နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ) မှ စစ်ရေယာဉ်များ ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီး လည်ပတ်ရန် ရန်ကုန်မြို့သို့ရောက်ရှိ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်၊ ခေတ်မျက်လုံး။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)၊ 44th PLA Navy Escort Task Group (ETG) မှ စစ်ရေယာဉ်များဖြစ်သည့် ဖျက်သင်္ဘော Zi Bo၊ ဖရီဂိတ်စစ်ရေယာဉ် Jing Zhou နှင့် ထောက်ပံ့ရေးစစ်ရေယာဉ် Qian Dao Hu တို့သည် မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် နိုဝင်ဘာလ (၂၇) ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါသည်။

အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် Senior Captain Sun Bo ဦးစီး၍ အရာရှိ၊စစ်သည်စုစုပေါင်း ၇၀၀ ဦးခန့် လိုက်ပါလာပြီး ရန်ကုန်မြို့ရှိ အထင်ကရ နေရာများသို့ လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။

ယင်းချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ သွားရောက်လေ့လာခဲ့ပြီး ယင်း ကိုယ်စားလှယ်အဖွဲ့သည် တပ်မတော်(ရေ) မှ တာဝန်ရှိသူများနှင့် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်မည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီး သန်လျင်တပ်နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ဆိပ်ကြီး) တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာများ လှူဒါန်းခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါသည်။

“မြန်မာနိုင်ငံအစိုးရနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအနေနဲ့ အစိုးရချင်းရင်းနှီးစွာ နီးကပ်စွာဆက်ဆံလျက် ရှိပြီး တပ်မတော်နှစ်ရပ်အနေနဲ့လည်း ရင်းနှီးစွာနီးကပ်စွာ ဆက်ဆံဆက်သွယ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဒီနေ့မှာတော့ NUG အဖွဲ့က သမ္မတအမည်ခံ ပုဂ္ဂိုလ်က တရုတ်နဲ့ မြန်မာ ချစ်ကြည်ရေးမှာ အနှောက်အယှက်ဖြစ်စေနိုင်မယ့် တရုတ်နဲ့ မြန်မာချစ်ကြည်ရေးကို ထိခိုက်အောင် ဆောင်ရွက်လာတဲ့ စကားမျိုးတွေ ပြောလာတာကို တွေ့ရပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ နှစ်နိုင်ငံလုံးနဲ့ နှစ်နိုင်ငံ ပြည်သူလူထု နှစ်ရပ်လုံးက သတိရှိစွာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့သည် နီးကပ်စွာ ရင်းနှီးစွာ ဆက်ဆံနေတဲ့ အိမ်နီးနားချင်းနိုင်ငံများ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးရပ်ကို သမိုင်းအစဉ်အဆက် လေးစားလိုက်နာပြီး မဟာဗျူဟာ မိတ်ဖက်နိုင်ငံများ၊ ဆွေမျိုးပေါက်ဖော် နိုင်ငံများဖြစ်ကြောင်း ပြောကြားလိုပါတယ်”ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားပါသည်။

ရှမ်းမြောက်ပိုင်းမှာတိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီစစ်စခန်းများ တစ်ခုပြီး တစ်ခုကို ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်လာခဲ့ရာ ယခုဆိုလျှင် လောက်ကိုင်အနီးသို့ ချဉ်းကပ်လာနေပြီဖြစ်ပါသည်။

နိုင်ငံရေးသုံးသပ်သူတစ်ဦးကတော့ အောက်ပါအတိုင်း ခေတ်မျက်လုံးကို ပြောပြခဲ့ပါသည်။

၁၀၂၇ စစ်ဆင်ရေးကို စစ်ကောင်စီက “ကျူးကျော်စစ်” ဟု သတ်မှတ်ပြီးနောက် တစ်ချိန်တည်းတွင် စစ်ကောင်စီက နောက်ကွယ်ကနေ ထောက်ခံအားပေးထားသည့် ‘မသဘ’ များက ရန်ကုန်ရှိ တရုတ်သံရုံးအထိ ချီတက်ကာ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ပေါ်ပေါ်တင်တင် ပြုလုပ်နေကြသည်။ မဘသများသည် အမျိုးဘာသာ သာသနာရေးအတွက် ကျွေးကြော်ပြီး လူမျိုးရေးဘာသာရေး အစွန်းရောက်လုပ်ရပ်များကို လုပ်နေသလို စစ်အုပ်စုကလည်း ၎င်းတို့အာဏာခိုင်မြဲရေးအတွက် လူမျိုးရေး ဘာသာရေးကို ခုတုံးလုပ်နေခဲ့ခြင်းသည် အတူတူပင်ဖြစ်သည်။

ထိုနှစ်ဖွဲ့သည် တနည်းအားဖြင့်တူညီသော ရည်မှန်းချက်များဖြင့် လုပ်ဆောင်နေကြသည်မှာ ထင်ရှားစွာမြင်နေရသည့်အတွက် မဘသသည် စစ်အုပ်စုမှခွဲထုတ်ထားသည့် လက်တန်တခု ဖြစ်ကြောင်း မငြင်းဆိုနိုင်ချေ။

ဥပမာအားဖြင့် ရန်ကုန်တွင် ကျောင်းသားလူငယ်များ၏ စစ်ဆန့်ကျင်ရေး သပိတ်ကလေးများကို အကြမ်းဖက်ဖမ်းဆီးနေချိန်တွင် မဘသများက လူစုလူဝေးဖြင့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မြို့တော်ခန်းမတွင် ဆန္ဒပြနေခြင်းကိုမူ ဖမ်းဆီးမှုမရှိခြင်းသည် စစ်ကောင်စီ၏ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေကြောင်း ထင်ရှားသည်။

စစ်ကောင်စီက တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ပေါ်ပေါ်ထင်ထင်မလုပ်ရဲဘဲ ၎င်းတို့ဖန်တီးပြီး တည်ထောင်ထားသည့် မဘသများကို ၎င်းတို့ကိုယ်စားတရုတ်ကို ဆန္ဒပြစေခြင်းသည် မီးစတဖက် ရေမှုတ်တခွက် လုပ်ရပ်မျိုးသားဖြစ်သည်။ တဖက်မှလည်း တရုတ်စစ်သင်္ဘော ရန်ကုန်ရောက်လာခြင်းမှာ တရုတ်ကိုကြောက်ရွံ့သည့် အတွက်သာဖြစ်ကြောင်း သုံးသပ်မိသည်။

သူတို့အားပေး ထောက်ပံ့ထားသည့် မဘသကို တရုတ်ဆန့်ကျင်ရေးကို ပေါ်ပေါ်ထင်ထင်လုပ်ရန်တဖက်မှ အားပေးပြီး တဖက်မှလည်း NUG သည် တရုတ်ဆန့်ကျင်ရေးကို ပြောနေသည်ဟု ပြောခြင်းမှာ NUG နှင့် တရုတ်ကို ရန်တိုက် ပေးလိုက်ခြင်းသာဖြစ်သည်။ တရုတ်ကလည်း သူတို့လုပ်နေသည့် ကလေးကွက်များကို သိရှိမည်သာဖြစ်ကြောင်း မတွေးမိသည်မှာ ရယ်စရာပင်ဖြစ်ကြောင်း သုံးသပ်လိုက်ရပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 20 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 32 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က
မြန်မာသတင်း

ရေကြည်နဲ့ သာပေါင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 31 Views
ဇွန်လ (၂၇)ရက်။ ‌ရခိုင်ရိုးမခြေရင်းရှိ ရေကြည်မြိုနဲ့ သာပေါင်းမြိုတိုမှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တိုအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ “တိုက်ပွဲက နေ့တိုင်း ပြင်းထန်နေတာ၊ စစ်ကောင်စီဘက်ကလဲ စစ်ကူတွေ ဆက်တိုက်ပိုနေတာ၊ တချိုရွာတွေမှာဆို ခံစစ်ပြင်တဲ့အနေနဲ့
မြန်မာသတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်သုံးသပ်ဖိုအဆို စစ်တပ်လွှတ်တော်မှာ တင်သွင်း

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 31 Views
ဇွန်လ (၂၇)ရက်။ မနေ့ကပြုလုပ်တဲ့ စစ်တပ်ရဲ့ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်သုံးသပ်ဖိုဆိုတဲ့ တိုက်တွန်းတဲ့အဆိုတခုကို တင်သွင်းခဲ့ကြတယ်လို သိရပါတယ်။ အဲ့ဒီအဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ ကလောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့တာလို ဆိုပါတယ်။ သူက
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 26 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော် ငဖြိုးက တပ်ရင်းမှူးဖြစ်သူ ရဲဘော် ပုလဲမောင်ကို ပစ္စတိုနဲ့ ပစ်ခတ်ခဲ့ရာ
မြန်မာသတင်း

မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိ နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ ပြောကြားအဆိုပါ ဝင်းများအတွင်း ပိတ်မိနေသူများထဲတွင် တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရာဇီးနိုင်ငံသားများ ပါဝင်သည်။

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
အယ်လ်ဂျာဇီးယား – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် လွန်ခဲ့သည့်နှစ်က ဒေသတွင်း၌ နိုင်ငံစုံပူးပေါင်း နှိမ်နင်းမှုများ ပြုလုပ်ခဲ့သော်လည်း ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံတွင်းမှ အွန်လိုင်းငွေလိမ်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 20 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 25 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့ သတင်းပေးချက်နဲ့