နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်

ထိုင်းနိုင်ငံရေး

ထိုင်းနိုင်ငံရေး မြန်မာသတင်း

ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာလက်ချည်ပွဲတော်အား ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက် မြို့တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာလက်ချည်ပွဲတော် အခမ်းအနားကို ထိုင်းနိုင်ငံဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက်မြို့များတို့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဓာတ်ပုံများနဲ့တကွ သတင်းထုတ်ပြန်လိုက်ပါတယ်။

ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ အဝေးရောက်ကရင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအသင်း (OKRSO) က (၃၁) ကြိမ် မြောက် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာလက်ချည်ပွဲတော်ကို ဦးဆောင်ကျင်းပခဲ့တယ်လို့ သိရှိရပြီး ဘန်ကောက်ရှိ ကရင်အဖွဲ့အစည်း အသီးသီးတို့မှ ပူးပေါင်းပါဝင် လုပ်ဆောင်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ ပွဲတော်အခမ်းအနားကို ပြီးခဲ့တဲ့ ထိုင်းနိုင်ငံ အထွေထွေ ရွေးကောက်မှာ အနိုင်ရရှိခဲ့တဲ့ Move Forword ပါတီဥက္ကဌ ပီတာ လင်မ်ဂျာရိုရက်က တက်ရောက်ဂုဏ်ပြု ချီးမြှင့်ခဲ့ပြီး ဂုဏ်ပြုစကားများ တိုက်တွန်းအားပေး စကားတွေ ပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာတော့ (၁၇) ကြိမ်မြောက် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာ လက်ချည်ပွဲတော် အခမ်းအနားကို ကျင်းပခဲ့ပြီး အဲ့ဒီအခမ်းအနားကို မာန်နဲမူးကလော် လို့ လူသိများတဲ့ ခြေတော်ရာ သင်္ဘောဦးဆိပ် ကျောင်းထိုင်ဆရာတော်က အဖွင့် သြဝါဒ မြွတ်ကြားခဲ့ပြီး မဲဆောက်မြို့တော်ဝန် ပရာဆက်ဖူးအမ်းလခမ်၊ မဲဆောက်ခရိုင် အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ ဖက်သရယ်ဒန်နီ ယူသိုင်ရာ အပါအဝင် မဲပ၊ မဲကဆာ အုပ်ချုပ်ရေး အကြီးအကဲတွေအိမ်း ထိုင်းတော်ဝင်တပ်က တပ်မှူး များက တက်ရောက်ချီးမြှင့်ကြပြီး ဂုဏ်ပြု တိုက်တွန်းအားပေးစကားများ ပြောကြားပေးခဲ့ကြပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) က ပဒိုစောသမိန်ထွန်း၊ ပဒိုစောအာတိုး၊ ပဒိုမန်းခင်ဝင်း စတဲ့ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပြီး တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက အဲ့ဒီအခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံးရဲ့ ၂၇၆၂ ခုနှစ် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ ပွဲတော်ကို ပေးပို့လာတဲ့ သဝဏ်လွှာအား ဖတ်ကြားပေးခြင်းနဲ့ ဂုဏ်ပြုတိုက်တွန်း အားပေးစကားများကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာလက်ချည်ပွဲတော်ဟာ ကရင်အမျိုးသားတို့နေထိုင်ရာ ဒေသအသီးသီး တို့မှာလည်း ကျင်းပပြုလုပ်တဲ့ ကရင်အမျိုးသားတို့ရဲ့ ယဉ်ကျေးမှု ရိုးရာဓလေ့ပွဲတော်တခု ဖြစ်ပြီး ဝါခေါင်လရောက်တိုင်း ရပ်နီးရပ်ဝေးရှိ မိသားစုတို့ အတူတကွ ပြန်လည်ဆုံဆည်းတွေ့ဆုံကာ လူမျိုးတမျိုးလုံးကို စုစည်းစေခြင်း၊ အပြန်အလှန်သိရှိ နားလည်ခြင်းနဲ့ စည်းလုံးညီညွတ်ချစ်ခင်ခြင်း တို့ကို ဖော်ဆောင်တဲ့ ရိုးရာဓလေ့ပွဲတော်တခု ဖြစ်ပါတယ်။

Era’sEye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပုလဲနယ်ထဲ BNRA ကို အကြောင်းပြချက်မရှိဘဲ ဆန္ဒပြဖို့ NUG က အတင်းအကြပ် စေခိုင်းနေတယ်လို့ဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 24 Views
ဇန်နဝါရီလ (၂၆)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်က ပုလဲနယ်မှာ NUG က ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ကို အကြောင်းမဲ့ ဆန္ဒပြခိုင်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ
မြန်မာသတင်း

မြိုင်မြို့တိုက်ပွဲထဲ ရဲဘော် (၃)ဦးကျဆုံးပြီး (၁)ဦး အရှင်ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 33 Views
ဇန်နဝါရီလ (၂၆)ရက်။ မြိုင်မြို့နယ်ထဲ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

လှိုင်သာယာမြို့ရှိ စစ်ကောင်စီရဲ့ ရွေး/ကော်ရုံး (၄၀)မမနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 30 Views
ဇန်နဝါရီလ (၂၆)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က ရန်ကုန် လှိုင်သာယာမြို့(အနောက်ပိုင်း)ရှိ စစ်ကောင်စီရဲ့ ရွေး/ကော်ရုံးကို (၄၀)မမနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြို့ပြအထူးစစ်ဆင်ရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီရွေးကောက်ပွဲကော်မရှင်ရုံးက ပြည်သူတွေကို ခြိမ်းခြောက်မဲထည့်ခိုင်းတာတွေ ရှိနေတာနဲ့
မြန်မာသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 47 Views
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့မရှိဘူးလို့ဆို ဇန်နဝါရီလ (၂၄)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ပါရဂူတွေရော တပ်မတော်‌(ဆေး)က ပါရဂူတွေရော
မြန်မာသတင်း

မြင်းခြံမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဘက်က (၂၂)ဦး သေဆုံးကာ (၂၀)ကျော် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 45 Views
ဇန်နဝါရီလ (၂၄)ရက်။ ဇန်နဝါရီလ (၂၀)ရက်နေ့က မြင်းခြံနဲ့ နွားထိုးကြီးမြို့အကြားမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ နံနက် (၇)နာရီကနေ စတင်ခဲ့ပြီး ညနေ
မြန်မာသတင်း

ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ် ဒရုန်းဗုံးမှန်ပြီး သေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 41 Views
ဇန်နဝါရီလ (၂၄)ရက်။ ဂန့်ဂေါမြို့ရှိ စစ်ကော်မရှင်ရဲ့ မြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဒုရဲအုပ် သေဆုံးခဲ့တယ်လို့ ယောအလင်းတန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ဇန်နဝါရီလ (၁၂)ရက်နေ့မှာ ဂန့်ဂေါမြို့ ခလရ(၅၀)တပ်အနီးရှိ လမ်း‌ဆုံက
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ ဗမာ့တပ်တော်(BA)ရဲဘော် (၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 39 Views
ဇန်နဝါရီလ (၂၄)ရက်။ KIA ဦးဆောင်တဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးထဲမှာ ဗမာ့တပ်တော်(BA) ပါဝင်တိုက်ပွဲဝင်နေတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ ဇန်နဝါရီလ (၁၆)ရက်နေ့ တိုက်ပွဲနဲ့ (၂၁)ရက်နေ့ တိုက်ပွဲတို့မှာ ဗမာ့တပ်တော်(BA)ရဲ့ ရဲဘော် (၂)ဦး ကျဆုံးခဲ့တယ်လို့
မြန်မာသတင်း

အာဆီယံအထူးကိုယ်စားလှယ်နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 39 Views
ဇန်နဝါရီလ (၂၃)ရက်။ ဖိလစ်ပိုင်နိုင်ငံ တာဂေတေမြို့မှာ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ NUG ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NUG ကိုယ်းစားပြုတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ပြီးတော့ တွေ့ဆုံခဲ့တာရှိပါတယ်။ အာဆီယံဥက္ကဋ္ဌအဆက်ဆက် အခုလိုမျိုး