နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဝက်လက်မြို့က စစ်ကောင်စီ တပ်စွဲထားတဲ့ မီးသတ်ရုံးကို တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှုဖြစ်၊ ၁၂ဦးသေဆုံး

၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ရက်၊ ခေတ်မျက်လုံး။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းမှာ စစ်ကောင်စီ တပ်စွဲထားတဲ့ မီးသတ်ရုံးကို စစ်ကောင်စီဘက်ကဘဲ တိုက်လေယာဉ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ Eagle Guerrilla Force ထံက သိရပါတယ်။

အဲဒီ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နေရာမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးတို့အပါအဝင် ၁၂ဦးသေဆုံးခဲ့တယ်လို့ Eagle Guerrilla Force ထံက သိရပါတယ်။မနေ့က ဇွန်လ ၂၉ရက်နေ့ မနက်ပိုင်းက ဝက်လက်မြို့နယ်ရှိ ရဲစခန်း၊ ထွေ/အုပ်ရုံးနဲ့ ပျူစောထီးနေအိမ်တွေကို Drone ဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က တိုက်လေယာဉ်ဖြင့် အခုလို ပစ်ခတ်မှုများရှိခဲ့တာပါ။“ပွဲကပြီး မိနစ်အနည်းငယ်ကြာ ခွေးတွေဘက်က ဖိုက်တာနဲ့ပစ်တယ်။ သူတို့အချင်းချင်း မီးသတ်ရုံးကိုမှားပစ်တာ ပျူ စခ အပါအဝင် ၁၂ယောက် နိဂုံးချုပ်ပြီး ထိခိုက်ဒဏ်ရာအများအပြားရတယ်လို့ သိရတယ်။

မီးသတ်ရုံးထဲမှာရော ပျူအိမ်တွေရော ကယ်ကြပါဦး အော်သံတွေ ကြားတယ်”လို့ Eagle Guerrilla Force က ဆိုထားပါတယ်။

Drone နဲ့ ဗုံးသီး ၂၂လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်ကြီး ခင်ဇော်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဗိုလ်အဆင့်အပါအဝင် ၅ဦးသေဆုံးခဲ့ကာ ပျူစောထီးများ ထိခိုက်ဒဏ်ရာအများအပြားရရှိခဲ့တယ်လို့ သိရပါတယ်။ဒီတိုက်ခိုက်မှုကို Eagle Guerrilla Force ဗိုလ်ကောက်ရိုး ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ မြင်းခြံခရိုင်တပ်ရင်း ၇(Zero ပြောက်ကျားတပ်ဖွဲ့)၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၁(နဂါးနီတပ်ရင်း)၊ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့၊ ဆားတောင်မိုးကြိုး(Local PDF)MRTF Drone Force အဖွဲ့တို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

Era’s Eye/Photo-credit – Eagle Guerrilla Force ဗိုလ်ကောက်ရိုး ရွှေဘိုခရိုင်တပ်ရင်း ၁၅။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 14 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 16 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 13 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 16 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ
မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ တောက် …. လူ့ပလ္လင် ခွေးတက်လေခြင်း” ဆိုတဲ့ လှုပ်ရှားမှုကို Yangon Revolution
မြန်မာသတင်း

သမ္မတရွေးပွဲ မင်းအောင်လှိုင် မဲအပြတ်အသတ်နဲ့ အနိုင်ရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 54 Views
မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက် ပြည့်ဝလာ ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ (၃)ဦးထဲက မဲခွဲသမ္မတရွေးချယ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သမ္မတရွေးချယ်ပွဲကို လွှတ်တော်ကိုယ်စားလှယ် (၅၈၆)ဦးထဲက (၅၈၄)ဦး
မြန်မာသတင်း

စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁၂၀၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 15 Views
ဧပြီလ (၂)ရက်။ စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ်ပေါင်း (၁၂၅,၃၂၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစာရင်းတွေထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၂၁,၄၈၅)လုံး
မြန်မာသတင်း

ရေနံမှော်ဒေသကို NUG တပ်တွေ အင်အားသုံး ဝင်ရောက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 20 Views
ဧပြီလ (၃)ရက်။ ပေါက်နဲ့ မြိုင်ရှိ ရေနံမှော်ဒေသကို NUG တပ်ဖွဲ့တွေ အင်အားရာနဲ့ချီသုံးပြီး ဝင်ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ “ NUG ညွှန်ကြားချက်နဲ့ဆိုပြီး ရေနံမှော်ဒေသကို အင်အားရာချီသုံးပြီး ဝင်လာတာ။ ဒါ့ကြောင့် မနေ့ကလဲ