စစ်ကောင်စီအပေါ် တော်လှန်ရေးမှာ စစ်ရေးအရ ဖိအားပေးမှုတွေကို ဆက်တိုက်လုပ်ဆောင်သွားနိုင်ဖို့ လွန်စွာအရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။
မနေ့က ဇွန်လ ၂၉ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ NUG ရဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေးမှာ အခုလို ပြောဆိုလိုက်တာပါ။
အခုချိန်မှာ တော်လှန်ရေးရဲ့ အရှိန်အဟုန်မြင့်တက်လာမှုတွေဟာ အလွန် အားရကျေနပ်စရာကောင်းပြီး ရှေ့တန်းက အသက်စွန့်တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို လွန်စွာ လေးစားဂုဏ်ယူတယ်လို့ ပြောဆိုခဲ့ပါတယ်။
စစ်အာဏာရှင်ပျတ်သုန်းရေးဆိုတဲ့ ရည်ရွယ်ချက်က သွေဖယ်မသွားစေပဲ တော်လှန်ရေးအောင်မြင်ရေးကို အဓိကအာရုံစိုက် ဆောင်ရွက်ပေးကြဖို့ သူက ထက်ပြီးတိုက်တွန်းထားပါတယ်။
အဲဒီအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးတွေ ဒုတိယပြည်ထောင်စုဝန်ကြီးတွေနဲ့ အမြဲတမ်းအတွင်းဝန်တွေ NUG ရဲ့ဌာနဆိုင်ရာတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ NUG က သတင်းထုတ်ပြန်ထားပါတယ်။
Ers’s Eye