင် အသက် ၂၉ နှစ်အရွယ် တိုင်ရီနီကိုးလ်စ် (Tyree Nichols) ကို ရဲအရာရှိ ၅ ဦးက အင်အားအလွန်အကျွံသုံး၍ ရက်ရက်စက်စက် ထိုးကြိတ်ကန်ကျောက်မှုများ ပြုလုပ်နေသည်ကို တွေ့မြင်ရသည်။ ယင်းဗီဒီယို ပေါ်ထွက်လာပြီးနောက် ရဲအရာရှိများ၏ ရက်စက်ကြမ်းကြုတ်မှုများကို ကန့်ကွက်ရှုတ်ချသည့် ဆန္ဒပြပွဲများ အမေရိကန်တစ်ဝှမ်း ဆက်လက်ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်သည် ဇန်နဝါရီလ (၇) ရက်နေ့ ညက ဖြစ်ခဲ့ပြီး ရဲအရာရှိများက ယာဉ်စည်းကမ်း ချိုးဖောက်သည်ဟု သံသယရှိသူ တိုင်ရီနီကိုးလ်စ် အသက် ၂၉ နှစ်ကို ယာဉ်မောင်းထိုင်ခုံမှ ဆွဲထုတ်ခဲ့သည်ကို ဗီဒီယိုတွင်တွေ့မြင်ရသည်။ တိုင်ရီနီကိုးလ်စ်သည် ထွက်ပြေးသွားခဲ့ရာ ရဲအရာရှိများက သူ့ကို အနီးနားရှိ လူနေရပ်ကွက်တစ်ခုတွင် ဖမ်းဆီးလိုက်ပြီး မျက်နှာကို လက်သီးဖြင့် ထိုးကာ မြေပြင်ပေါ်သို့ တွန်းတင်ကာ ဦးခေါင်းကို ကန်ကျောက်ခဲ့သည်။

ရဲအရာရှိတချို့က သူ့ကို နံပါတ်တုတ်နဲ့ ရိုက်နှက် ကြသည်။ နီကိုးလ်စ်က “ အမေ” ဟု အော်ကာ အကူအညီတောင်းသော် လည်း သုံးရက်အကြာတွင် သေဆုံးသွားခဲ့သည်။ (၂၆) ရက်နေ့တွင် ဒေသဆိုင်ရာ အစိုးရရှေ့နေရုံးမှ ရဲအရာရှိ (၅) ဦးကို ဒုတိယအဆင့် လူသတ်မှုနှင့် အခြားစွဲချက်များဖြင့် စွဲချက်တင်ခဲ့သည်။

(၂၇) ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ သေဆုံးသူ၏ မိသားစုကို ကိုယ်စားပြုသည့် ရှေ့နေက “ဒီဖြစ်ရပ်ရဲ့ နောက်ခံအကြောင်းအရင်းက လူမည်းတွေရဲ့ ဘဝကို ဂရုမစိုက်တဲ့ အမေရိကန် ရဲတွေရဲ့ ယဉ်ကျေးမှုကြောင့်” လို့ ပြောဆိုဝေဖန်ခဲ့သည်။

အဆိုပါဗီဒီယိုကို ထုတ်လွှင့်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် မင်ဖစ်စ်နှင့် နယူးယောက်တို့တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး နယူးယောက်တွင် ပါဝင်သူအချို့သည် ရဲကားတစ်စီး၏ လေကာမှန်ကို ဖျက်စီးမှုကြောင့် ဖမ်းဆီးခံခဲ့ရသည်။ (၂၇) ရက်နေ့တွင် သမ္မတဘိုင်ဒင်က “ ဗီဒီယိုကိုမြင်ရတဲ့အခါ စိတ်ဆိုးပြီး စိတ်ထိခိုက်ရပြီး မင်ဖစ်စ်မြို့၏ ရဲအရာရှိများ ကိုင်တွယ်ဆောင်ရွက်ပုံကို ရှုတ်ချတယ်” ဟု ပြောဆိုခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြဖို့ တောင်းဆိုခဲ့ပါသည်။

Source: CNN, AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 15 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 20 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း
နိုင်ငံတကာသတင်း မြောက်ကိုရီးယား အမေရိကန်

မြောက်ကိုရီးယားဟက်ကာများက အမေရိကန်ကုမ္ပဏီထောင်ပေါင်းများစွာ အသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ကို ဖောက်ထွင်းပြီး ခရစ်ပတိုခိုးယူရန် ကြိုးပမ်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မြောက်ကိုရီးယားဟက်ကာများဟု သံသယရှိသူများသည် အမေရိကန်ကုမ္ပဏီပေါင်း ထောင်ချီအသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ပက်ကေ့ဂျ်တစ်ခုအတွင်းသို့ ဗိုင်းရပ်စ်ထည့်သွင်းကာ ကြီးမားသော ထောက်ပံ့ရေးကွင်းဆက် (Supply-chain) တခုလုံးအားတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို ပြန်လည်ကုစားရန်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 220 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် သမ္မတ ဒေါ်နယ်ထရန့် မျှဝေခဲ့သည့် မကြာသေးမီက ဗီဒီယိုမှာ အီရန်နိုင်ငံ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on the ground) ချထားမည့် ကိစ္စနှင့် ပတ်သက်လာလျှင် အမေရိကန် စစ်တပ်အနေဖြင့် “ခန့်မှန်းရခက်အောင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 327 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့သည် ၎င်းတို့၏ ရပ်တည်ချက်များကို ပိုမိုတင်းမာအောင် လုပ်ဆောင်နေကြသည်။ သမ္မတ ဒေါ်နယ်ထရန့်က
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 42 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က အီရန်၏ စာရင်းတွင် မပါဝင်ခဲ့ဖူးသည့် အချက်တစ်ချက် ပါဝင်လာခဲ့သည်၊ ၎င်းမှာ ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 70 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး