ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က စစ်အာဏာရှင် ဆန့် ကျင်ဆန္ဒပြမှုနဲ့ အဖမ်းခံခဲ့ရတဲ့ လူငယ်တွေထဲက ၁၃ ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ – (က) နဲ့ မတ်လ ၂၉ ရက်က ထောင်ဒဏ်သုံးနှစ်စီ ချမှတ်လိုက်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။
သူတို့ကို မနေ့က အင်းစိန်ထောင် အထူးတရားရုံး၊ ကြည့်မြင်တိုင် တရားခွင်မှာ အမိန့်ချလိုက်တာ ဖြစ်တယ်လို့သိရပါတယ်။
ကျန်တဲ့လူငယ်တွေကိုတော့ အသက်မပြည့်သေးတဲ့အတွက် ဖမ်းဆီးခံရပြီးနောက်မှာ ကလေးသူငယ်တရားရုံးမှာ ဆုံးဖြတ်ခဲ့တယ်လို့ ရှေ့နေအသိုင်းဝိုင်းဆီက သိရပါတယ်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က ပန်းပင်ကြီးလမ်းမှာ စစ်ကောင်စီရဲ့ အရပ်ဝတ်များ အိမ်စီးကား သုံးစီး၊ တက္ကစီ နှစ်စီးနဲ့ ဝင်ရောက် ဖြိုခွင်းပြီး ဆန္ဒပြလူငယ်တွေကို ဖမ်းဆီးခဲ့တာပါ။
Photo – ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)