၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်၊ ခေတ်မျက်လုံး။
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ကွမ်လုံအထွက်ရှိ သိန္နီတံတားကို ဒီနေ့ အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းက ဖောက်ခွဲဖျက်ဆီးခံလိုက်ရတဲ့အတွက် ကျိုးပျက်သွားခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ညီနောင်မဟာမိတ်အဖွဲ့ တွေ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ရာမှာ ဒီနေ့ မနက်ပိုင်းမှာ သိန္နီတံတား မိုင်းခွဲခံရပြီး ကျိုးကျသွားခဲ့တာဖြစ် တယ်လို့ဆိုပါတယ်။
“ အဲဒီသိန္နီတံတားက လားရှိုးကနေပဲလာလာ၊ ဘယ်ကနေပဲလာလာ အဲဒီတံတားကို ဖြတ်ရတာ။ အဲ့လမ်းအားကိုးနဲ့လုပ်စားနေရတာခုတော့ လုပ်စားဖို့လည်း မလွယ်တော့ပါဘူး။ ဒီတစ်ခါတော့ ပြည်သူတွေ အကုန်ငတ်ပါပြီ” လို့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီတံတား မိုင်းခွဲဖျက်ဆီးခံလိုက်ရတာဟာ ဘယ်အဖွဲ့အစည်းက ပြုလုပ်လိုက်တယ်ဆိုတာတော့ ခေတ်မျက်လုံးအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးအမှတ် (၁၀၂၇) ကို ကြေညာပြီး စစ်ကောင်စီရဲ့အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ အပါအဝင် ကွမ်းလုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့တွေက စစ်ကောင်စီတပ်စခန်းတွေကို အောက်တိုဘာ ၂၇ ရက် မနက် ၄ နာရီ ကစပြီး တစ်ပြိုင်တည်း ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။