နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

လန်ဒန်တွင် ကုန်သွယ်ရေးဆွေးနွေးပွဲအပြီးတွင် အမေရိကန်နှင့် တရုတ်တို့သည် ပို့ကုန်ထိန်းချုပ်မှုများကို ဖြေလျှော့ရန် အစီအစဉ်ကို သဘောတူညီခဲ့ကြသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၀) ရက်။

တင်းမာမှုများကို ပြေလျော့ရန်နှင့် ကမ္ဘာ့ကုန်ထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေမည့် ပို့ကုန်ကန့်သတ်ချက်များကို ဖြေလျှော့ရန် လန်ဒန်တွင် နှစ်ရက်ကြာ ဆွေးနွေးမှုအပြီးတွင် နှစ်ဖက်စလုံးမှ တာဝန်ရှိသူများက ကုန်သွယ်ရေးအရ မူဘောင်တစ်ရပ်ကို သဘောတူညီခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့သည့်လက ဂျီနီဗာဆွေးနွေးပွဲနှင့် နှစ်နိုင်ငံခေါင်းဆောင်များကြား ဖုန်းခေါ်ဆိုမှုဖြင့် ပြီးခဲ့သည့်သီတင်းပတ်က ရရှိခဲ့သော သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် မူဘောင်တစ်ရပ်ကို အမေရိကန်နှင့် တရုတ်စေ့စပ်ညှိနှိုင်းသူများက “မူအရ” သဘောတူညီ ခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ရုပ်သံလွှင့်ဌာန CGTN က လန်ဒန်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

နှစ်ဖက်စလုံးမှ တာဝန်ရှိသူများသည် ယခုအဆိုပြုချက်ကို ၎င်းတို့၏ ခေါင်းဆောင်များထံ ပြန်လည်တင်ပြ၍ အတည်ပြုပေးမည်ဖြစ်ကြောင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဟောင်း ဝုဒ်လာဒ်နစ် (Howard Lutnic)k က လန်ဒန်တွင် သီးခြားရှင်းလင်းပွဲတစ်ခု၌ သတင်းထောက်များအား ပြောကြားခဲ့သည်။ “အတည်ပြုပြီးရင် မူဘောင်ကို အကောင်အထည်ဖော်မှာပါ” ဟု ၎င်းက ဆိုသည်။

နှစ်ဖက်စလုံးက သဘောတူညီချက်၏ အသေးစိတ်အချက်အလက်များကို ထုတ်ဖော် ပြောကြားခြင်း မရှိသော်လည်း အခြားတစ်ဖက်အတွက် အရေးကြီးသည့် ကုန်ပစ္စည်းနှင့် နည်းပညာများအပေါ် ပို့ကုန်ထိန်းချုပ်မှုများကို ပြန်လည်ရုပ်သိမ်းရန် သဘောတူထားကြောင်း လာဒ်နစ် က ဖော်ပြခဲ့သည်။

အမေရိကန်သို့ မြေရှားသတ္ထုတွင်းထွက်များနှင့် သံလိုက်များ တင်ပို့မှုအပေါ် တရုတ်၏ ကန့်သတ်ချက်များသည် မူဘောင်သဘောတူညီချက်၏ “အခြေခံ” အစိတ်အပိုင်းအဖြစ် ဖြေရှင်းသွားမည်ဖြစ်ကြောင်း လာဒ်နစ်က ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းအရ သိရသည်။

“ဒါ့အပြင် မြေရှားသတ္ထုတွေ တင်ပို့မှု လုပ်မလာသည့်အခါမှာ အမေရိကန် ပြည်ထောင်စုကနေ အရေးယူဖို့ ချမှတ်ထားတဲ့ အတိုင်းအတာများစွာရှိပါတယ်” ဟု သူက ပြောပြီး ထပ်လောင်း၍ “ခင်ဗျားအနေနဲ့ အဲဒါတွေ ဖြစ်လာဖို့ မျှော်လင့်ထားရမယ်” ဟု ပြောကြားခဲ့သည်။ “ သမ္မတထရန့်က ပြောသလိုမျိုး ဟန်ချက်ညီတဲ့ပုံစံပေါ့။”

မြေရှားသတ္ထုတွင်းထွက်များ တင်ပို့မှုအပေါ် ဂျီနီဗာတွင် ပေကျင်းက ၎င်း၏ ကတိကဝတ်မှ နောက်ဆုတ်သွားခြင်းအပေါ် အမေရိကန်က ကန့်သတ်ထားသော ချစ်ပ်ဒီဇိုင်းဆော့ဖ်ဝဲလ် ရောင်းချမှုကို တရုတ်နိုင်ငံသို့ တင်ပို့မှုကို ကန့်သတ်လိုက်ပြီး တရုတ်ကျောင်းသားဗီဇာများကို ပြင်းပြင်းထန်ထန် ရုပ်သိမ်းမည်ဟု ကတိပြုခဲ့သည်။

အမျိုးသားစီးပွားရေးကောင်စီ၏ဒါရိုက်တာ ကီဗင်ဟက်ဆက် (Kevin Hassett) က ထရန့် အစိုးရသည် ထုတ်လုပ်မှုကဏ္ဍအတွက် အရေးကြီးသည်ဟု တရုတ်က ရှုမြင်သော မိုက်ခရိုချစ်ပ် (microchips) အချို့အပေါ် ကန့်သတ်ချက်များကို ဖြေလျှော့ရန် လမ်းဖွင့်ထားကြောင်း CNBC သို့တနင်္လာနေ့တွင်ပြောကြားခဲ့သည်။

အမေရိကန်သည် ဉာဏ်ရည်တုစနစ်များကို ပါဝါပေးနိုင်သည့် “အလွန်၊ အလွန်အဆင့်မြင့်သော Nvidia” ချစ်ပ်များအပေါ် ကန့်သတ်ချက်များကိုမူ ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

၎င်းသည် ဘေဂျင်း၏ မြေရှားသတ္ထုတွင်းထွက် ထောက်ပံ့ရေးကွင်းဆက်ကို အင်အားကြီးမားသော လွှမ်းမိုးမှုကို မီးမောင်းထိုးပြပြီး တရုတ်နိုင်ငံအပေါ် ပို့ကုန်ကန့်သတ်ချက်များကို ဖြေလျှော့ရန် အမေရိကန်ကို ဖိအားပေးရာတွင် ၎င်းအားသာချက်ကို ကိုင်စွဲ၍ အပေးအယူလုပ်ရန် ကြိုးစားလာခဲ့ခြင်းဖြစ်သည်။

မြေရှားသတ္ထုတွင်းထွက်များနှင့် ၎င်းတို့၏သံလိုက်များသည် ကားများမှ တိုက်လေယာဉ်များအထိ အရာအားလုံးအတွက် မရှိမဖြစ် လိုအပ်ပြီး တရုတ်သည် အမေရိကန် စက်မှုလုပ်ငန်းနှင့် ကာကွယ်ရေးအတွက် အလွန်အရေးကြီးသည့် အဆိုပါပစ္စည်းများကို လက်ဝါးကြီးအုပ်ထားလုနီးပါး ဖြစ်နေသည်။

ပြီးခဲ့သော သီတင်းပတ်က ၎င်းတို့၏ ကာလရှည်ကြာ မျှော်လင့်ထားသည့် ဖုန်းခေါ်ဆိုမှု အပြီးတွင် ရှီသည် မြေရှားသတ္ထုတွင်းထွက်များနှင့် သံလိုက်များ စီးဆင်းမှုကို ပြန်လည် ပို့ဆောင်ပေးရန် သဘောတူခဲ့ကြောင်း၊ ယင်းသည် မည်မျှမြန်ဆန်မည် သို့မဟုတ် ထွက်လာမည့်ပစ္စည်းများ ပမာဏကို အသေးစိတ်ဖော်ပြထားခြင်း မရှိပေ။

ဧပြီလအစောပိုင်းကတည်းက ပေကျင်းသည် ထရန့် ၏အခွန်စည်းကြပ်မှုကို တုံ့ပြန်သည့် အနေဖြင့်အချို့သောသတ္တုများအပေါ် လိုင်စင်စည်းမျဉ်းအသစ်များချမှတ်သောအခါ တရုတ်၏ ပြည်ပသို့ မြေရှားသတ္ထုတွင်းထွက် တင်ပို့မှုသည် ထိုးကျသွားခဲ့ပြီး အီလက်ထရွန်နစ်နှင့် ကာကွယ်ရေးမှ စွမ်းအင်နှင့် ကားထုတ်လုပ်ရေးအထိ ကမ္ဘာတစ်ဝှမ်းရှိ စက်မှုလုပ်ငန်းများ လည်ပတ်လုပ်ဆောင်နေမှုများကို ခြိမ်းခြောက်ခဲ့သည်။

လွန်ခဲ့သည့်လတွင် ထရန့် သည် ဂျီနီဗာတွင် တရုတ်က ကတိကဝတ်များအတိုင်း လိုက်နာရန် ပျက်ကွက်သည်ဟု ယုံကြည်ခြင်းကြောင့် တရုတ်နိုင်ငံသို့ နည်းပညာရောင်းချမှု ကန့်သတ်ချက်များ အပါအဝင် ပေကျင်းအပေါ် ဒဏ်ခတ်အရေးယူမှုများ ချမှတ်ခဲ့ပြီး၊ တရုတ် ကျောင်းသားများ၏ ဗီဇာများကို ရုပ်သိမ်းခဲ့ကြောင်း အုပ်ချုပ်ရေးတာဝန်ရှိသူများက မေလတွင် CNN သို့ ပြောကြားခဲ့သည်။

အဆိုပါ အစီအမံများတွင် ဆီမီးကွန်ဒတ်တာများ ဒီဇိုင်းထုတ်ရာတွင် အသုံးပြုသည့် ဆော့ဖ်ဝဲလ်များကို တရုတ်သို့ ရောင်းချခြင်းကို အမေရိကန်ကုမ္ပဏီများအား တားမြစ်ခြင်းလည်း ပါဝင်သည်။

တရုတ်နိုင်ငံ၏ နည်းပညာချန်ပီယံ Huawei မှ ထုတ်လုပ်သည့် ဉာဏ်ရည်တု ချစ်ပ်များကို အသုံးပြုခြင်း မပြုရန် အိမ်ဖြူတော်က အမေရိကန်ကုမ္ပဏီများအား သတိပေးခဲ့သည်။

အဆိုပါ လုပ်ဆောင်မှုများနှင့် ဝါရှင်တန်၏ ဆုံးဖြတ်ချက်များက ဂျီနီဗာ သဘောတူညီချက်ကို ချိုးဖောက်ခြင်းဟု တရုတ်က ယူဆခဲ့ပြီး တုံ့ပြန်အ‌ရေးယူမှုကို ဖြစ်ပေါ်စေခဲ့သည်။

အမေရိကန်နှင့် တရုတ်တို့သည် ဆွစ်ဇာလန်မြို့၌ မေလ ၁၂ ရက်က သဘောတူညီခဲ့ပြီး တစ်ဖက်နှင့်တစ်ဖက် နစ်နာနေသည့် အခွန်အခများကို ပြန်လည်ရုတ်သိမ်းရန်နှင့် ၎င်းတို့၏ ကုန်သွယ်မှုမညီမျှမှုကို ဖြေရှင်းရန် ပိုမိုကျယ်ပြန့်သော သဘောတူညီချက်ကို ရရှိရန်အတွက် ရက် ၉၀ ကြာ ရပ်ဆိုင်းခဲ့သည်။

သို့သော်လည်း တရုတ်၏ အကောက်ခွန် အချက်အလက်များအရ မေလတွင် အမေရိကန်သို့ တရုတ်၏ တင်ပို့မှုမှာ ၃၄.၅% သိသိ သာသာ ကျဆင်းသွားခဲ့ပြီး သဘောထားကွဲလွဲမှုအသစ်သည် နောက်ထပ်ဆွေးနွေးပွဲများ ပြုလုပ်ရန် လိုအပ်လာခဲ့သည်။

“ လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ တိုးတက်မှုတွေက တရုတ်နဲ့ အမေရိကန်ကြား ယုံကြည်မှုကို ပိုမိုတည်ဆောက်ဖို့ အထောက်အကူဖြစ်စေပြီး တရုတ်-အမေရိကန် စီးပွားရေးနဲ့ ကုန်သွယ်ရေး ဆက်ဆံရေး တည်ငြိမ်ပြီး ကျန်းမာတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်မှာပါ” ဟု တရုတ်နိုင်ငံ၏ နိုင်ငံတကာ ကုန်သွယ်ရေး ထိပ်တန်းညှိနှိုင်းရေးမှူးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး လီ က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ကြောင်း CGTN သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်သည် မြေရှားသတ္ထုတွင်းထွက်များကို ယခုအချိန်မတိုင်မီအထိ ပွတ်တိုက်မှု၏ အဓိကအချက်အဖြစ် သဘောမထားသော်လည်း ခေတ်မီနည်းပညာနှင့် ပတ်သက်၍ ငြင်းခုံမှုများသည် အချိန်အတန်ကြာအောင်ရိုက်ခတ်နေခဲ့သည်။

မကြာသေးမီနှစ်များအတွင်း၊ ဝါရှင်တန်သည် ၎င်း၏စစ်တပ်နှင့် AI စွမ်းရည်များကို မြှင့်တင်ရန်မြေရှားသတ္ထု တွင်းထွက်များလိုအပ်နေပြီးတရုတ်က တင်ပို့မှုကိုလျော့ချလိုက်သည်။ အမေရိကန်သည် ဘေဂျင်း၏ ဆန်းသစ်တီထွင်မှုများကို အသုံးပြုခြင်းမှ တားဆီးရန် ရည်ရွယ်ပြီး Chip နှင့်ပတ်သက်သည့် နည်းပညာများ အသုံးပြုခွင့်ကို ကန့်သတ်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်ခဲ့သည်။

၎င်း၏ပထမသက်တမ်းအတွင်း ထရန့် သည် Huawei ကဲ့သို့သောကုမ္ပဏီများကို ပစ်မှတ်ထားသော ကန့်သတ်ချက်များတွင် ၎င်းတို့အား chips ရောင်းချခြင်း အပေါ် ကန့်သတ်ချက်များ အပါအဝင် ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် ထိုစဉ်က သမ္မတ ဂျိုးဘိုင်ဒင်သည် တရုတ်၏စစ်တပ် အား အင်အားရစေနိုင်သည်ဟူသော စိုးရိမ်မှုများကြောင့် တရုတ်နိုင်ငံသို့ အဆင့်မြင့် တစ်ပိုင်းလျှပ်ကူးကိရိယာများ ရောင်းချခြင်းကို တားမြစ်ခဲ့သည်။

တရုတ်၏ နည်းပညာတိုးတက်မှုကို ကန့်သတ်ရန်အတွက် အဆိုပါ ထိန်းချုပ်မှုများကို တိုးမြှင့်လာကာ တရုတ်၏ နည်းပညာဆိုင်ရာ တိုးတက်မှုကို ကန့်သတ်ရန်အတွက် မြန်နှုန်းမြင့် မမ်မိုရီချစ်ပ်များနှင့် အမေရိကန်ပြင်ပတွင် ထုတ်လုပ်သည့် ထုတ်ကုန်များ ရောင်းချခြင်း အပေါ် ကန့်သတ်ချက်များ ပါဝင်ခဲ့သည်။

တိုးမြှင့်ကန့်သတ်မှုများကြောင့် ရှီကျင့်ဖျင် ဦးစားပေးလုပ်ဆောင်ခဲ့သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် AI အပါအဝင် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် ကဏ္ဍများအပေါ် ပြင်းထန်စွာ ဖိအားပေးခဲ့သည်။

သို့သော် မကြာသေးမီနှစ်များအတွင်း တရုတ်ဆက်သွယ်ရေးနှင့် အီလက်ထရွန်းနစ် ကုမ္ပဏီကြီး ဖြစ်သော Huawei သည် နိုင်ငံလုံးဆိုင်ရာ ချန်ပီယံတစ်ဦးအဖြစ် ပြန်လည် ပေါ်ထွက်လာခဲ့ပြီး ဘေဂျင်းသည် အဆိုပါကဏ္ဍများတွင် ဆန်းသစ်တီထွင်မှုကို ဦးဆောင်ရန် ကုမ္ပဏီအပေါ် ၎င်း၏မျှော်လင့်ချက်ကို ချမှတ်ခဲ့သည်။

အမေရိကန်၏ ကန့်သတ်ချက်များကြောင့် အစဦးတွင် ၎င်း၏ စမတ်ဖုန်းလုပ်ငန်းကို ထိခိုက်စေခဲ့ပြီး ဝါရှင်တန်က နည်းပညာကို ပိတ်ဆို့နိုင်ခဲ့သည်ဟု ယုံကြည်ခဲ့သည်။ သို့သော် ကုမ္ပဏီသည် အဆင့်မြင့် ချစ်ပ်များပါရှိသော ဟန်းဆက်ဖြင့် ၂၀၂၃ ခုနှစ် တွင် အံ့မခန်း တစ်ကျော့ပြန် ပြန်လည်တိုးတက်အောင်မြင်လာခဲ့သည်။။ ၂၀၂၃ ခုနှစ်တွင် Mate 60 စမတ်ဖုန်းကို မိတ်ဆက်ခြင်းသည် အမေရိကန်အစိုးရ၏ စုံစမ်းစစ်ဆေးမှုများကိုပင် ဖြစ်ပေါ်စေခဲ့သည်။

Huawei တည်ထောင်သူ ရန်ဇန်ဖေ (Ren Zhenfei) က ရှားရှားပါးပါးအင်တာဗျူးတစ်ခုတွင် Huawei သည် တရုတ်နှင့် Huawei အပေါ် အမေရိကန်က ချမှတ်ထားသည့် နည်းပညာ ကန့်သတ်ချက်များ၏ အကျိုးသက်ရောက်မှုကို ဆန့်ကျင်ပယ်ချခဲ့သော်လည်း ၎င်း၏ ချစ်ပ်နည်းပညာသည် အမေရိကန်နည်းပညာနောက်တွင် မျိုးဆက်တစ်ခုနောက်ကျ ကျန်နေသေးကြောင်း ဝန်ခံခဲ့သည်။

“အမေရိကန်က Huawei ရဲ့ စွမ်းဆောင်ရည်တွေကို ချဲ့ကားပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ ဒီလောက်အဆင့်မမြင့်သေးပါဘူး” ဟု တရုတ်ကွန်မြူနစ်ပါတီမှ ထုတ်ဝေသည့် သတင်းစာ ဖြစ်သော People’s Daily သို့ ပြောကြားခဲ့သည်။

သို့သော် တရုတ်နိုင်ငံ၏ လက်ရှိလိုအပ်ချက်များကို မိုက်ခရိုချစ်ပ်များ ကိုပေါင်းစည်းပြီး အတူတကွ ထုပ်ပိုးခြင်းဖြင့် ဖြည့်ဆည်းပေးနိုင်ကြောင်း၊ စက်မှုလုပ်ငန်းတွင် အများအားဖြင့် မိုက်ခရိုချစ်ပ် များထုပ်ပိုးခြင်း (bundling microchips) ဟု အများအား ဖြင့် ရည်ညွှန်းသည့် လုပ်ဆောင်မှုတစ်ခုဖြစ်သည်။

“ တကယ်တော့ ချစ်ပ်ပြဿနာအတွက် စိတ်ပူစရာမလိုပါဘူး။ ထပ်ခြင်း (stacking) နဲ့ ခွဲခြားခြင်း (clustering) လိုမျိုး နည်းလမ်းတွေကို အသုံးပြုခြင်းအားဖြင့်၊ တွက်ချက်မှု ရလဒ်တွေဟာ အဆင့်မြင့်ဆုံး အဆင့်တွေနဲ့ နှိုင်းယှဉ်နိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

CNN သတင်း။

(ဓာတ်ပုံ) လီချန်းဂန် (Li Chenggang)၊ တရုတ်ဒုတိယကုန်သွယ်ရေးဝန်ကြီး၊ ဒုတိယ(ဝဲဖက်) နှင့် တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ ဝမ်ဝန်တာအို(Wang Wentao) (ညာဖက်မှဒုတိယ) တို့သည် ၂၀၂၅ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ Lancaster House ၌ ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲသို့ ရောက်ရှိခဲ့ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော