နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

နည်းပညာ

နည်းပညာ နိုင်ငံတကာစီးပွားရေး အာရှ

ဈေးကွက်အတွက် ရောင်းချရန် ‘Semisolid’ ဘက်ထရီ အများအပြား ထုတ်လုပ်

Kyocera သည် ဂျပန်ထုတ်လုပ်သူများအတွက် မျိုးဆက်သစ်ဆဲလ်များ ထုတ်လုပ်သည့်နည်းကို လမ်းပြနေသည်။

ဂျပန်ကုမ္ပဏီများက ဦးဆောင်ကာ ၎င်း၏ ဘေးကင်းမှု၊ သက်တမ်းကြာရှည်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးခြင်းကြောင့် လူသိများသော ဘက်ထရီ အမျိုးအစားသစ်ကို အမြောက်အမြား စတင်ထုတ်လုပ်နေပြီဖြစ်သည်။ Kyocera သည် ၂၀၂၁ ခုနှစ်တွင် semisolid batteries ဟုခေါ်သော ဘက်ထရီ အမြောက်အမြားထုတ်လုပ်သည့် ကမ္ဘာ့ပထမဆုံး ကုမ္ပဏီဖြစ်လာခဲ့သည်။ ကျိုတိုအခြေစိုက် ထုတ်လုပ်သူသည် တစ်နှစ်လျှင် မီဂါဝပ်နာရီ ၂၀၀ ထုတ်လုပ်နိုင်စွမ်းရှိပြီး နေစွမ်းအင်သိုလှောင်မှုစနစ် ၂၀,၀၀၀ နှင့်ညီမျှသည်။ ထုတ်လုပ်မှုသည် ထုတ်လုပ်နိုင်သည့်ပမာဏ၏ ထက်ဝက်ခန့် ဖြင့် စတင်လည်ပတ်နေပြီဖြစ်သည်။

Kyocera ၏ စွမ်းအင်ဖြေရှင်းခြင်းစီးပွားရေးလုပ်ငန်းမှ တာဝန်ခံ ဟီဒဲမီချိ တိုနာရီ (Hidemichi Tonari) က “ ကုန်ထုတ်လုပ် မှုမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထွက်ရှိမှုက ၄၀% ပိုနည်းပါတယ်။ “ သမားရိုးကျ ဘက်ထရီတွေထက် သက်တမ်းကလည်း ပိုရှည်တယ်” ဟုဆိုသည်။ ဘက်ထရီ၏ စွမ်းရည်မှာ တစ်ကီလိုဂရမ်တွင် တနာရီလျှင် ၁၄၀ ဝပ် ထွက်ပြီး – လစ်သီယမ်-အိုင်းယွန်း ဘက်ထရီများ၏ ၆၀% သာ ဖြစ်သည်။ သို့သော် Semisolid ဘက္ထရီတွေဟာ ဘေးကင်းမှုရှိတဲ့အတွက် ထိုအချက်နှင့် ပြိုင်ဆိုင်ကြသည်။ Kyocera သည် ၂၀၂၅ ခုနှစ်အစောပိုင်းတွင် စွမ်းရည်မြင့် ထုတ်ကုန်အသစ်ကို အမြောက်အမြားထုတ် လုပ်ရန် စဉ်းစားနေသည်။

ဘက်ထရီ ဖွံ့ဖြိုးတိုးတက်မှုသည် လျှပ်စစ်ကားများ ထွန်းကားလာခြင်းနှင့် တိုက်ဆိုင်နေသည်။ လီသီယမ်-အိုင်းယွန်းဘက် ထရီများသည် ၎င်းတို့၏ အရည် အီလက်ထရောလိုက်များပါဝင်ပြီး ထပ်ခါတလဲလဲ အသုံးပြုပြီးနောက်လုပ်ဆောင်မှုများ မကောင်းဘဲကျဆင်းသွားသည်။ ထို့ပြင်လီသီယမ်-အိုင်းယွန်းဘက်ထရီကို ကောင်းမွန်စွာ အအေးမခံမိပါက မီးဘေးအန္တရာယ် လည်း ရှိပါသည်။

solid-state ဘက်ထရီများအားလုံးသည် လစ်သီယမ်-အိုင်းယွန်းဘက်ထရီများကို အစားထိုးရန် အသင့်လျော်ဆုံး အဖြစ် ရှုမြင်ကြသည်။ ၎င်းတို့သည် စွမ်းအင်ပိုမိုသိုလှောင်နိုင်သည့်အပြင် ပိုမိုမြန်ဆန်စွာ အားသွင်းနိုင်သည်။ သို့သော် All-solid-state ဘက်ထရီများ အမြောက်အမြားထုတ်လုပ်ရန် နည်းပညာသည် ဖွံ့ဖြိုးလာစေရန်လုပ်ဆောင်ရန်လိုနေသေးသည်။ ၎င်းတို့၏ ဂျယ်၊ ရွှံ့စေး သို့မဟုတ် သစ်စေး အီလက်ထရိုလိုက်များပါရှိသော Semisolid-state ဘက္ထရီများသည် အလားအလာရှိသော အခြားရွေးချယ်စရာအဖြစ် မြင်တွေ့ရသည်။ ဘက်ထရီပူလာသော်လည်း semisolid ကြားခံသည် မီးလောင်နိုင်ခြေကို လျှော့ချပေးသည်။ လီသီယမ်-အိုင်းယွန်းဘက်ထရီ၏ ထုတ်လုပ်မှုလိုင်း၏ အစိတ်အပိုင်းများကို semisolid ဘက်ထရီများအတွက် ပြန်လည်အသုံးပြုနိုင်သည်။ အချို့သော လုပ်ငန်းစဉ်များကို လုပ်ဆောင်ရန်မလို ဆိုလိုသည်မှာ ကုန်ထုတ်လုပ်မှုတွင် ဖန်လုံအိမ်ဓာတ်ငွေ့ နည်းပါးခြင်းကြောင့် ဖြစ်သည်။

Kyocera သည် US ဘက်ထရီထုတ်လုပ်သူ 24M Technologies မှ နည်းပညာကို အသုံးပြု၍ semisolid ဘက်ထရီများပြုလုပ်သည်။ 24M လိုင်စင် ရှိသည့်ကုမ္ပဏီများသည် ၂၀၂၂ ဘဏ္ဍာနှစ်တွင် 0.2 gigawatt-hour ဘက်ထရီများကို ပြုလုပ်ခဲ့ပြီး- ထိုပမာဏသည် ၂၀၂၆ ဘဏ္ဍာနှစ်တွင် ၈၀.၅ GWh အထိတိုးလာရန်ခန့်မှန်းထားသည်။ ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်နိုင်သော ဘက်ထရီများ လိုအပ်ချက်သည် semisolid ဘက်ထရီများ ကို အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုအဆင့်သို့ ရောက်ရှိလာစေသည့် အဓိကတွန်းအားပေးသည့် အချက်ဖြစ်သည်။

၂၀၂၄ ခုနှစ်တွင် ဥရောပသမဂ္ဂသည် ကုန်ထုတ်လုပ်သူများအနေနှင့် ထုတ်လုပ်ခြင်းနှင့်စွန့်ပစ်ခြင်းတို့တွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကိုလျော့ချပိတ်ပင်ရန် လိုအပ်ချက်အဖြစ် သတ်မှတ်လာမည်ဖြစ်သည်။ ၂၀၂၇ ခုနှစ်တွင် အီးယူသည် ဖလ်အိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု မြင့်မားခြင်းနှင့် ဆက်စပ်သော ဘက်ထရီများ ဈေးကွက်သို့ ဝင်ရောက်မှုကို ကန့်သတ်မည်ဖြစ်သည်။ တစ်နည်းဆိုရသော် ကြီးမားသော ကာဗွန်ထုတ်လုပ်မှု ရှိသည့် စွမ်းဆောင်ရည်မြင့် ဘက်ထရီများအတွက် ဝယ်လိုအား ကျုံ့သွားမည်ဖြစ်သည်။ ဂျပန်နှင့် အမေရိကန်တို့သည် တူညီသည့်ဦးတည်ရာကို သွားနေကြသည်။

ဂျပန်စွန့်ဦးတီတွင်လုပ်ငန်းရှင်များ၏ ဘက်ထရီ တီထွင်မှုအဓိကနေရာ (Battery Innovation Hub) သည် လီသီယမ်-အိုင်းယွန်းဘက်ထရီ၏ သက်တမ်း နှစ်ဆရှိသော semisolid ဘက်ထရီကို တီထွင်ခဲ့သည်။ ထပ်ခါတလဲလဲ အားပြန်သွင်းပြီးနောက်စွမ်းအားကို ထိန်းထားပေးသည့် ဂျယ်လ်ကို အသုံးပြုသည်။ စတင် ထုတ်လုပ်ခြင်းမှ ကာဗွန်ထွက်ရှိမှုနှင့် စွန့်ပစ်ခြင်းအတွက် ကုန်ကျစရိတ်များသည် ထက်ဝက်ခန့် လျော့ကျဆင်းသွားသည်။ “ မီးလောင်မှု သို့မဟုတ် ယိုစိမ့်နိုင်ခြေလည်း နည်း ပါးတယ်” ဟု BIH ဥက္ကဋ္ဌ ကီအိချီ ဟာဆဲဂါဝါ ( Kiichi Hasegawa) က ပြောကြားခဲ့သည်။ ကုမ္ပဏီသည် အောက်တိုဘာလတွင် စမတ်ဖုန်းဘက်ထရီများကို ထုတ်လုပ်ပေးတော့မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် လျှပ်စစ်ကား (EV) နှင့် ဒရုန်းများအတွက် အက်ပ်လီကေးရှင်းများကို တိုးချဲ့သွားရန် ရည်မှန်းထားသည်။

NGK လျှပ်ကူးကာများသည် စမတ်ပစ္စည်းများအတွက် ကြွေထည်အီလက်ထရုတ်(ceramic electrodes) ပစ္စည်းများကို အသုံးပြု၍ EnerCera ultrathin semisolid-state ဘက်ထရီကို ဖန်တီးခဲ့သည်။ ထိုဘက်ထရီသည် အကြိမ် ၉၀၀၀ အားပြန်သွင်းနိုင်ပြီး ပုံမှန် လီသီယမ်-အိုင်းယွန်းဘက်ထရီများ၏ ကိန်းဂဏန်းထက် သုံးဆ ပိုသည်။ ယာမာနာရှိ (Yamanashi) စီရင်စုတွင် EnerCera coin ဘက်ထရီများ အမြောက်အမြား ထုတ်လုပ်မှုကို စတင်လိုက်ပြီဖြစ်သည်။

24M မှ လိုင်စင်ယူထားသည့် လူဇင်ဘတ် (Luxembourg) ၏ Freyr ဘက်တရီ သည် နော်ဝေမြောက်ပိုင်းတွင် ဒေါ်လာ ၁.၇ ဘီလီယံ စက်ရုံတည်ဆောက်နေသည်။ စမ်းသပ်ထုတ်လုပ်မှုကို မတ်လတွင် စတင်ရန် စီစဉ်ထားသည်။ ၂၀၃၀ ပြည့်နှစ်တွင် တစ်နှစ်လျှင် ၂၀၀ GWh အထိ မြှင့်တင်ရန် ရည်မှန်းချက်ဖြင့် အမေရိကန် နှင့် ဖင်လန် (Finland ) ရှိ စက်ရုံများကို ခေါ်ယူအသုံးပြု ရန် အစီအစဉ်များ ချမှတ်ထား သည်။

semisolid-state ဘက်ထရီများအတွက် မျှော်လင့်ချက်များ ကြီးထွားလာနေသော်လည်း၊ ၎င်းတို့၏ ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ် အသုံးပြုရန်အတွက် အတားအဆီးများ ရှိနေဆဲ ဖြစ်သည်။ ဥပမာတစ်ခုအနေနှင့် Kyocera ၏ လက်ရှိထုတ်ကုန်၏ စွမ်းဆောင်ရည်သည် သမားရိုးကျ လစ်သီယမ်-အိုင်းယွန်း ဘက်ထရီများနှင့် နှိုင်းယှဉ်ပါက အကန့်အသတ်ရှိသည်။ လျှပ်စစ်ကား(EV) များအတွက် စွမ်းဆောင်ရည်မြင့် ဘက်ထရီများ လိုအပ်ချက်သည် ကြီးထွားလာနေပါသည်။ ကုမ္ပဏီများသည် စွမ်းရည်မြင့် Solid-state ဘက်ထရီများကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ်မှု မရရှိနိုင်မီတွင် သုံးစွဲသူများကို ဆွဲဆောင်ရယူနိုင်ရန်အတွက် ပြိုင်ဆိုင်နေကြသည်။


Nikkei ၏ TAKURO KUSASHIO နှင့် MAI KITAGAWA,တို့ ရေးသားသည့် “ ‘Semisolid’ batteries charged up for mass market” ကို ခေတ်မျက်လုံးက ဘာသာပြန်သည်။


Photo – NGK Insulators

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 35 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 107 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 110 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး အလမ် (Sadre Alam) သည် အိန္ဒိယနိုင်ငံအတွက် စစ်ပွဲဝင်ခဲ့သူဖြစ်သည်။ ဆူပရာဘူဒါ ဆင်းန်
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 105 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင် ယခင်က နာမည်ကြီးဒရုန်းများဖြင့် ပြည့်နှက်နေခဲ့သော ပြကွက်စင်များမှာ ယခုအခါ အမြင်မတော်လောက်အောင်ပင် ဟောင်းလောင်းဖြစ်နေသည်။ တရုတ်နိုင်ငံ၏
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 118 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 156 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 157 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 357 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့်