၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်၊ ခေတ်မျက်လုံး။
ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ ၁၀၂၇ စစ်ဆင်ရေး ၄ ရက်မြောက်နေ့ ဒီကနေ့ အောက်တိုဘာ ၃၀ ရက် မနက်ပိုင်းမှာ သိန္နီရဲစခန်း၊ ထွေအုပ်ရုံးအပါအဝင် စစ်တပ်စခန်းတွေကို ထပ်မံသိမ်းပိုက်လိုက်ပြီး စစ်ကောင်စီအဖွဲ့ဝင် ၃၀ ကျော်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
မုံးကိုးဒေသ၊ ဖောင်းဆိုင်ရှိ စစ်တပ်စခန်း (၄) ခုကို သိမ်းပိုက်ခဲ့သလို သိန္နီမြို့နယ် ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကို သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း သိန္နီ၊ လားရှိုး၊ ကွတ်ခိုင်နဲ့ မုံးကိုးဘက်မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
Source/Photo: The Kokang