နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ့ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ကြောင်း စစ်ကောင်စီ ပြောကြား

CNN- ၂၀၂၆ခုနှစ်၊ မေလ ၁ရက်

ရိုက်တာသတင်းဌာန —ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ့ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသည် စစ်တပ်က သူမဦးဆောင်သည့် အရပ်သားအစိုးရကို ဖြုတ်ချပြီး နိုဗယ်လ်ဆုရှင်အား ထောင်သွင်း အကျဉ်းချခဲ့ပြီးနောက် ၅ နှစ်ကျော်အကြာတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အသက် ၈၀ အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံအနှံ့ဖြစ်ပွားနေသည့် ပြင်းထန်သော ပြည်တွင်း စစ်များ ကြားတွင် စစ်ကောင်စီ၏ ထိန်းသိမ်းခြင်းကို ခံထားရကာ သူမရှိရာနေရာကိုလည်း ရှင်းလင်းစွာ မသိရဘဲ ဖြစ်နေခဲ့သည်။

နိုင်ငံပိုင် MRTV ၏ သတင်းထုတ်ပြန်ချက်တွင် “ဒေါ်အောင်ဆန်းစုကြည်၏ ကျန်ရှိနေသော ပြစ်ဒဏ်ကာလများကို သတ်မှတ်ထားသော နေအိမ်တစ်ခုတွင် ကျခံစေရန် ပြောင်းလဲ သတ်မှတ် လိုက်သည်” ဟု ဝါရင့်နိုင်ငံရေးသမားကြီးအတွက် ဂုဏ်ထူးဆောင်အမည်ကို အသုံးပြုကာ ဖော်ပြထားသည်။

နိုင်ငံပိုင်မီဒီယာသည် ဒေါ်အောင်ဆန်းစုကြည်က သစ်သားခုံတန်းရှည်တစ်ခုပေါ်တွင် ထိုင်နေပြီး ဘေးတစ်ဖက်တစ်ချက်တွင် ယူနီဖောင်းဝတ် ဝန်ထမ်းနှစ်ဦး ခြံရံထားသည့် ဓာတ်ပုံကိုလည်း ထုတ်လွှင့်ပြသခဲ့သည်။ ယင်းသည် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် လူသိရှင်ကြား ထွက်ပေါ်လာသည့် သူမ၏ပုံရိပ်ဖြစ်သည်။

နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ဤသတင်းအပေါ် ကြိုဆိုခဲ့သည်။

“ကျွန်တော်တို့ သတင်းတွေကို မြင်ပြီးပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားတဲ့ နေအိမ်မှာ နေအိမ်အကျယ်ချုပ်လို့ခေါ်တဲ့ ပုံစံမျိုးနဲ့ ပြစ်ဒဏ်လျှော့ပေါ့ပေးလိုက်တာကို ကျွန်တော်တို့ တန်ဖိုးထားပါတယ်။ ဒါဟာ ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေ ဖြစ်ပေါ်လာဖို့အတွက် အထောက်အကူပြုမယ့် အဓိပ္ပာယ်ရှိတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွက် လက်တွေ့ကျသော တစ်ခုတည်းသော နိုင်ငံရေးအရ ဖြေရှင်းချက်မှာ “အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေးနှင့် အားလုံးပါဝင်နိုင်သည့် ဆွေးနွေးပွဲများအပေါ် အမှန်တကယ် ကတိကဝတ်ပြုမှုအပေါ်တွင်သာ အခြေခံရမည်” ဟု Dujarric က ဆက်လက် ပြောကြားသည်။

သို့သော်လည်း သူမ၏သားဖြစ်သူ ကိုကင်မ်အဲရစ် (Kim Aris) က မြန်မာအာဏာပိုင်များ၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်သည် သူမ၏ အခြေအနေနှင့်ပတ်သက်သော စိုးရိမ်မှုများကို လျော့ပါးစေခြင်းမရှိသလို၊ သူမ အသက်ရှင်နေသေးသည်ဆိုသည်ကိုပင် အတည်မပြုနိုင် သေးကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော့်အမေ ဘယ်မှာလဲဆိုတာ အခုထိ မသိရသေးပါဘူး။ သူမ ဘယ်လိုနေလဲဆိုတာ လည်း မသိရပါဘူး။ သူမ အသက်ရှင်နေသေးရဲ့လားဆိုတာကို ကျွန်တော် အလွန်အမင်း စိုးရိမ်နေဆဲပါ။ အကယ်၍ သူမ အသက်ရှင်နေသေးတယ်ဆိုရင် အသက်ရှင်နေကြောင်း သက်သေပြဖို့ တောင်းဆိုပါတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ကင်မ်အဲရစ်က ရိုက်တာသို့ ပြောကြားရာ၌ ၎င်းအနေဖြင့် မိခင်ဖြစ်သူနှင့် မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်းနှင့် ထိန်းသိမ်းခံ ထားရစဉ်အတွင်း သူမ၏ နှလုံး၊ အရိုးနှင့် သွားဖုံးပြဿနာများအကြောင်းကို တစ်ဆင့် စကားဖြင့်သာ ရံဖန်ရံခါ ကြားသိရကြောင်း ပြောခဲ့ဖူးသည်။

“နေအိမ်အကျယ်ချုပ် ရွှေ့လိုက်တယ်ဆိုတာ အတည်ပြုနိုင်တာ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီကိုတော့ တိုက်ရိုက်အကြောင်းကြားစာ ဘာမှမရသေးပါဘူး။ သတင်း ထုတ်ပြန်ချက်ကနေပဲ သိရတာပါ” ဟု သူမ၏ ရှေ့နေအဖွဲ့ဝင်တစ်ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။

၃၃ နှစ် ထောင်ဒဏ်

ကာလရှည်ကြာ ရုံးထုတ်စစ်ဆေးမှုများအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်သည် အဂတိ လိုက်စားမှု၊ ရွေးကောက်ပွဲ မသမာမှုဖြစ်အောင် လှုံ့ဆော်မှုမှစ၍ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုအထိ စွပ်စွဲချက်များစွာဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရသည်။ သူမ၏ မဟာမိတ်များကမူ ဤစွဲချက်များသည် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိဖြင့် သူမအား ဖယ်ထုတ်ရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုကြသည်။

ထိုပြစ်ဒဏ်ကို နောက်ပိုင်းတွင် ၂၇ နှစ်သို့ လျှော့ပေါ့ခဲ့ပြီး ဧပြီလ ၁၇ ရက် မြန်မာ့နှစ်သစ်ကူး လွတ်ငြိမ်းချမ်းသာခွင့်တွင် သူမနှင့်အတူ တရားစွဲခံရသူ သမ္မတဟောင်း ဦးဝင်းမြင့်ကို လွှတ်ပေးခဲ့ချိန်၌ သူမ၏ ပြစ်ဒဏ်ကို ၆ ပုံ ၁ ပုံ ထပ်မံလျှော့ပေါ့ခဲ့သည်။

ယနေ့ ကြာသပတေးနေ့ အစောပိုင်းတွင်လည်း မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် သူမ၏ ပြစ်ဒဏ်ကို နောက်ထပ် ၆ ပုံ ၁ ပုံ ထပ်မံ လျှော့ပေါ့ ပေးခဲ့ခြင်း ဖြစ်သည်။

ယခင် ဗမာ့လွတ်လပ်ရေးအာရုံဦး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ယခင်စစ်အစိုးရလက်ထက်ကလည်း ရန်ကုန်မြို့ အင်းလျားကန်ဘေးရှိ သူမ၏ နေအိမ်တွင် စုစုပေါင်း ၁၅ နှစ်ကြာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရဖူးသည်။ ထိုစဉ်က သူမသည် ခြံဝင်းသံတံခါးပေါ်မှနေ၍ ထောက်ခံသူလူထုအား စိတ်အားထက်သန်ဖွယ် မိန့်ခွန်းများ ပြောကြားခဲ့ခြင်းကြောင့် ကျော်ကြားခဲ့သည်။

အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချခဲ့သည့် စစ်ကောင်စီဥက္ကဋ္ဌ (ယခု သမ္မတတာဝန်ယူထားသူ) မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ရွေးကောက်ပွဲနောက်ပိုင်းမှစ၍ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် နိုင်ငံတကာ၏ ဖိအားပေးမှုများကို ဆက်တိုက်ရင်ဆိုင် နေရသည်။ ယင်းဖိအားများတွင် ၎င်းအနေဖြင့် ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ခံထားရရာမှ ပြန်လည်ပူးပေါင်းရန် ကြိုးပမ်းနေသည့် အာဆီယံအဖွဲ့လည်း ပါဝင်သည်။

မင်းအောင်လှိုင်သည် ပြီးခဲ့သည့်အပတ်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အား “ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း” နှင့် ၎င်း၏အစိုးရ အနေဖြင့် အသေးစိတ်မဖော်ပြထားသော “ကောင်းမွန်သည့်အရာများ” ကို စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် မြန်မာ့တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည့် ရက်စွဲဖော်ပြထားခြင်းမရှိသော ဤလက်ကမ်းဓာတ်ပုံတွင် ဒေါ်အောင်ဆန်းစုကြည်အား မဖော်ပြထားသောနေရာတစ်ခု၌ စကားပြောနေသည်ကို တွေ့ရသည်။ ဤပုံကို မည်သည့်အချိန်တွင် ရိုက်ကူးခဲ့သည်ဆိုသည်မှာ ရှင်းလင်းစွာ မသိရသေးပေ။ (ဓာတ်ပုံ – လက်ကမ်း/မြန်မာ့တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ /AFP/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 96 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 89 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 69 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို