NLD ပါတီကို ဖျက်သိမ်းတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာမြန်မာ့အရေးဖြေရှင်းဖို့အတွက် ပိုမိုခက်ခဲသွားစေတယ်လို့ ဂျပန်အစိုးရက မတ်(၂၉)နေ့စွဲ နဲ့ ဒီကနေ့မှာ သဘောထားထုတ်ပြန်လိုက်ပါတယ်။
ဂျပန်အစိုးရအနေနဲ့ အခြေအနေအရပ်ရပ်ကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ မြန်မာစစ်တပ်ကို အစဉ်တစိုက်တိုက်တွန်းခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ခေါင်းဆောင်တွေကို အမြန်ဆုံးပြန်လွှတ်ဖို့ နဲ့ သက်ဆိုင်သူအားလုံးပါဝင်ပြီး ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့အဖြေရှာဖို့ မြန်မာစစ်တပ်ကို ဂျပန်အစိုးရက တိုက်တွန်းထားတာပါတယ်။
ဒါအပြင် မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာမှာကို ဂျပန်အစိုးရက စိုးရိမ်နေပြီး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့လည်း မြန်မာစစ်တပ်ကို တိုက်တွန်းထားတာတွေ့ရပါတယ်။
လက်ရှိ ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူချိန်က ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံစဉ်(ပုံဟောင်း)